Тёмный

ကိုရီးယားမှာ F5ဗီဇာ(PRဗီဇာ)အထိ ဘယ်လို လျှောက်ကြမလဲ။ 

Ma Thida Tun
Подписаться 11 тыс.
Просмотров 2,7 тыс.
50% 1

ဒီနေ့ ဗီဒီယိုဖိုင်လေးကတော့ ကိုရီးယားမှာ နေလာခဲ့တဲ့ တစ်လျှောက်အတွင်း F5ဗီဇာအထိ ဘယ်လို ပြောင်းလဲလာခဲ့တယ် ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးထားပါတယ်။
အခုနောက်ပိုင်းမှာ ကိုရီးယားကို လာကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ အရမ်းများပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လာကြတယ်ဆိုပေမဲ့ ကိုရီးယားရောက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုရီးယားရဲ့ ဗီဇာအမျိုးမျိုးနဲ့ ပက်သက်ပြီးတော့ အသိချင်ဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။
ကျွန်မ ကိုယ်တိုင်လည်း ကိုရီးယားကို ကျောင်းသားတစ်ယောက် အဖြစ်နဲ့ ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ကိုရီးယားမှာ ဆက်လက်နေထိုင်ဖို့ အတွက်၊ ကိုရီးယားမှာ လုပ်ငန်းခွင် အတွေအကြုံတွေ ရယူဖို့အတွက် စဉ်းစားခဲ့ရတာတော့ ဗီဇာအကြောင်းပေါ့နော်။
အဲဒါကြောင့် အခု ဗီဒီယိုဖိုင်လေးကတော့ ကိုရီးယားမှာ ဆယ်စုနှစ် တစ်ခု နေထိုင်ခဲ့တဲ့ မြန်မာလူမျိုး စီနီယာတစ်ယောက်အနေနဲ့ ရည်ရွယ်ချက်ချင်း တူတဲ့ သူတွေအတွက် ကျွန်မကိုယ်တိုင် ကိုရီးယားဗီဇာအတွက် ဘယ်လိုမျိုး ပြင်ဆင်ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးထားပါတယ်။
အားလုံးအတွက် အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။ ဗီဒီယိုဖိုင်လေးတွေ တင်တာ ကျဲသွားလို့လည်း အားနာပါတယ်နော်။
ကျေးဇူးတင်ပါတယ်။
မသီတာထွန်း

Опубликовано:

 

10 авг 2022

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 30   
@payephyomin7467
@payephyomin7467 Год назад
ကျေးဇူးပါ👍
@zawzawaung382
@zawzawaung382 Год назад
Thanks 😊
@hsaotai9705
@hsaotai9705 Год назад
ကျေးဇူးအများကြီး တင်ပါတယ် အမ
@thetnwaynyein
@thetnwaynyein Год назад
အစ်မ အများကြီးအကူညီဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်
@mathidatun_thidatv
@mathidatun_thidatv Год назад
ကျေးဇူးပါရှင့်။
@moehtetmyint5012
@moehtetmyint5012 4 месяца назад
E7 ကနေ F2 ကို မဖစ်မနေ ပြောင်းသင့်တယ်ပေါ့နော်
@lynlat2603
@lynlat2603 4 месяца назад
အစ်မရေ ဒီနှစ် update လေး sharing လုပ်ပေးပါဦးရှင့်
@user-yn7ep5sc7l
@user-yn7ep5sc7l 6 месяцев назад
အမရေ ကိုရီးယားမှာ d4ကနေ d2ပြောင်းနည်းတင်ပေးပါအုံးရှင့်♥️♥️♥️
@aungko2010
@aungko2010 Год назад
ဒေါ်လာဘဏ်စာလုပ်လို့မရဘူး အမ အကြံပြုပေးပါအုံး
@mathidatun_thidatv
@mathidatun_thidatv Год назад
အခြား ဘဏ်ခွဲတစ်ခုမှာ ထပ် Try ကြည့်စေချင်ပါတယ်။
@tunmyintaung3805
@tunmyintaung3805 Год назад
E7ကနေ F2ကိုပြောင်းရင်မြန်မာပြည်ကရဲစခန်းထောက်ခံစာလိုတယ်မလားအမ
@mathidatun_thidatv
@mathidatun_thidatv Год назад
F5မှ လိုအပ်ပါတယ်။
@burmesenightmare389
@burmesenightmare389 Год назад
ကိုရီးယားသူငယ်ချင်းက သူ့ရဲ့ စားသောက်ဆိုင် ဆိုင်ခွဲအသစ်မှာ အတူတူလုပ်ဖို့ ခေါ်လို့ပါ... သူ့ company ကနေ လိုအပ်တဲ့ အထောက်အထားတွေနဲ့အတူ ညီမကို ခေါ်လို့ရပါသလားရှင့်..ဘယ်လို visa လျောက်လို့ရလဲ သိချင်လို့ပါအစ်မ
@mathidatun_thidatv
@mathidatun_thidatv Год назад
အလုပ်ရှင်က ဗီဇာပေးနိုင်ရင်တော့ အဆင်ပြေပါတယ်။ ကိုရီးယားမှာက ကိုရီးယားဝန်ထမ်း 5 ယောက်ရှိမှ နိုင်ငံခြားသားတစ်ယောက်ကို ဗီဇာပေးပြီး အလုပ်ခန့်နိုင်တယ်လို့ သိထားပါတယ်။
@meelay6636
@meelay6636 3 месяца назад
အမရေ ကိုရီးယားကိုb2g နဲ့လာလို့လာတာဟုတ်လားရှင့်
@hninhnin6546
@hninhnin6546 Год назад
မမ ရှင့် ညီမအမျိုးသားက E7-4 visa ရထားတာပါ သူ့ ဇနီးကို ခေါ် လို့ရတယ်လို့ပြောပါတယ် အဲ့ဒါ F3-1 visa နဲ့ နေထိုင်ရတာလားရှင့် ပီးရင် သူနေတဲ့သက်တမ်းတိုင်းနေလို့ရတယ်မို့လားရှင့် ကျေးဇူးပြုပီး reply ပေးပါအုန်းနော် မမ
@mathidatun_thidatv
@mathidatun_thidatv Год назад
ဗီဇာအမျိုးအစားတော့ သေချာမသိပေမဲ့ အမျိုးသားက အလုပ်ရှိတယ်ဆိုရင် ဇနီးကို မှီခိုအနေနဲ့ ခေါ်လို့ရပါတယ်။ :)
@hninhnin6546
@hninhnin6546 Год назад
@@mathidatun_thidatv ဟုတ်ကဲ့ မမ ခုလို reply ပေးလို့ ကျေးဇူးပါ မမ
@myohlaingoo6664
@myohlaingoo6664 Год назад
E7ကို သူဌေးကပြောင်းပေးရင်ရလား အမ
@mathidatun_thidatv
@mathidatun_thidatv Год назад
E7က ကိုရီးယားကို E9နဲ့ လာခဲ့တာ မဟုတ်ဘူးရင် အလုပ်ရတာနဲ့ E7ကို လျှောက်ရမှာ ဖြစ်ပါတယ်။
@myohlaingoo6664
@myohlaingoo6664 Год назад
ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် အမ
@herokj5283
@herokj5283 Год назад
Viber ph noလေး ရှိရင် ပေးပါ ဆရာမ
@mathidatun_thidatv
@mathidatun_thidatv Год назад
010-5834-2025 ပါ။
@thihaaung3589
@thihaaung3589 Год назад
E-9လုပ်သားတွေ အတွက်။ ဘာတွေ အားသာချက် အားနည်း ရော။ အမ သိသလောက်ရှင်း ြပပေးပါ
@mathidatun_thidatv
@mathidatun_thidatv Год назад
E9ဆိုရင် အရင်ဆုံး E7(သို့) F2 ကို ပြောင်းပြီးနောက်မှာ F5ကို ပြောင်းဖို့ ပြင်ဆင်ရင် ကောင်းမယ်လို့ ထင်ပါတယ်။
@pyaephyoaungpyaephyoaung4418
အမရေ ကျောင်းနဲ့ ပီးလို့ E_7. Visa ရရင် ညီကို မောင်နှမ ခေါ်လို့ ရလား?
@mathidatun_thidatv
@mathidatun_thidatv Год назад
အလုပ်လည်း ရှိရင် အလည်ဗီဇာနဲ့ ခေါ်လို့ရပါတယ်။
@pyaephyoaungpyaephyoaung4418
@@mathidatun_thidatv အလည် ဗီဇာနဲ့ လာလို့ ရမဲ့ နည်းလေး ပြောပြပေးပါအုး အမ
@mathidatun_thidatv
@mathidatun_thidatv Год назад
@@pyaephyoaungpyaephyoaung4418 ဒီဘက်ကနေ စာရွက်စာတမ်းနဲ့ ခေါ်ပေးရင် ရပါတယ်။
@pyaephyoaungpyaephyoaung4418
@@mathidatun_thidatv video လုပ်ပီး ရှင်းပြပေးပါ အမ ကျေးဇူးတင်ပါတယ်ဗျ
Далее
마시멜로우로 체감되는 요즘 물가
00:20
Просмотров 21 млн
20220608 Korea Visa
6:09
Просмотров 2,6 тыс.