Тёмный

ကမ္ဘောဇသာဒီရွှေနန်းတော် (Kanbawzathadi Golden Palace) in Bago, Myanmar Burma ပဲခူးမြို့၊ ပဲခူးတိုင်း 

Ven-Indaka
Подписаться 473
Просмотров 768
50% 1

ကမ္ဘောဇသာဒီရွှေနန်းတော် (Kanbawzathadi Golden Palace) in Bago, Myanmar (Burma) ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး
********************************************
မြန်မာနိုင်ငံသမိုင်းတွင် မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည့် ပဲခူးမြို့သို့ ဘုရင့်နန်းတော် ဖြစ်ခဲ့သည့် ကမ္ဘောဇသာဒီ ရွှေနန်းတော် အဆောက် အအုံသို့လည်း လည်ပတ်လေ့ရှိ ကြပေသည်။
အထူးသဖြင့် ထိုင်းနိုင်ငံမှ ခရီးသွားများသည် ယင်းတို့ နိုင်ငံသမိုင်းနှင့် ဆက် စပ်ခဲ့သည့် ဘုရင့်နောင်မင်းတရား တည်ဆောက်ခဲ့သည့် ကမ္ဘောဇသာဒီနန်းတော်သို့ အများဆုံးလာ ရောက်လေ့ရှိကြသည်။
ဘုရင့်နောင်မင်းတရားသည် အစိတ်စိတ်အမြွာမြွာကွဲနေခဲ့သည့် မြန်မာနိုင်ငံတော်ကို ဒုတိယ အကြိမ် စည်းရုံးတည် ထောင်ခဲ့ပြီးနောက် ပဲခူးမြို့၌ ဘုရင့်နန်းတော်ကို တည်ဆော က်ခဲ့သည်။
မြန်မာ့သမိုင်းထဲမှ တောင်ငူခေတ် တောင်ငူခေတ်တွင် #မင်းကြီးညို(ခရစ်နှစ် ၁၄၈၅-၁၅၃၁)၊#တပင်ရွှေထီး (၁၅၃၁-၁၅၅၀)၊#ဘုရင့်နောင်(၁၅၅၁-၁၅၈၂) နှင့် #နန္ဒဘုရင် (၁၅၈၂-၁၆၀၀) ဟူသည့် မင်းဆက် လေးဆက်သာရှိခဲ့သည်။
ပုဂံပျက်ပြီးနောက် မြန်မာနိုင်ငံသည် ဝါးအစည်းပြေသကဲ့သို့ ပြိုကွဲကာ ရှမ်း၊ မြန်မာ၊ မွန် နှင့် ရခိုင် ပဒေသရာဇ်နိုင်ငံငယ်များ ပေါ်ပေါက်ခဲ့ပြီး တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ် ခြင်းမရှိဘဲ တိုက်ပွဲ များဆင်နွဲခဲ့ကြသည်။ ပုဂံခေတ်နောက်ပိုင်းတွင် ပေါ်ထွန်းခဲ့သည့် ပင်းတယနှင့်စစ်ကိုင်း ပျက်စီးပြီးနောက် အထက်မြန်မာနိုင်ငံသည် အင်း၀ ကို ဗဟိုပြု၍ ပြန်လည်စည်းရုံးလာသကဲ့သို့ အောက်မြန်မာနိုင်ငံသည် ဟံသာ၀တီကို ဗဟိုပြု၍ အင်အားကောင်းခဲ့သည်။
၁၅၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်တွင် မင်းကြီးညိုသည် ကေတုမတီမြို့ကိုတ ည်ခဲ့ပြီး၁၅၁၅ ခုနှစ်ဧပြီလ ၂၈ ရက် တွင် မိဖုရား ငနွယ်ကုန်စား စမီးရာဇဒေဝီက သား တော် တပင်ရွှေထီးကို ဖွားမြင်ခဲ့သည်။ တပင်ရွှေထီးသည် ၁၅၃၀ ပြည့်နှစ် နို၀င်ဘာ လ ၂၅ ရက်မှ ၁၅၅၀ ပြည့်နှစ်မေလ ၁ ရက်နေ့အထိ နန်းစံခဲ့ပြီးနောက် ဘုရင့်နောင်သည် တောင်ငူဘုရင်ဖြစ်လာခဲ့ပြီးနောက် ပဲခူးမြို့၌ ကမ္ဘောဇသာဒီ နန်းတော်ကို ဆောက်လုပ်ခဲ့ ပြီး ၁၅၆၇ ခုနှစ် မတ်လ ၁၃ ရက်တွင် ခေမာဒွါရ တံခါးမှ၀င်၍ နန်းတက်ခဲ့သည်။
ဘုရင့်နောင်မင်းတရားသည် ၁၅၈၂ ခုနှစ်အောက်တိုဘာ လ ၃၀ ရက်တွင်နတ်ရွာစံ ခဲ့ပြီး နောက် သားတော်နန္ဒမင်းသားက ထီးနန်းကို ဆက်ခံခဲ့သည်။နန္ဒဘုရင်သည်၁၆၀၀ ပြည့်နှစ် နို၀င်ဘာလ ၂၀ ရက်တွင် နတ်ရှင်နောင်လုပ်ကြံသဖြင့် အနိစ္စရောက်ခဲ့ကာ တောင်ငူခေတ် အဆုံးသတ်ခဲ့သည်။
လက်ရှိ ပဲခူးမြို့နယ်ကို မြို့သုံးမြို့(ပဲခူး၊ ဘုရားကြီး၊အင်းတကော်)၊ ရပ်ကွက် ၄၀ ၊ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာ ၂၁၁ ရွာဖြင့် ဖွဲ့စည်းထားသည်။ (မြန်မာ့သမိုင်း တွင် အလွန်ထင်ရှားခဲ့သည့် ပဲခူးမြို့နယ်တွင်) ဘုရားစေတီ ၇၈ ဆူ အပါအ၀င် သမိုင်း၀င် သာသနိကအဆောက်အအုံများသည် ယနေ့ တိုင်တည်ရှိနေကြသည်။ ယင်းတို့အနက် ရွှေမော်ဓော၊ကျိုက်ပွန်၊ ရွှေသာလျောင်း၊ စိန်သာလျောင်း၊ မြသာလျောင်း၊ မဟာစေတီ၊ ကိုးသိန်းကိုးသန်း၊ ဒေးစွန်ပါ စသည့် ဘုရားစေတီများသည် အလွန်ထင်ရှားကြသည်။ ထို့အတူ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင်တည်ရှိသည့် (ကမ္ဘောဇသာဒီ နန်းတော်သည် ပဲခူးမြို့၏ ထင်ရှားသော သမိုင်း၀င် အဆောက်အအုံတစ်ခုဖြစ်ပေသည်။
(ပဲခူးကို ရှေးအခါက ပဲကူး၊ ဥဿာ၊ ဟံသာ၀တီဟု ခေါ်ဆိုခဲ့ကြသည်။) ပဲခူးမြို့တည် နေရာသည် ဟင်္သာ၊၀မ်းဘဲများ ကူးသန်း သည့် နေရာဖြစ်သဖြင့် ၀မ်းဘဲကူးခေါ်ဆိုခဲ့ကြပြီး ကာလရွေ့လျောလာချိန်တွင် ၀မ်းပဲကူး၊ ပဲကူး၊ ပဲခူးဟု ပြောင်းလဲခဲ့သည်။ ပုဂံ ခေတ် နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံ၊ သြရိသပြည်နယ်မှ ကုန်သည်များသည် ပဲခူးသို့ လာရောက်ကုန်သွယ်ခဲ့ကြရာ ပဲခူးနယ်သည် သြရိသ ပြည်နယ်နှင့် တူသည်ဟုဆိုကာ သြရိသဟု ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ဥဿာဟု ပြောင်းလဲခဲ့သည်။
ပဲခူးမြို့နေရာသည် တစ်ချိန်က ရေများဖုံးလွှမ်းနေသည့် ရေပြင်ကျယ်ဖြစ်ခဲ့ပြီး ဟင်္သာ ဖိုမ နှစ်ကောင်သည် ရေပြင်ကို ဖြတ်၍ ပျံသန်းခဲ့စဉ် ကုန်းမြေကွက်ငယ်တစ်ခုတွင် နားခဲ့ကြသည်။ ယင်းကုန်းမြေငယ်သည် ယခု ဟင်္သာကုန်းနေရာဟု အဆိုရှိကာ ယင်း နေရာတွင် ပဲခူးမြို့ကို တည်ခဲ့သဖြင့် ဟင်္သာကျွန်း၊ ဟံသာကုန်းမှ ဟံသာ၀တီဖြစ် လာခဲ့သည်။
(ဟံသာ၀တီခေတ် မော်ကွန်းတင်စာတမ်းများအရ ဟံသာ၀တီခေတ် သုံးခေတ်တွင် သမလနှင့် ဝိမလညီနောင် မှ တိဿမင်း အုပ်စိုးခဲ့ချိန် အထိ ၃၁၂ နှစ်ကို ပထမဟံသာ၀တီခေတ်၊ ဗညားဦးမှ သုရှင်တကာရွတ်ပိ အုပ်စိုးခဲ့ချိန်အထိ ၁၈၆ နှစ်ကို ဒုတိယ ဟံသာ၀တီခေတ်၊ တပင်ရွှေထီးမှ နန္ဒဘုရင် အုပ်စိုးခဲ့ချိန်အထိ ၅၈ နှစ်ကို တတိယဟံသာ၀တီခေတ်ဟု ပိုင်းခြားခဲ့သည်။)
#ကမ္ဘောဇသာဒီ
ကေတုမတီ(တောင်ငူ)တွင် နန်းစံခဲ့သည့် တပင်ရွှေထီးသည် ၁၅၃၉ ခုနှစ်တွင် ဥဿာပဲခူးကို အနိုင်ယူခဲ့ပြီးနောက် မင်းနေ ပြည်တော်ကို တောင်ငူမှ ပဲခူးသို့ပြောင်းရွှေ့ခဲ့သည်။ ၁၅၅၁ ခုနှစ်တွင် ဘုရင့်နောင်သည် ဥဿာထီးနန်းကို ဆက်ခံခဲ့ကာ ကမ္ဘောဇသာဒီ နန်းတော်အနီးတွင် မြို့သစ်တည်၍ နန်းတော်ကို စီရင်ဆောက်လုပ်ရန် မွန်အမတ် ဗညားဒလကို တာ၀န်ပေးခဲ့သည်။
ဘုရင့်နောင်မင်းတရားသည် အရှေ့အနောက် ၄၇၂ တာ၊ တောင်မြောက် ၅၂၈ တာ (မြို့၀န်း တာ ၂၀၀၀)ရှိသည့် မြို့သစ် ကိုတည်၍ မြို့ရိုးတစ်မျက်နှာ၌ တံခါးပေါက် ငါးပေါက်စီ ပြုလုပ်၍ မြို့တံခါး ၂၀ ကို မြို့အမည်များပေးခဲ့သည်။ အရှေ့ ဘက်မြို့ရိုးတွင် ပြည်၊ အ၀၊တောင်ငူ၊လင်းဇင်းနှင့်ဒလတံခါး၊အနောက်ဘက်မြို့ရိုးတွင်ကလေး၊မိုးနဲ၊ညောင်ရွှေ၊ သာယာ၀တီနှင့် သိန္နီတံခါး၊ တောင် ပုခန်းနှင့် ပုသိမ်တံခါးတို့ရှိခဲ့သည်။
မြန်မာ့သမိုင်းတွင် ထင်ရှားစွာတည်ရှိခဲ့သည့် ကမ္ဘောဇသာဒီနန်းတော်သည် မီးလောင် ပျက်စီးခဲ့သည့်တိုင် မူလပုံစံနှင့် အနီး စပ်ဆုံးပြန်လည်တည်ဆောက်ထားသည့် လက်ရှိနန်း တော်ကြီးသည်ပင် ပြည်တွင်းပြည်ပခရီးသွားများ ပဲခူးမြို့သို့ သွားရောက် လေ့လာကြ ရသည့် သမိုင်း၀င် အဆောက်အအုံတစ်ခုအဖြစ် ထင်ရှားစွာ တည်ရှိနေပေသည်။
...........
ကိုးကား
မဟာရာဇ၀င်သစ်(တောင်ငူဆက်)(တွင်းသင်းတိုက်၀န် မဟာစည်သူ ဦးထွန်းညို) မြန်မာ့ထီးမူနန်းရာ(သန်းထွန်း) ဘုရင့်နောင်မင်းတရားကြီးနှင့် ကမ္ဘောဇသာဒီ လက်ရာမွန် (ယဉ်ယဉ်မွန် ၊ရှေးဟောင်းသုတေသန)
#ကမ္ဘောဇသာဒီရွှေနန်းတော်
#พระราชวังกัมบอซาธาดี
#Kanbawzathadi Golden Palace
#Bago City
#Myanmar
#Burma
#ပဲခူးမြို့
#ပဲခူးတိုင်း ဒေသကြီး

Опубликовано:

 

15 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
ပဲခူးက မနီ
3:43
Просмотров 12 тыс.
Hlaing Win is live140924 M show
43:52
Просмотров 16 тыс.