#ခင်ပွန်းကြီးဆယ်ပါးဘုရားရှိခိုး🙏🙏🙏
ဓမ္မမိတ်ဆွေးများအားလုံးမင်္ဂလာပါ👏👏👏
Golden Monkey Channel ကိုလာလည်ကြသူတွေအားလုံးကျန်းမာချမ်းသာကျပါစေလို့ဆုတောင်းမေတ္တာပိုသပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးမတရားများဝေမျှကုသိုလ်ပွားများနိုင်ကြပါစေ.
🙏🙏🙏စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒ ပြည့်ဝကြပါစေ။😍🙏ကပ်ကြီး(၃)ပါးမှလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။🙏🙏🙏
😘😘😘🙏🙏🙏ကျေးဇူးပါ။🙏🙏🙏😘😘😘
ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် ဘာတွေ ဖြစ်မလဲ ဘယ်လို တောင်းပန်ရမလဲ?
“ခင်ပွန်းကြီး ( ၁၀ ) ပါးအား ဝန်ချ ကန်တော့ရန်” ( အကျဉ်း ) ( နေ့စဉ်ရွတ်သင့်သည် )
( ၁ ) သဗ္ဗညုတ ဘုရားရှင်များ တို့၏ အပေါ်၌ လည်းကောင်း ၊
( ၂ ) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊
( ၃ ) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊
( ၄ ) ရဟန္တာအရှင်မြတ် များတို့ အပေါ်၌ လည်ကောင်း ၊
( ၅ ) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များ အပေါ်၌ လည်းကောင်း ၊
( ၆ ) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များအပေါ်၌ လည်းကောင်း ၊
( ၇ ) တရားအသိထူး ရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများ အပေါ်၌လည်းကောင်း ၊
( ၈ ) သီလဝန္တသူတော်စင် ( အလေးဂရုပြုထိုက်သူ )အပေါ်၌ လည်းကောင်း ၊
( ၉ ) လောကီပညာများကို သင်ကြားပေးကြ ကုန်သော ဆရာသမားများ အပေါ်၌ လည်းကောင်း ၊
( ၁၀ ) မိမိတို့အခက်အခဲ ရှိစဉ်က စားဝတ်နေရေး စောင့်ရှောက် ပေးဖူးကုန် ကြသော ကျေးဇူးရှင်တို့အားလည်းကောင်း ၊
ဤခင်ပွန်းကြီး ဆယ်ပါးတို့ အပေါ်၌ ဘုရား တပည့်တော်သည် ပစ္စုပ္ပန်ဘဝ ၌လည်းကောင်း ၊သံသရာဘဝ၌၎င်း ၊ သိ၍ဖြစ်စေ ၊ မသိ၍ဖြစ်စေ
ကာယကံ၊ဝစီကံ ၊ မနောကံတို့တွင် တစ်ပါးပါး သောကံတို့ဖြင့် ပြစ်မှား ၊ ကျူးလွန် ၊ ကြံစည်ပြုလုပ်မိခြင်းကို သိရှိ နားလည်စွာဖြင့် ဝန်ခံပါ၏ ၊ ဝန်ချပါ၏၊ တောင်းပန်ပါ၏ ၊ ကန်တော့ပါ၏ ။
ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ ၊ ဆိုးကျိုး ပေးလတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တတို့သည် ပိန်ကြာ ဖက်တွင် ရေမတင် လျှောကျ ဘိသကဲသို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တ ဖြစ်ထွန်း ရပါလို၏ မြတ်စွာဘုရား။
( ၃-ကြိမ် ) ကောင်းကျိုးအနန္တ ဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အား ထုတ်လတ္တံ့ဖြစ်သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿ နာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား…
မှတ်ချက်- လောကမှာ ဤမပြစ်မှားထိုက်တဲ့ ခင်ပွန်းကြီး( ၁၀ )ပါးကို ပြစ်မှားမိပါက ဘေးအတန်တန်၊ ရန်အသွယ်သွယ်ဖြစ်တတ်ပြီး စီးပွားရေးပျက်ဆီးခြင်း၊ တရားအားထုတ်ပေမယ့် တရားရခါ နီးမှာ အထိတ်တလန့်ဖြစ်၍ ရင်တမောမောဖြစ်နေပြီးတရား မရဘဲ ဖြစ်နေတတ်တယ် ။
မဂ်တား ၊ ဖိုလ်တား ၊ အန္တရယ်မှန်သမျှ ကင်းဝေးစေရန် စိတ်သန်၍ နေ့စဉ်ရွတ်ဖတ်ခြင်း တရားအား ထုတ်ခါနီးရွတ်ဖတ်ခြင်းကြောင့် တစ်ပါးသောပုဂ္ဂိုလ်တို့ အန္တရာယ်ပြုခြင်းမှ ကင်းဝေးစေကြောင်း မေတ္တာလောင်း၍ ရှေ့အရိယာသူတော်တို့ မိန့်တော်မူခဲ့ပါသည်။
“သောကခပ်သိမ်း ငြိမ်းအေးကြပါစေ… မင်္ဂလာရှိသော နေ့ရက်တိုင်းကို ကုသိုလ်များဖြင့် ဖြတ်သန်းနိုင်ကြပါစေ”…
----
ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသတရားတော်များ စုစည်းမှု ( playlists ) • ပါမောက္ခချုပ်ဆရာတော်ကြ...
အထွေထွေအစွမ်းထက် ဂါထာမန္တန်တရားတော်များ စုစည်းမှု ( playlists ) • အထွေထွေအစွမ်းထက် ဂါထာမ...
ပဠာန်းတရားတော်များ / ပရိတ်တရားတော်များစုစည်းမှု ( playlists ) • ပဠာန်းတရားတော်များ / ပ...
အရှင်က္ကန္ဒကာလင်္ကာရာဘိဝံသတရားတော်များစုစည်းမှု ( playlists ) • အရှင်က္ကန္ဒကာလင်္ကာရာဘ...
ကြာနီကန်ဆရာတော် ဦဇဋိလတရားတော်များစုစည်းမှု ( playlists ) • ကြာနီကန်ဆရာတော် ဦဇဋိလ
အရှင်တေဇောသာရ ( ပဲခူးဆရာတော် ) တရားတော်များစုစည်းမှု ( playlists ) • ချမ်းမြေ့ရိပ်မြိုင်ကျေ...
မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ တရားတော်များစုစည်းမှု ( playlists ) • မင်းကွန်းဆရာတော် ဦးဝိစ...
မော်ကျွန်းဆရာတော် အရှင်သုစိတတရားတော်များစုစည်းမှု ( playlists ) • မော်ကျွန်းဆရာတော် အရှင...
သီတဂူဆရာတော်ဘုရားကြီး ဦးဉာဏိဿရတရားတော်များစုစည်းမှု ( playlists ) • သီတဂူဆရာတော်ဘုရားကြီး ...
ဗန်းမော်ဆရာတော်ဘုရားကြီး၊ ဒေါက်တာ အရှင်ကုမာရာဘိဝံသတရားတော်များစုစည်းမှု ( playlists ) • ဗန်းမော်ဆရာတော်ဘုရားကြ...
တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးဥတ္တမသာရတရားတော်များစုစည်းမှု ( playlists ) • တောင်တန်းသာသနာပြု ဆရာတ...
မဟာကန်ပတ်လည်ဆရာတော်ဦးနန္ဒမဉ္ဇူသာတရားတော်များစုစည်းမှု ( playlists ) • မဟာကန်ပတ်လည်ဆရာတော်ဦးန...
DISCLAIMER: This channel does not promote or encourage any illegal activities, all contents provided by this channel is meant for educational purpose only.
Thank you.
Golden Monkey Channel
----
#GOLDENMONKEYCHANNEL#တရားတော်များ #ဆရာတော်များ #ပရိတ် #ပဋ္ဌာန်း#ဓမ္မစကြာ#မေတ္တာပို့ #ပရိတ်ကြီး#မဟာသရဏဂုံတော်ကြီး#ဘုရားရှိခိုးများ၊#ဂါထာတော်များ#မဟာသမယသုတ်#ဘုရားရှိခိုး#dhamma talk#ရေဆူပရိတ်|#အန္တရာယ်ကင်း#ကပ်ကျော် ရတနသုတ်#ဓမ္မ#မေတ္တာသုတ်#နတ်ချစ်ဂါထာတော်#မေတ္တာသုတ်နှင့်ပဋ္ဌာန်းပါဠိတော်#ပရိတ်ကြီး၁၁သုတ်မြန်မာပြန်#နေကဇာတင်#ပဋ္ဌာန်းနှင့် ဂုဏ်တော်ကွန်ချာ #ပဋ္ဌာန်းပါဠိတော်#ပဌာန်းတရားတော်#ပဌာန်းပါဠိတော်#၂၄ပစ္စည်း#၂၄ပစ္စည်းပဌာန်း#ဗုဒ္ဓဘာသာ#ခင်ပွန်းကြီးဆယ်ပါးဘုရားရှိခိုး
15 окт 2024