Тёмный

ကိုရီးယားမှာ EPS စနစ်ဖြင့် အလုပ်သွားလုပ်ရင် အပြီးအစီး ဘယ်လောက်ကုန်ကျမလဲ?  

CK KR Sharing Vlog
Подписаться 15 тыс.
Просмотров 15 тыс.
50% 1

မင်္ဂလာပါခင်ဗျာ။
ဒီနေ့တော့ လူအမေးများဆုံး မေးခွန်းဖြစ်တဲ့
EPS စနစ်နဲ့အလုပ်သွားလုပ်ရင် အားလုံးအပြီးအစီး
ဘယ်လောက်ကုန်ကျနိုင်သလဲဆိုတာကို လက်ရှိ ဒေါ်လာပေါက်ဈေးအတိုင်း ရန်ကုန်က ညီအစ်ကိုတွေနဲ့ နယ်က ညီအစ်ကိုတွေအတွက်ပါ
၂ မျိုးလုံးကို အသေးစိတ် တွက်ချက် မျှဝေပေးသွားမှာပါ။
အချက်အလက်တွေကို ကြိုးစားစု‌ဆောင်းပြီး ကုန်ကျစရိတ်‌များကို အသေးစိတ် ‌တွက်ချက်‌ပြထားပါတယ်။ မှတ်ချက်အနေနဲ့
ဒီကုန်ကျစရိတ်‌တွေဟာ‌ ဈေးကွက်ထဲက ဒေါ်လာပေါက်ဈေးပေါ်
မူတည်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
ကာလအခြေအနေအရ တခြား ထပ်တိုးကုန်ကျစရိတ်‌တွေ
ရှိကောင်းရှိနိုင်ပါတယ်။ တခြားသိချင်တာတွေ ရှိရင်လည်း comment မှာ လာမေးလို့ရပါတယ်ခင်ဗျာ။
မိတ်ဆွေအားလုံး အလုပ်အကိုင် အဆင်ပြေကြပါစေ။
#epskorea #poea#epsexam2023 #epsကုန်ကျစရိတ်
#ကိုရီးယားကုန်ကျစရိတ် #ကိုရီးယားသင်တန်းကြေး #ပတ်စပို့ကြေး #အဆောင်ကြေး #လေယာဉ်လက်မှတ် #ဗီဇာကြေး #ဝတ်စုံကြေး #အာမခံစဘော်ငွေ

Опубликовано:

 

10 июн 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 47   
@KYAWYELIN-wb3bd
@KYAWYELIN-wb3bd Месяц назад
အကိုရေ တက်တူးရှိရင် သွားလို့ရလားဗျ
@Panzawoo112
@Panzawoo112 4 месяца назад
Color ပိုင်းကအဆင်ပြေပေမဲ့ ဖုန်းကြည့်များတော့ မျက်စီးနည်းနည်းမှုန်တယ် အဆင်ပြေလားဗျ
@HackEr-rn2vd
@HackEr-rn2vd 8 месяцев назад
အကို ကျွန်တော် ရာသီလုပ်သားနှင့်သွားချင်းတယ်
အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေတာမို့ အတည်ပြုချက် ထွက်လာရင် ပြောပြပေးပါမယ် ညီ
@Nayminthu-bu2xh
@Nayminthu-bu2xh 4 дня назад
အကို ကျနော်တခုမှမသိသေးလို့ပါ Eps ဆိုတာက ဘာကိုပြောတာလဲဗျ😢
@saryarlay-br6ci
@saryarlay-br6ci 4 месяца назад
ချေးငွေတင်လို့ရတာcompany လေးသိချင်ပါတယ် ကူညီပေးပါနော
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 4 месяца назад
အလုပ်ခေါ်စာကျပြီး သွားရတာ သေချာပြီဆိုမှ ထုတ်ချေးပေးကြပါတယ်။ KB Microfinance
@zuuzuulay1702
@zuuzuulay1702 4 месяца назад
မိန်းခလေးတွေ ကဘာလုပ်ရမလဲဆရာ
@kaungmyat3276
@kaungmyat3276 4 месяца назад
မင်္ဂလာပါအကိုရေ ကိုရီးသွားချင်တာ ကျနော့ရဲ့ဘယ်ဘက်လက်သန်းကြွယ်ထိပ်ဖျားက လက်တဆစ်ပျင်နေတယ် စက်ညှပ်ထားတာ သွားလို့ရနိုင်လားခင်ဗျ
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 4 месяца назад
မရနိုင်လောက်ဘူးဗျ။skill test မှာ ကျနိုင်ပါတယ်။ ကျနော့်ထက် ပိုသိတဲ့ ဝါရင့်ဆရာတွေဆီလည်း တစ်ချက်မေးကြည့်ပါဗျ။
@JaoMantar
@JaoMantar 3 месяца назад
အကြွေးစနစ်နဲ့သွားရင်ဘာတွေလုပ်ဆောင်ရမည် အတေးစိတ် ပြောပြရှင်ပြလို့ရပါသလားဆရာ
@gijogio7937
@gijogio7937 4 месяца назад
တစ်ခုလောက်မေးချင်လို့ပါအစ်ကို ခြေထောက်ကျိုးထားလို့ steel ရိုးထည့်ထားရင်ကော သွားလို့ရလားရှင့်
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 4 месяца назад
တပ်အပ်မပြောနိုင်ပါဘူးဗျ။ ခြေထောက်အနေအထားပေါ် မူတည်ပေမဲ့ သွားရနိုင်ချေ ရာခိုင်နှုန်းနည်းပါတယ်။ သေချာအောင် သူတို့ အသိအမှတ်ပြုထားတဲ့ ကြယ်ကိုးပွင့်ဆေးခန်းကို ဖုန်းဆက်မေးတာဖြစါဖြစ်၊ poea ရုံးကို မေးကြည့်တာ ဖြစ်ဖြစ်လုပ်ပါ။ သို့မဟုတ် ကျနော့်ထက် ပိုသိတဲ့ ဆရာတွေဆီမှာ မေးကြည့်ပါဗျ။
@gijogio7937
@gijogio7937 4 месяца назад
@@ckkrsharingkoreamyanmar ဟုတ်အစ်ကို ဖြေပေးလို့ကျေးဇူးတင်ပါတယ်ရှင့်❤️
@OhnmarKhin-ei9et
@OhnmarKhin-ei9et 25 дней назад
Hi
@user-xz5xu6yp2w
@user-xz5xu6yp2w 10 месяцев назад
အကိုရေ စာမေးပွဲအောင်ပီးရင် ငွေချေးပေးတဲ့ ကုမ္မဏီတွေရှိတာ ဟုတ်လားဗျ
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 10 месяцев назад
ဟုတ်တယ်ညီ။ စာမေးပွဲအောင်ပြီး၊ အလုပ်ခေါ်စာကျလို့ ကိုရီးယားကို သွားရဖို့ သေချာပြီဆိုရင် သွားဖို့ လိုအပ်တဲ့ ပိုက်ဆံ ချေးပေးတယ်။ လေယာဉ်လက်မှတ်ဖိုး ကအစပေါ့။ တစ်ချို့ သင်တန်းတွေက တစ်ခါတည်း ဘဏ်နဲ့ ချိတ်ပေးတယ် ညီ။
@user-wf9pk2ih9p
@user-wf9pk2ih9p 11 месяцев назад
အခြားဘယ်စနစ်နဲ့သွားလို့ရသေးလဲဗျ
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 11 месяцев назад
ကျောင်းတက်တဲ့ ဗီဇာ D-2 ဝရိန်ကျွမ်းကျင် သင်္ဘောကျင်း E-7-3 Eps - E9 စတဲ့ စနစ်တွေ နဲ့ သွားလို့ရပါတယ်။
@KoKo-r6f
@KoKo-r6f 15 дней назад
သင်တန်းကဘယ်မှာတတ်ရမလဲဗျသင်တန်းကြေးကဘယ်လောက်လဲဗျ နောက်ပီးနောက်နှစ်မှာကော စာမေးပွဲ ကရှိသေးလားဗျ အခုကော အလုပ်ခေါ်စာနဲ့ ဒီနိုင်ငံကထွက်လို့ရသေးလားဗျ ပြန်ဖြေပေးပါအုံးအကို😊🙏
@komyo-9253
@komyo-9253 8 месяцев назад
2023အတွက်ကဘယ်လောက်ကုန်ကျမလဲအကို
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 8 месяцев назад
၆၀ နဲ့ ၇၀ ကြား ကုန်နိုင်တယ်ညီ
@koaungelectronic3665
@koaungelectronic3665 7 месяцев назад
17နှစ်မှာသင်တန်းတက်မှာမို့ အဲနှစ်မှာဆေးစစ်ရမှာလား 18နှစ်မှစစ်ရမှာလားခင်ဗျား
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 7 месяцев назад
17 နှစ်ထဲ သင်တန်းတက်မယ်ဆို သင်တန်း မတက်ခင် ဆေးစစ်ကြည့်သင့်ပါတယ်။ ဘီပိုးကာကွယ်ဆေးလည်း ထိုးသင့်ပါတယ်။
@Tayza232channel
@Tayza232channel Год назад
2023အတွက်ကုန်ကျစရိတ်ဘယ်လောက်ပါလည်း
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar Год назад
2023 ကုန်ကျစရိတ်ကို ဒေါ်လာဈေး ၂၉၅၀ နဲ့ တွက်‌ပေးထားတာပါ။ ကျနော်ပြောထားတာက လက်ရှိကုန်ကျစရိတ်ပါ
@KhinMya-ri5xc
@KhinMya-ri5xc Год назад
အသက်40ဆိုရင်ရောအလုပ်လုပ်လို့ရပါသလား
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar Год назад
@@KhinMya-ri5xc အသက် ၄၀ ဆို မရပါဘူးဗျ
@PlPlk-ri3gu
@PlPlk-ri3gu Год назад
မလေးရှာ နေလာလို့ရလား အကို
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar Год назад
@@PlPlk-ri3gu မလေးရှားကနေဆို မြန်မာပြည်ပြန်ပြီးမှ သွားလို့ရမယ် ညီ။ စာမေးပွဲဝင်ဖြေပြီး စာမေးပွဲအောင်ဖို့လိုတယ်ညီ
@sumonsan1357
@sumonsan1357 4 месяца назад
ကိုးရီးယား eps စနစ်က ဘယ်အချိန်သင်တန်းစတက်ရမလဲဆရာဘယ်လပိုင်းကနေတက်ရမလဲမသိလို့ပါကျေးဇူးပြုပြီးဖြေးပေးပါဆရာကျနော်တို့ကနယ်ကပါ
@user-gp8lp7nc1p
@user-gp8lp7nc1p 10 месяцев назад
အကိုခင်ဗျ ကိုရီးယားအလုပ်သွားလုပ်မယ်ဆို လုပ်ဆောင်ရမဲ့လုပ်ငန်းအဆင့်ဆင့်ကိုပြောပြပေးပါလားဗျ
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 10 месяцев назад
EPS စနစ် အကျဉ်းချုံး ရှင်းပြချက်/ ပြင်ဆင်ထားသင့်သည့် အချက်များ EPS စနစ်ကို မြန်မာပြည်အနေနဲ့ MOU ကို 2007 ခုနှစ်မှာ စတင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကိုရီးယား အစိုးရနဲ့ မြန်မာအစိုးရကြား နှစ်နိုင်ငံသဘောတူပြီး စတင်ခဲ့တဲ့စနစ်ပါ။ ဒါကြောင့် ဒီစနစ်က အရမ်းခိုင်မာပါတယ်။ ဒီစနစ်ဟာ ကိုရီးယားရဲ့ အသေးစား အလတ်စား ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လုပ်သားလိုအပ်ချက်ကို နိုင်ငံခြားသားအလုပ်သမားတွေ ခေါ်ယူခန့်အပ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် လုပ်ငန်းစဉ်နဲ့ သတ်မှတ်ချက်တွေဟာ ၁. အသက် ၁၈ မှ ၃၉ အတွင်း ဖြစ်ရပါမယ်။ ၂. ကျန်းမာရေး ဆေးစစ်ချက် အောင်မြင်ရပါမယ်။ ၃. ကိုရီးယား အခြေခံ အရေးအဖတ် တတ်ရပါမယ် ၄. ကိုရီးယားစာ ကို စစ်ဆေးတဲ့ စာမေးပွဲ ဝင်ဖြေရပါမယ် ၅. စာမေးပွဲ အောင်ရပါမယ် ၆. စာမေးပွဲမှာ စာတွေ့ လက်တွေ့ စစ်ဆေးပါတယ် (နှစိခုလုံးအောင်ဖို့လိုပါတယ်) ၇. စာမေးပွဲအောင်ပြီးသွားရင် အလုပ်ခေါ်စာ ထိုင်စောင့်ရပါတယ်။ ၈. အလုပ်ခေါ်စာ ကျလာရင် CCVI VISA စောင့်ပြီး အလုပ် သမား စာချုပ် ချုပ်ဆိုရပါတယ်။ ၉. အားလုံးပြီးပြည့်စုံရင် လေယာဉ်ကြေး၊ဗီဇာကြေး၊ဝတ်စုံကြေး တွေ အလုပ်သမားရုံးမှာသွင်းရပါတယ်။ ၁၀. လေယာဉ်ထွက်မဲ့ရက် သိရရင် မြန်မာ့စီးပွားရေး ဘဏ်မှာ အာမခံကြေး စဘော်ငွေ ၁၅ သိန်းသွင်းပြီး ထွက်လို့ရပါပြီ။ အကျဉ်းချုံးရင် အဲ့လုပ်ငန်းစဉ်အတိုင်း သွားပါတယ်။ လုပ်ငန်းစဉ်တွေက များပေမဲ့ တကယ် ကောင်းမွန်တဲ့ စနစ်ပါ။ EPS လမ်းကြောင်းကို သွားမယ်ဆိုရင် အရင်ဆုံး သိထားရမှာက စိတ်ရှည်ဖို့ လိုပါတယ်။ အချိန်ပေးရပါတယ်။ အနည်းဆုံး 1 နှစိမှ အများဆုံး 3 နှစ်‌ လောက်ထိသွားနိုင်ပါတယ်။ သင်တန်းတက်ပြီး စာ‌မေးပွဲ‌ဖြေဖို့က အချိန် 1 နှစ်လောက် ပေးရပါတယ်။ သင်တန်းတွေက ပုံမှန်အားဖြင့် EPS သင်ရိုးကို 4 လမှ 6 လအတွင်း အပြတ်သင်ကြားပေးတတ်ကြပါတယ်။ အဓိကက စာမေးပွဲ ကျင်းပတဲ့ အချိန်ဇယားပါ။ အရင်က နှစ်စဉ် စာမေးပွဲကျင်းပပေးခဲ့ပေမဲ့ 2020 Covid ကြောင့် 1 နှစ်၊ 2021 နိုင်ငံရေးကြောင့် 1 နှစ် ၊ စုစုပေါင်း 2 နှစ်အတောအတွင်း မကျင်းပနိုင်ခဲ့ဘဲ ကြန့်ကြာခဲ့ပါတယ်။ အဲ့အချိန်က အောင်ထားပြီးသားလူတွေထဲမှာ တစ်ချို့ ခုချိန်ထိ မသွားရသေးတဲ့လူတွေ ရှိပါတယ်။ 2022 ရောက်တော့ 7 လပိုင်းကနေ 2023 အစောပိုင်း လတွေအထိ စာမေးပွဲ ပြန်လည် ကျင်းပပေးခဲ့ပါတယ်။ စာမေးပွဲအောင်ပြီးသွားရင် အလုပ်ခေါ်စာ ထိုင်စောင့်ရတော့မှာပါ။ အလုပ်ခေါ်စာကို ဟိုဘက်က ကိုရီးယားသူဌေးက ရွေးချယ်ခေါ်ယူတာပါ။ အဲ့တော့ စောသွားရဖို့ဆိုရင် ကံကောင်းဖို့လိုပါတယ်။ တစ်ချို့ဆို စာမေးပွဲအောင်ပြီး 3 လမှ 6 လအတွင်း သွားရတဲ့သူတွေရှိပါတယ်။ တစ်ချို့ကတော့ ကြာပါတယ်။ လက်ရှိမှာ ရှေ့ 2 နှစ်ကျော်လောက် လက်ကျန် ပြုံနေတဲ့ လူအုပ်ကြီး ရှိနေတာကြောင့် တစ်ကြောင်း၊ 2022 စားမေးပွဲကာလဟာ 2023 ခုနှစ်ထဲထိ ကျင်းပပြီးစီးမှု မရှိတာကြောင့် တစ်ကြောင်း 2023 ခုနှစ်ထဲမှာ စာမေးပွဲ မရှိနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ 2024 ခုနှစ်ထဲ တော့ ‌ကျိန်းသေပေါက် စာမေးပွဲ ရှိလာမယ်လို့ ကျွမ်းကျင်သူတွေက ကောက်ချက်ချထားပါတယ်။ အတိအကျကတော့ ဘယ်သူမှ မပြောနိင်သေးပါ။။ အဓိက ကိုယ်က သွားချင်တယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ 2 နှစ်ကနေ ၃ နှစ် လောက်တော့ ရင်းရနိုင်‌ချေရှိပါတယ်။ (အလွန်ဆုံးကိုပြောတာပါ။ ) Eps စနစ်ဟာ တစ်ခါသွားရင် 4 နှစ်နဲ့ 10 လ သွားလို့ရပါတယ်။ သွားပြီးရင်လည်း နောက်ထပ် ထပ်သွားလို့ရပါသေးတယ်။ နောက်ပိုင်း ကျွမ်းကျင်လုပ်သား visa ပြောင်းပြီး ဆက်လုပ်လို့လည်း ရပါသေးတယ်။ ရေရှည်အတွက် အရမ်းရွေးချယ်သင့်တဲ့ စနစ်ပါ။ တစ်ခါသွားရင် ပျမ်းမျှ တစ်လ လစာ လက်ရှိငွေဈေးနဲ့ဆို သိန်း 50 ကနေ 60 ကြား ရကြပါတယ်။ အချိန်ပိုရှိတဲ့သူတွေ‌ဆို သိန်း 70 အထက် ရကြပါတယ်။ ကိုယ်က စိတ်ရှည်ပြီး သွားချင်တယ်ဆိုရင် ကြိုပြင်ဆင်ထားသင့်ပါတယ်။ ဒီနေရာ အကြံပေးလိုတာက အရေးအဖတ်တင် မကဘဲ စကားပြောအထိပါ လေ့ကျင့်ပြင်ဆင်ထားဖို့ပါ။ အဲ့တာမှ ဟိုဘက်ရောက်တဲ့အခါ ကိုက ဦးစားပေးခံရနိုင်ခြေများတာပါ။ အားလုံးအပြီးအစီး ပြင်ဆင်မယ်ဆိုရင် ကုန်ကျစရိတ်က သိန်း 60 ကနေ 70 ကျော်ကျော်လောက် ကုန်နိုင်ပါမယ်။ Eps နဲ့ သွားဖို့ ရည်မှန်းထားရင် လွယ်လွယ်လက်မလျော့ဘဲ စိတ်ရှည်ပြီး ကြိုးစားဖို့ပဲ တိုက်တွန်းပါတယ်။
@yelwinsoebilin7262
@yelwinsoebilin7262 9 месяцев назад
အကိုပြောထားတာအစအဆုံးဖတ်ခဲ့ပါတယ် မရှင်းတာလေးမေးလို့ရမလားအကို စာမေးပွဲမှာ စာတွေရော လက်တွေ့ပါ အောက်ဖို့လိုတယ်ဆိုတာက လုပ်ငန်းအတွေ့ကြုံကိုပြောတာလားဗျ
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 9 месяцев назад
@@yelwinsoebilin7262 စာ‌မေးပွဲအောင်ပြီးသွားရင် လူတွေ့စစ်ဆေးပါတယ်။ လက်ဆွဲအား၊ လက်ညစ်အား၊ ခြေ၊လက် ကောင်းမွန်မှုရှိ၊မရှိ၊ မျက်လုံးစစ်ဆေး၊ သံကွင်းစွပ်၊ဖြုတ်၊ ကာလာအလိုက် တိုင်စိုက်တဲ့ဟာ၊ ကိုရီးယားလူမျိုးနဲ့ အင်တာဗျူး စတာ‌တွေ ဖြေရတာကို skill test လက်တွေ့လို့ခေါ်ပါတယ်ညီ
@naylinnaing3139
@naylinnaing3139 4 месяца назад
BEဘွဲ့ရပါEPSနဲ့သွားပီး ကျောင်းတက်မယ်ဆိုရင်ကောရပါသလား။ဘာတွေလုပ်ဆောင်ရမှလဲဗျ။
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 4 месяца назад
ရပါတယ်။ E9 သမားတွေ အတွက် ကျောင်းတက်လို့ ရနိုင်မဲ့ အခွင့်အလမ်းတွေ ရှိပါတယ်‌ဗျ။ လုပ်ဆောင်ရမှက အရင် EPS နဲ့ သွားပြီး လုပ်သက် နဲ့၊ အခြား သတ်မှတ်ချက်တွေ ပြည့်မှီအောင် အရင် လုပ်ရမှာပါဗျ။ ဟိုရောက်ရင် အလုပ်သမားရေး စင်တာတွေဆီမှာ မေးမြန်းကြည့်လို့ရသလို အရင် ရောက်နှင့်နေတဲ့ စီနီယာတွေက လမ်းညွှန်ပေးပါလိမ့်မယ်ဗျ။
@SuSu-e9b
@SuSu-e9b 12 дней назад
မိန်းကလေးအလုပ်မခေါဘူလားသွားချင်တယ်ကိုရီယားကို
@MyatKo-g1t
@MyatKo-g1t 11 дней назад
10တန်းအောင်ရင်ရတယ်
@kaungmyatthu4125
@kaungmyatthu4125 10 месяцев назад
အကိုရေစာမေးပွဲမဖြေပဲဖောင်တင်ပြီးခေါ်တာဟုတ်လားဘယ်တော့ခေါ်မှာလဲပြောပေးပါအုးံအကို
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 10 месяцев назад
စာမေးပွဲဖြေမဲ့ အချိန် အရင်သိဖို့လိုပါတယ်ညီ။ အခုတော့ အချိန်ဇယား မသိသေးတဲ့အတွက် မပြောနိုင်သေးပါ
@user-xx9pn8qx7o
@user-xx9pn8qx7o 6 месяцев назад
အကိုရေအရပ်ပေနဲ့ကိုအလေးချိန်ကန့်သတ်ထားလားသိချင်လို့ပြောပေးပါလား
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 6 месяцев назад
အရပ်အမြင့် ၊ ကိုယ်အလေးချိန် မသတ်မှတ်ထားပါဘူးဗျ။
@koaungelectronic3665
@koaungelectronic3665 6 месяцев назад
ကျောင်းနဲ့ထွက်တာနဲ့အလုပ်နဲ့ထွက်တာဘာနဲ့ထွက်ရင်ပိုကောင်းလဲဗျ
@ckkrsharingkoreamyanmar
@ckkrsharingkoreamyanmar 6 месяцев назад
ပိုက်ဆံ တတ်နိုင်ရင် ကျောင်းနဲ့ ထွက်လို့ရပါတယ်။ ကျောင်းတက်ရင်တော့ အသိပညာ ဗဟုသုတ၊ သူငယ်ချင်းမိတ်ဆွေ၊ ပညာ စတာတွေ ရမယ်၊ ကိုရီးယားနိုင်ငံက ဘွဲ့ရထားတဲ့အတွက် သေချာကြိုးစားရင် ကိုရီးယားမှာလည်း ဝင်ဆံ့နိုင်တဲ့ အနေအထားကို ရောက်နိုင်မယ်။ အလုပ်နဲ့ သွားရင်တော့ အလုပ်မှာ အချိန်ပိုပေးရတာဖြစ်တဲ့အတွက် ပြင်ပ ဗဟုသုတကို ပိတ်ရက်မှာပဲ ရှာလို့ရမယ်၊ ငွေကတော့ ကျောင်းတက်ရင်းအချိန်ပိုင်းအလုပ်လုပ်တာထက်တော့ ပိုရတယ် ဆိုရမှာပေါ့ဗျာ။ ခုနောက်ပိုင်း သာမန် E9 တွေလည်း ကျောင်းတက်လို့ရတဲ့ စနစ်တွေ‌ ပေါ်လာတယ်။ နှစ်ခုလုံးက အားသာချက်၊ အားနည်းချက် ရှိပေမဲ့ ကို့ အိမ်ရဲ့ ဝင်ငွေ အနေအထားပေါ် လိုက်ပြီး ဆုံးဖြတ်သင့်ပါတယ်။၊
@KYAWYELIN-wb3bd
@KYAWYELIN-wb3bd Месяц назад
အကိုရေ တက်တူးရှိရင် သွားလို့ရလားဗျ
Далее