#ကားတိုင်လမ်းဖြင့် အိမ်သို့ရောက်ကျူး Karaoke
#The Way of the Cross Leads Home
#Myanmar Hymn Song
၁။ ကားတိုင်လမ်းဖြင့်သာ အိမ်သို့ ပြန်ရောက်နိုင်သည်၊
သည့်ပြင် အခြားလမ်းမရှိ၊
ရွှေမြို့တော်တံခါး ရှုမြင်စိမ့်သောငှါ၊
ကားတိုင်လမ်းအားဖြင့်သာ လျှောက်သွား။
ထပ်ဆို၊
ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်၊
ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်။
ကားတိုင်လမ်းအကြောင်း၊ သိဖို့ရန် လွန်ကောင်း၊
ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်။
၂။ ကယ်တင်ရှင် လျှောက်ရာ ထိုလမ်းမှာ သွေးစက်ရှိ၊
ထိုလမ်းကိုပင် လျှောက်ရမည်။
ထက်ကောင်းကင်ဘုံမှာ ဝိညာဉ်စံဖို့ရာ၊
ထိုလမ်းကို မလွဲပဲ လျှောက်ပါ။
၃။ အိမ်ပြန်ရန် ကျွန်ုပ်သခင်သည် ခေါ်သောအခါ၊
လောကီလမ်းကို စွန့်ထွက်လာ။
ထို့ကြောင့် ထိုလမ်းမှာ ခုမလျှောက်လိုပါ၊
ကိုယ်တော်သည် အိမ်ဝမှာ စောင့်ရှာ။
2 окт 2024