#HWCWorship #MyoGyi
တေးဆို - မျိုးကြီး
Harmony - Ludi | Sithu
Band - HWC Worship Band
Video - HWC Production
Connect With HWC Church
Facebook | / hallelujahyangon
Instagram | / hwcyangon
/// Song Lyrics ///
[ Verse 1 ]
မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောခါ၊
မျှော်လင့်ခြင်းကင်း စိတ်ပျက်ခြင်းကို ခံရလျှင်
ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ
ပြုတော်မူသော ကျေးဇူးတော် အံ့ဩလိမ့်မည်
[ Chorus ]
ကောင်းချီးတစ်ခုနောက်တစ်ခု ရေတွက်
ပြုတော်မူသော ကျေးဇူးတော် ရေတွက်
ကောင်းချီး ရေတွက် တစ်ခုနောက်တစ်ခု
ပြုတော်မူသော ကျေးဇူးတော် ရေတွက်
[ Verse 2 ]
ကြောင့်ကြ ဝန်ထုပ်ကို သင်သည် ထမ်းရသလား
သင်ထမ်းရသော လက်ဝါးကပ်တိုင်လေးသလား
ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ
ယုံမှားခြင်းကင်း သီချင်းကို သင်ဆိုလိမ့်မည်
[ Verse 3 ]
ကောင်းစားသောသူများကို သင်သည် မြင်သောခါ
ကိုယ်တော်ထားသော ကတိတော်ကို အောက်မေ့ပါ
ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ
စည်းစိမ်ဖြင့် ကောင်းကင် ချမ်းသာ မဝယ်နိုင်ပါ
[ Verse 4 ]
ဆင်းရဲဒုက္ခမျိုးမျိုးကို ခံရသောခါ
စိတ်မပျက်ရာ ကိုယ်တော်ကိုသာ အားကိုးပါ၊
ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ
လမ်းဆုံးတိုင်အောင် သင့်ကို စောင့်မပို့ဆောင်မည်
Copyright by HWC Worship
22 июн 2021