Extended ပြီးရင် Altar chords တွေထပ်လာသေးတယ်။ အလွယ်ဆုံးနည်းကတော့ Tri tone substitution ဆိုတဲ့ flat five (bV) substitution ကို သုံးလိုက်ရင် ok သွားတယ်ဆရာ။
@Guitarcorner74 ဘရားသားရေ အဲ့ဒီ Tri tone (b5) ကိုလေ ဗမာသံတွေမှာသုံးတာများတယ်နော် ဒါပေမဲ့အနောက်တိုင်းမြူးဇစ်တွေမှာကြတော့ Jazz music တွေမှာအများဆုံးသုံးကြပြန်ကော ဒါပေမဲ့ ထွက်လာတဲ့ melody တေးသွားကြတော့ တခြားစီကွဲထွက်သွားတယ်ဗျ။ ကျနော်ညဏ်မီသလောက်လေးဝင်ဆွေးနွေးကြည့်တာပါနော်❤❤❤
ဟုတ်တယ်ခင်ဗျ သူကဘာလို့ Tri tone လို့ခေါ်လဲဆိုရင် Chromatic scale ကိုချရေးလိုက် C C# D D# E F (F#) G G# A A# B C ဆိုပြီးဖြစ်သွားတယ်မလား အဲ့ဒီမှာ အပေါ်က ကွင်းစကွင်းပိတ်နဲ့ရေးထားတဲ့ (F#) က ဟိုဘက်နုတ်ခြောက်လုံးနဲ့ဒီဘက်ကနုတ်ခြောက်လုံးရဲ့အလယ်တည့်တည့်မှာ အတိအကျကြီးရောက်နေပြီလေ.. Circulation theory အရ C(root)ကနေ C(8va) အဆုံးထိပေါ့ အဲ့ဒီမှာ အလယ်တည့်တည့် က နုတ်ကို Tri tone လို့ခေါ်တာ..တနည်းအားဖြင့် Dissonance(နားဝင်ပီယံမရှိသော) အသံပေါ့. Consonant ကတော့ နားဝင်ပီယံရှိသောအသံပေါ့.. အဲ့ဒါ ကျနော် ရှေ့က ဖိုင်တွေထဲမှာ Interval အကြောင်းတွေရှင်းပြထားတာရှိတယ် Tri tone, Dissonance, Consonant အသံတွေဆိုပြီးရှင်းပြထားသေးတယ် ဘရားသား တော်တော်ကြာပြီ ကျနော်ချန်နယ်စထောင်ခါစကရှင်းပြထားတာ