Тёмный
No video :(

ကြေးနီကားတွေအတွက် ကင်းပုန်းဝပ်ပေးတဲ့စစ်အုပ်စု မိုင်း ၂ ကြိမ်ဆွဲခံရပြီး ၅ ဦးသေဆုံး ၇ ဦးဒဏ်ရာရ 

Myaelatt Athan
Подписаться 207 тыс.
Просмотров 8 тыс.
50% 1

ကြေးနီကားတွေအတွက် ကင်းပုန်းဝပ်ပေးတဲ့စစ်အုပ်စု မိုင်း ၂ ကြိမ်ဆွဲခံရပြီး ၅ ဦးသေဆုံး ၇ ဦးဒဏ်ရာရ
မြင်းမူ၊ ဇူလိုင် ၁၄၊၂၀၂၄ ။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မြင်းမူမြို့အထွက်မှာ မိုင်း ၂ ကြိမ်ဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၄ ရက် မနက် ၈ နာရီ ၁၅ မိနစ်မှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီး ဒုတိယအကြိမ် မနက် ၉ နာရီ မိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ပစ်ခတ်ရာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာခဲ့တယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-MMU) ရဲဘော် မောင်ကာက ပြောပါတယ်။
အဲဒီစစ်အုပ်စုဟာ အင်အား ၂၀ နဲ့ မန္တလေးကနေ မုံရွာကို သွားတဲ့ ကြေးနီကားတွေ အသွားအလာကို ကင်းပုန်းဝပ်ပေးဖို့အတွက် ခြေလျင်ထွက်လာရာ မြင်းမူမြို့အထွက်မှာ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ၅ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
"ပထမဆွဲတာမှာ ၅ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်။ အဲ့ဒါက ကျနော်တို့ မျက်မြင်ပါ၊ နောက် ဒုတိယအကြိမ် မိနစ် ၃၀ အကြာမှာ ကားနဲ့လာချတယ်၊ အရင် မိုင်းဆွဲတဲ့နေရာပဲလာပြီးတော့ ကျနော်တို့ဘက်ကို ဂန်းငယ်တွေနဲ့ ပစ်ခတ်တယ်။ ပစ်ခတ်တဲ့အချိန်မှာ မိုင်း ဒုတိယ ၁ လုံးထပ်ခွဲတယ်"လို့ ရဲဘော် မောင်ကာက ပြောပါတယ်။
ပထမအကြိမ်မှာ မိုင်းတပွိုင့်ကို ၃ လုံးတွဲခွဲခဲ့ပြီး ဒုတိယအကြိမ်၂ လုံးတွဲထပ်မံခွဲခဲ့ရာမှာ စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်တာတွေကြောင့် ဒုတိယအကြိမ်မိုင်းဆွဲမှုမှာ သေဆုံးထိခိုက်မှုကို မမြင်လိုက်ရဘူးလို့ ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ကားပေါ်တင်ကာ မြို့ထဲပြန်ဝင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
ကြေးနီးကားတွေအတွက် ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြင်းမူမြို့ အထက ၁ ထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ Dog Killers People's Defence Force Myinmu (DK PDF-MMU) နဲ့ (U.S.A.R ) Peoples Defence Force M.M.U) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မြင်းမူ #ကြေးနီကား #ကင်းပုန်းဝပ် #စစ်အုပ်စု #မိုင်းဆွဲ #စစ်ပွဲ

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 5   
@myintthan6993
@myintthan6993 Месяц назад
ကြေးနီမဟုတ်ပါ ရွှေတွေ
@user-ef4ly3yp6m
@user-ef4ly3yp6m Месяц назад
ဘေးကင်းအောင်မြင်ပါစေ🎉🎉🎉🎉🎉
@user-bs5ev4uq8d
@user-bs5ev4uq8d Месяц назад
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@MMA-lr3dk
@MMA-lr3dk Месяц назад
ကပစ ၊ ဝမ်ပေါင် တို့လို့ ဟာမျိုးတွေကို များများ သိမ်းနိုင်အောင် ကြိုးစားကြပါ၊တပ်ပေါင်းစု မလုပ်နိုင်ကြသေးလို့ ကြာနေတာ။
@user-db8ct4li6c
@user-db8ct4li6c Месяц назад
ရွှေတွေဗျ 1:18
Далее
La Tierra Robó El Anillo De Saturno #planetballs
00:14
Interview with BPLA Leader
11:29
Просмотров 13 тыс.