ဘုရားကျောင်းကို လာသမျှ ဧည့်ပရိသတ်ကို အခုလို ကျွေးမွေးနိုင်ဖို့ တရက်တရက် ဘယ်လောက်ထိ ချက်ပြုတ်ရသလဲ၊ ချက်ပြုကျွေးမွေးရေးနောက်ကွယ်ကလူတွေ ဘယ်လောက်ထိ အပင်ပန်းခံပြီး လုပ်ကိုင်ရသလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့မြင်နိုင်ပါတယ်။
ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာမှာတည်ရှိပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဟိန္ဒူဘုရားကျောင်းကြီးဖြစ်ပါတယ်။
သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း ၁၆၀ ကျော်ရှိတဲ့ ရှေးဟောင်းဘုရာကျောင်းကြီးဖြစ်ပါတယ်။
ပီလခတ်ဘုရားကျောင်းမှာ အရပ် ၄ မျက်နှာက အယုတ်အလတ်အမြတ်မရွေး မည်သူ့ကိုမဆို စတုဒီသာထမင်း နေ့စဉ် ကျွေးမွေးနေတာပါ။
စတုဒီသာထဲမှာတော့ သီးစုံပဲကုလားဟင်းတမယ်၊ အရွက်ကြော်တမျိုး၊ အားလူးဟင်းတမယ်နဲ့ ထမင်းမြိန်စေတဲ့ ခရမ်းချဉ်သီး ငပိချက်လည်းပါပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဟိန္ဒူဘုရားကျောင်းတွေ အများအပြားရှိတဲ့အနက် ပီလခတ်ကျောင်းဟာ တရက်မပြတ် စတုဒီသာကျွေးနေတဲ့ တခုတည်းသော ထူးထူးခြားခြား ဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။
1 мар 2024