Тёмный

ကာလာမသုတ် အနှစ်ချုပ် 

Lamin Thortar
Подписаться 18 тыс.
Просмотров 410
50% 1

အခါတစ်ပါး မြတ်စွာဘုရားနှင့် နောက်ပါ သံဃာတို့သည် ဒေသစာရီ ကြွချီတော်မူရာ ကောသလတိုင်း ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။ ဗုဒ္ဓဘုရားရှင် ကြွရောက်တော်မူသည်ကို သိကြကုန်သော ကေသမုတ္တ နိဂုံးသား ကာလာမအမျိုးကောင်းသားတို့သည် ဘုရားရှင်အား လာရောက် ဖူးမျှော်ကြကုန်၏။ သင့်တင့်လျောက်ပတ်ရာ ထိုင်ကြပြီးလျှင် ရှိခိုးဦးချကြ၍ ဘုရားရှင်အား ဤသို့ မေးလျှောက်ကြကုန်၏။
“အရှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။ ထို သမဏဗြာဟ္မဏတို့သည် မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေပါ ကုန်၏။ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါ ကုန်၏၊ အသျှင်ဘုရား တခြားသော သမဏဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံးသို့ ရောက် လာပါကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေကုန်ပါ၏၊ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ အရှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါ သနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်းဟု အကျွန်ုပ်တို့အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏။”
ထိုအခါ ဘုရားရှင်က -“ ကာလာမတို့ သင်တို့အား ယုံမှားခြင်းငှာ သင့်ပေ၏၊ တွေးတောခြင်းငှာ သင့်ပေ၏၊ သင်တို့အား ယုံမှားခြင်းငှာသင့်သော အရာ၌ ယုံမှားခြင်း ဖြစ်၏။ ....” ဟု အစချီ၍ ဤကာလာမသုတ်ကို ဟောကြားတော်မူ၏။ ကေသမုတ္တနိဂုံး၌ ဟောကြားတော်မူသောကြောင့် ကေသမုတ္တိသုတ် ဟူ၍လည်း အမည်တွင်၏။

Опубликовано:

 

6 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
@TecnoMobile-b3h
@TecnoMobile-b3h 26 дней назад
🙏🙏🙏
@ชัดชัด-จ2ธ
@ชัดชัด-จ2ธ 6 дней назад
🙏🙏🙏
Далее
POLI и Маша - Сигма бой
00:20
Просмотров 295 тыс.
would you eat this? #shorts
00:13
Просмотров 2 млн
ဓမ္မစကြာတရားတော်
55:01
POLI и Маша - Сигма бой
00:20
Просмотров 295 тыс.