Тёмный

ကော့ကေဆပ်သမိုင်း (ဒါဂစ္စတန် နှင့် ချက်ချနီးယားတို့ ရုရှားကိုခုခံခြင်း) 

KT Media (Myanmar)
Подписаться 32 тыс.
Просмотров 26 тыс.
50% 1

အေဒီ (၁၈၂၈)ခုနှစ်၊ ရုရှား-အီရန်စစ်ပွဲကို အပြီးသတ် နိဂုံးချုပ်စေဖို့ ထီးနန်းဆက်ခံရမယ့်မင်းသား အဗာစ်မိရ်ဇာ (Abbas Mirza) ကို တာခ်မင်းချိုင်း (Turkmenchay) ငြိမ်းချမ်းရေးစာချုပ်မှာ ဖိအားပေးလက်မှတ်ထိုးစေ ပါ တယ်။ ဒါက သံမဏိအီရန် စစ်တပ်ဟာ သူရဲ့ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်လောက် ဆင့် နိမ့်နေပြီလဲဆိုတာ သက်သေပြလိုက် တာလည်းဖြစ်ပါတယ်။
(၁၈၁၃)ခုနှစ်၊ ဂူလ်စတန် (Gulstan) စစ်ပြေငြိမ်းစာချုပ် နဲ့ အီရန်တို့ ကောကေ့ဆပ်တောင်တန်းဒေသက သူတို့ ပိုင်နက် အားလုံးကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဂျော်ဂျီယာ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန် နဲ့ ဒါဂိစ္စတန် အပါအဝင် ဖြစ်ပါတယ်။ ဒီဒေသတွေဟာ စစ်ရေးစစ်ရာအရ အလွန်အမင်း ဗျူဟာကျ အရေးပါတဲ့ ဒေသတွေဖြစ် ကြပါတယ်။ ဒေသခံတွေအဖို့က သူတို့ပိုင်နက်တွေဟာ သူတို့ရဲ့ အရှင်သခင်အသစ် ရုရှားနိုင်ငံတော်အတွက် ဖြစ် သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ပါရှားတို့အုပ်ချုပ်ရေးဆိုတာက စာရွက်ပေါ်မှာပဲ ရှိနေခဲ့တာကို သူတို့သိသွားခဲ့ ကြပုံပါ။
လူမျိုးစုငယ်လေးတွေ ဟိုတစ်စုဒီတစ်စု ထိန်းချုပ်ထားတဲ့ သူတို့ရဲ့ ကောကေ့ဆပ်စံအိမ်ဟာ သူတို့အဖို့ လုံလောက် လှပါတယ်။ တီဇာ စစ်တပ်အတွက်က ချက်ချနီးယား၊ ဒါဂိစ္စတန် ဒေသတွေကို လက်အောက်ခံဒေသ တွေ ဖြစ်လာဖို့ ဆိုတာက အလွန်းအမင်းခက်ခဲသလို ဧရာမစိန်ခေါ်မှုကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဒေသ တွေကို ဒေသတွင်း ဩဇာ တိက္ကမကြီးလွန်းတဲ့ ဆူဖီစစ်သူကြီးတွေက ဦးဆောင်ကြပါတယ်။ ချေချင်းနဲ့ ဒါဂိစ္စတန်တို့ ဆယ်စုနှစ်သုံးခု ကျော် ပြင်းပြင်းထန်ထန်တော်လှန်လိုက်ကြတာ ရုရှားစစ်သည်ရဲမက် တစ်သောင်းကျော်လောက် ကျဆုံးခဲ့ရတာက ကျွန်တော်တို့အတွက် အကောင်းဆုံးသက်သေ ဖြစ်ပါလိမ့်မယ်။ ရုရှားတို့အဖို့လည်း ခါးသီးဖွယ်အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။

Опубликовано:

 

6 сен 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 31   
@joshuamaungoscaroscar6637
@joshuamaungoscaroscar6637 10 месяцев назад
Thank you so much for your sharing Sir
@kyawlingnaing6197
@kyawlingnaing6197 2 месяца назад
ရုရှားနဲ့က အဲ့လောက်မဖြစ်ပါဘူးဗျာ ရာစုနှစ်များစွာ ကျူးကျော်ခဲ့တာက တူရကီရဲ့ အော်တိုမန်အင်ပါယာထည့်ပြီး ရာစုနှစ်များစွာကျူးကျော်ခံရတာပါဗျာ ဘာသာတူတိုင်း သမိုင်းကြောင်းကို မဖျောက်ပါနဲ့ ဆရာဦးခင်ထွန်းခင်ဗျာ။
@ktmediamyanmar
@ktmediamyanmar 2 месяца назад
ကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ကြောင်းပထမပြောလိုပါတယ်။ အခုလိုဝေဖန်နိုင်လောက်အောင် စိတ်ဝင်တစား ကြည့်ဖြစ်တာကိုလည်းလေးစားပါတယ်။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ခင်ဗျားရေးထားတဲ့ မြန်မာစာ ကျွန်တော် ဘယ်လိုနားလည်ရမှန်းမသိဘူး / နားမလည်ဘူးဖြစ်နေပါတယ်" (အထူးသဖြင့် ------ ရာစုနှစ်များစွာ ----- တူရကီရဲ့အောင်တိုမန်အင်ပါယာထည့်ပြီး ------- ခံရတာပါဗျာ") ဒီအချက်ကို သဒ္ဒါကျကျ ပြန်ရေးပေးပါလား။
@KaungMyatThu-ri6um
@KaungMyatThu-ri6um 3 месяца назад
ဆရာရဲ့ တင်ပြမှုတွေကို ကျန်တော်အနေနဲ့အကြံးပေးချင်တာက အလယ်ခေတ်က သမိုင်းအကြောင်းရာတွေလောက်ပဲတင်ပြစေချင်ပါတယ်ဗျအခုခေတ်အကြာင်းတွေကိုတင်ပြတာမကြိုက်လို့တော့မဟုတ်ပါဘူးဗျ ပြီးတော့ ဆရာရဲ့စာအုပ်ကိုလည်းဝယ်ဖတ်ချင်ပါတယ်ဗျ ဆက်သွယ်လို့ရမဲ့နည်းလေးပြန်ပေးပါအုံးဗျ ဆရာတင်ပြတဲ့အကြောင်းရာတွေအကုန်နှစ်သက်ပါတယ်ဗျ❤
@ktmediamyanmar
@ktmediamyanmar 3 месяца назад
www.pannsattlann.com/author-tag/khin-tun/
@ramanyaminnyeinchan8144
@ramanyaminnyeinchan8144 Месяц назад
ချေ​ချင်ညာကတော့သိတယ်..။ဒါဂစ္စတန် က ဘယ်ဒေသလဲဗျ။
@heinthiha8630
@heinthiha8630 10 месяцев назад
အားပေးနေပါတယ်ဆရာ မွန်ဂိုလွိုက်မျိူးနွယ်စုတွေအကြောင်းလည်းတင်ဆက်ပေးပါအုံး
@ktmediamyanmar
@ktmediamyanmar 10 месяцев назад
OK
@DawKaiSeng
@DawKaiSeng 10 месяцев назад
စည်းရှုံးခြင်း၏အင်အား ကာလအပိုင်းအခြားမထားမရှိအစဉ်အောင်ခြင်းတံခါး ဝ. ၊
@baduthkangje2411
@baduthkangje2411 5 месяцев назад
မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
@jackheart5692
@jackheart5692 9 месяцев назад
အင်းကလိပ်လူမျိူးများသမိုင်းလဲ လုပ်ပေးပါဦး အားပေးလျက်ပါ
@myatchal2478
@myatchal2478 9 месяцев назад
အစ္စလမ်ဘာသာမှာ ဆိုနီ နဲ့ ချီရာ နှစ်မျိုးရှိ​ကြောင်းသိရပါတယ် ဆိုနီ နဲ့ ချီရာ ဘာ​တွေကွာခြား​နေပါသလား ??. သိချင်လို့ပါ ​ပြောပြလို့ရယင် ​ပြောပြ​စေလိုပါတယ်..
@phyowaizin9703
@phyowaizin9703 10 месяцев назад
Imam shamil အ‌ကြောင်း ဆက်တင်ပေးပါဦး ဆရာ
@user-bu8cg3vr6i
@user-bu8cg3vr6i 10 месяцев назад
တချိန်ကမဟာရန်ဖက် ခုတော့ အီရန် ရုရှားမဟာမိတ်လုပ်နေကြပါပြီ။
@john_sharingknowledge5951
@john_sharingknowledge5951 10 месяцев назад
အမြဲတမ်း ကြည့်ရှူ့အားပေးနေပါတယ်။
@moeheinkyaw3882
@moeheinkyaw3882 10 месяцев назад
အားပေးနေတယ်ဗျာ ပုံမှန်လေးတင်ပေးပါ
@singlesingle-hx1lf
@singlesingle-hx1lf 4 месяца назад
ချေချင်းညာက အခုရုရှားပြည်ထောင်စုထဲမှာ သွင်းထားတယ်မလား
@ktmediamyanmar
@ktmediamyanmar 4 месяца назад
ဟုတ်ပါတယ်။
@sawsaw8624
@sawsaw8624 10 месяцев назад
အဘားကဂျီဟချ် လုပ်ခံရတာလား
@htetyan433
@htetyan433 10 месяцев назад
ပထန်းလူမျိုးအကြောင်းလေးသိတာရှိရင်တင်ပေးပါအုံး
@michaelbo9392
@michaelbo9392 10 месяцев назад
အခုလို ပုံမှန်ပြန်တင်ပေးနေလို့ကျေးဇူးပါ
@AungLay-hu1ir
@AungLay-hu1ir 10 месяцев назад
ဆြာမွတ်စ္စလင်မ်အင်ပါယာတွေကျဆုံးခဲ့ရတာဟာ ခေတ်မီဆန်းသစ်မှုမရှိခြင်းလက်နက်အင်အားကွာခြားခြင်း စတာတွေဟာအဓိကကြလိမ့်မယ်ထင်တယ်
@ktmediamyanmar
@ktmediamyanmar 10 месяцев назад
Social Perspective (လူမှုရေးရှုထောင်အရ) မှန်ပါတယ်။ သို့သော် အစ္စလာမ်မူအရ ရှုထောင့်တစ်မျိုးတည်းကနေတွေးခေါ်လေ့မရှိပါဘူး။ ဒါကြောင့် Religious Perspective (ဘာသာရေးရှုထောင့်) ကိုထည့်သွင်းစဉ်းစားမယ်ဆိုရင် (သစ်ပုပ်နာ)လိုအတွင်းမှာ လှိုက်စားသွားနေတဲ့ ရွံရှာဖွယ် သွေဖည်မှုကြီးတွေကို တွေ့ရပါလိမ့်မယ်။
@sawsaw8624
@sawsaw8624 10 месяцев назад
NO အလ္လာ မလိုချင်လို့ပါ
@giora72
@giora72 10 месяцев назад
Tzar - တီဇာလို့ခေါ်ရတဲ့အကြောင်းလေး အချိန်ရရင်ပြောပြပေးပါ အားပေးလျှက်
@ktmediamyanmar
@ktmediamyanmar 10 месяцев назад
(၁) မြန်မာစာထဲ (ဇာဘုရင်) ဆိုပြီး သုံးတာမျိုး‌ ရှိပါတယ်။ ဒီတော့ အဓိပ္ပါယ်က (ဘုရင်ဘုရင်) လို့ဖြစ်သွားတာမကြိုက်လို့ပါ။ (၂) ဘုရင်ကို ဆီဇာ လို့အသံထွက်တဲ့ အရှေ့ဥရောပနိုင်ငံတွေက (တီဇာ) လိုအသံထွက်ကြတာရယ်၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေကလည်း (တီဇာ) လို့အသံထွက်ကြလို့ ဒီလို (တီဇာ) လို့အသံထွက်ထားတာဖြစ်ပါတယ်။
@giora72
@giora72 10 месяцев назад
@@ktmediamyanmar Tzar Bomb ကိုရော တီဇာဗုံးလို့ခေါ်ရမှာလား ဇာဗုံးလို့ခေါ်ရင်မရဘူးလား သမိုင်းဆိုင်ရာတွေကိုတော့ လက်ခံကျေနပ်ရပါတယ်
@kaungzinwin1150
@kaungzinwin1150 10 месяцев назад
ကမ္ဘာဖျက်မဲ့ အကြမ်းဖက်သမားတွေ
@ismailtun5028
@ismailtun5028 10 месяцев назад
ထိုအချိန်ကရုရှားအမည်ကအခုလိုရုရှားဘဲလာဗျ
@ktmediamyanmar
@ktmediamyanmar 3 месяца назад
ယခင်က ရာစ် (Rus)လို့အသံထွက်ပါတယ်
Далее
داستان روسیه از اول
1:02:14
Просмотров 883 тыс.