Тёмный

ခင်ပွန်းကြီးဆယ်ပါးဘုရားရှိခိုး 

Dhamma Channel
Подписаться 11 тыс.
Просмотров 83
50% 1

ခင်ပွန်းကြီးဆယ်ပါးဆိုသည်မှာ-
၁- ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂- ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃-အဂ္ဂသာဝက၊ မဟာသာဝက - မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၄- ရဟန္တာ - အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ အရှင်မြတ်ကြီးများ
၅- မာတာ - မွေးသမိခင်
၆- ပီတု - မွေးသဖခင်
၇- အာစရိယ - မြတ်ဆရာသမား
၈-ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက်သိကာအရွယ်ကြီးများသူ
၉-ဓမ္မကထိက - ဆရာ (ဓမ္မ တို့ကိုဆုံးမတတ်သောဆရာသမားများ)
၁၀- ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော မိမိကို ကိုယ်၊ နှုတ်၊ နှလုံးဖြင့်ကျေးဇူးပြုဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များ ကိုဆိုသည်။
ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။
မာတာပိတု ဂုရုသတ္တာ၊ ဓမ္မဒေသကာ စဒါယကာ။
ဣမေ တေစ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ။ ။
ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့တိုင်အောင်
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၄။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌
၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ် တို့၏ အပေါ်၌
၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌
၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏ အပေါ်၌
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသောဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူ လျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား...။
ခင်ပွန်းကြီးဆယ်ပါးကိုပြစ်မှားသူတို့ ကြုံရမည့်ဒဏ် (၁၀) ပါး
ပြင်းထန်သောဦးခေါင်းနာစသည့်ဝေဒနာများဖြစ်ခြင်း။
ပိုင်ဆိုင်သောဥစ္စာပစ္စည်းများဆုတ်ယုတ်ပျက်စီးခြင်း။
လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ်ချွတ်ယွင်းခြင်း။
ကုသ၍မရနိုင်သောကြီးလေးသည့်ရောဂါများဖြစ်ခြင်း။
ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
မင်းပြစ်မင်းဒဏ်ခံရခြင်း။
မတရားသဖြင့်စွပ်စွဲခံရခြင်း။
ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း။
စည်းစိမ်ဥစ္စာအခြွေအရံများပျက်စီးခြင်း။
နေရာတိုက်အိမ်မီးလောက်ပျက်စီးခြင်း။
ခင်ပွန်းကြီးဆယ်ပါးအားပူဇော်လျှင်ရနိုင်မည့်ကောင်းကျိုး (၁၀)ပါး
အစားအစာမရှားပါးခြင်း။
ရောက်ရာအရပ်၌လေးစားပူဇော်ခံရခြင်း။
ရန်သူမျိုးငါးပါးနှင့်ကင်းဝေးနိုင်ခြင်း။
လူချစ်လူခင်ပေါများခြင်း။
ပရိသတ်အလယ်၌တင့်တယ်စွာနေနိုင်ခြင်း။
ကောင်းသတင်းကျော်စောခြင်း။
အခြွေအရံများခြင်း။
စီးပွားဥစ္စာဖွံဖြိုးတိုးတက်ခြင်း။
ဘေးဒုက္ခကြုံသော်အကူအညီရခြင်း။
သားကောင်းသမီးကောင်းရရှိနိုင်ခြင်း။

Опубликовано:

 

1 ноя 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
အာဋာနာဋိယ သုတ်
4:44
Просмотров 4,7 тыс.
Om Mani Padme Hum 六字大明咒  The Best Version
44:51