Тёмный
No video :(

ကလေးဖျားရင် အာဟာရပြည့်အောင် ဘယ်လိုကျွေးရမလဲ 

Healthy Life Journal
Подписаться 48 тыс.
Просмотров 2,2 тыс.
50% 1

ဒီဗီဒီယိုလေးမှာ သားသားမီးမီးလေးတွေရဲ့ မိဘတွေ သိချင်နေကြတဲ့-
ကလေးဖျားရင် ဘာတွေ ကျွေးလို့ရပါသလဲ။ ဘာတွေကိုတော့ ခေတ္တရှောင်ထားပေးဖို့ လိုပါသလဲ။
ကလေးက ဖျားပြီး အစာမစားချင်တဲ့အခါ စားချင်စိတ် ဖြစ်လာအောင် ဘယ်လို လုပ်ပေးသင့်သလဲ
ကလေးတွေ ကိုယ်ပူပြီး ဖျားလာရင် ဆရာဝန်နဲ့ သွားမပြခင်စပ်ကြား ဘာဆေးတွေကို ကြိုတိုက်ထားလို့ ရပါသလဲ
ပါရာစီတမောဆေးရည် တိုက်တဲ့အခါ ဘယ်လိုအချက်တွေကို သတိပြုသင့်ပါသလဲ
ကလေးဖျားရင် မြန်မြန်ကျန်းမာလာစေဖို့ မိဘအုပ်ထိန်းသူတွေက ဘယ်လို ပြုစုပေးသင့်ပါသလဲဆိုတဲ့ မေးခွန်းလေးတွေကို အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြည့်ပြည့်စုံစုံ ဖြေကြားပေးထားပါတယ်။
#healthylifejournal #myanmarknowledge #parashinelixir #healthtips #healthtalk #knowledge

Опубликовано:

 

28 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 17   
@y72mk73
@y72mk73 Месяц назад
ဆရာမ ခလေး အီအီ မပါတာ ၅ရက်ရှိ့ပြီ ဘာများဖြစ်တတ်လဲ ခလေ အသက်က နှစ်လ ပြည့်တော့မယ်
@HealthyLifeJournal
@HealthyLifeJournal Месяц назад
ကလေးက ဝမ်းမသွားတာနဲ့အတူ ဗိုက်အောင့်နေရင်၊ မအီမသာဖြစ်နေရင် ဆရာဝန်နဲ့ ပြပါ။ မိခင်နို့တမျိုးတည်း တိုက်နေတာဆိုရင်တော့ မိခင်နို့ကို ပြည့်ပြည့်ဝ၀ တိုက်ပေးပါနော်
@HninHninWai-se9sc
@HninHninWai-se9sc 2 дня назад
ဓာတ်ဆားကBPIဓာတ်ဆားတိုက်တာရလားဟင် ဆရာမ🙏ဒိန်ချဥ်က အရမ်းအေးနေရင်ရလားဟင်ဆရာမဖြေပေးပါနော် သမီးလေး ဘာမှကျွေးမရလို့ပါနော်🙏🙏🙏🙏🙏
@HealthyLifeJournal
@HealthyLifeJournal 2 дня назад
ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဓာတ်ဆားလေးတွေရှိပါတယ်။ အဲဒါ တိုက်ပါ။ ဖျားနေရင် ဒိန်ချဉ်မအေးတာ ကျွေးပါ
@HninHninWai-se9sc
@HninHninWai-se9sc 2 дня назад
@@HealthyLifeJournal ဟုတ်ကဲ့🙏ကျေးဇူးတယ်ပါတယ်ရှင် ဆရာမ🙏🙏🙏🙏🙏🙏🙏🙏
@user-cy8zr9ho9e
@user-cy8zr9ho9e 20 дней назад
မဂ်လာပါရှင့်ဆရာမီးမီးလေးက7နှစ်ပြည့်ဖို့4လလိုသေးတယ်ရှင်ပေါင်ချိုင်က35ပေါင်ပဲရှိလို့ရှင့်ဘာလိုအပ်လည်းသိချင်ပါတယ်ရင့်
@user-mk5mg5dx7c
@user-mk5mg5dx7c 2 месяца назад
မဂလာပါ ဒေါက်တာ သမီးလေး ၃နှစ်ကျော်နေပိ အစာစစားကထဲက အစာကျွေးတာ အရမ်းခက်နေလို့ပါ ဘာအားဆေးပဲတိုက်တိုက်အခုထိ ဘာမှမထူးခြားလာဘူး အစားစာ စားချင်အောင်ဘယ်လိုလုပ်ရမလဲရှင့်
@HealthyLifeJournal
@HealthyLifeJournal 2 месяца назад
သူစားချင်တာလေးတွေကို အမျိုးမျိုး ပြင်ဆင်ပြီး ကျွေးပေးနော်
@htetnaing-vl5ij
@htetnaing-vl5ij 2 месяца назад
၉ရက်သားလေး အအေးပတ်ပြီးဖျားနေသလို့ဖြစ်နေလို့ဘားဆေးလေးများတ်ုက်လို့ရမလဲ ဆရာမ ကိုယ်လက်တွေကိုက်နေလားမသိပါဘူး ဆရာမ ရယ်
@HealthyLifeJournal
@HealthyLifeJournal 2 месяца назад
ကလေးအထူးကုဆရာဝန်နဲ့ ပြနော်
@user-cy8zr9ho9e
@user-cy8zr9ho9e 20 дней назад
ခနခနလည်းဖျားတယ်ရှင့်အစားအသောက်ကလည်းပုံမှန်ကျွေးပါတယ်ရှင့်အားဆေးလည်းပုံမှန်တိုက်ပါတယ်ရှင့်
@Haymar-h7b
@Haymar-h7b 16 дней назад
ကေလးကဖျားရင်တက်တက်လို့ပါဘာေဆးများေဆာင်ထားမလဲဆရာမကေလးက၁နှစ်နဲ့ကိုးလရှိပါြပီ
@user-cy8zr9ho9e
@user-cy8zr9ho9e 20 дней назад
မဂ်လာပါရှင့်ဒေါက်တာရှင့်ဘယ်ဆေးရုံးမှာထိုင်ပါသလည်းရှင့်
@NawMalarmoe
@NawMalarmoe 2 месяца назад
မင်္ဂလာပါဒေါက်တာသမီးကလေးလေးကခနခနဖျားပြီးအစားကောင်းမစားဘူးပိန်လည်းပိန်လာတယ်၀ိတ်လည်းကျတယ်ဘယ်လိုလုပ်ရမလည်းဆိုတာအကြံပြုပေးပါဒေါက်တာ
@HealthyLifeJournal
@HealthyLifeJournal 2 месяца назад
သမီးလေး အသက်က ဘယ်လောက်လဲ
@stevenlian3742
@stevenlian3742 2 месяца назад
မဂ်လာပါ ဒေါက်တာသားလေးတစ်နှစ်လေးပါဖျားပြီးနို့မသောက်တာ၂နေ့ဖြစ်ပြီး အတင်တိုက်လေးမရဘူးငိုနေတယ် ဖြစ်တတ်လား ဘယ်လိုလုပ်မလဲ😢
@HealthyLifeJournal
@HealthyLifeJournal 2 месяца назад
@@stevenlian3742 ဖျားတာ သက်သာအောင် ဆေးသေချာကုပေးနော်၊ အဖျားကျသွားရင် နို့ပြန်စို့လာမှာပါ
Далее
WELCOME TO THE FAMILY, MOE! (Brawl Stars Animation)
00:40
나랑 아빠가 아이스크림 먹을 때
00:15
Просмотров 5 млн