Тёмный

အပယ်ခံ စွန့်ပစ်ခံ အဘွားဒေါ်ကျင်လှ 

NewsWatch Myanmar
Подписаться 238 тыс.
Просмотров 64 тыс.
50% 1

အခုတခါ ပြောပြပေးမှာကတော့ ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရပေမယ့် စိတ်ဓာတ်မကျဘဲ ရှိသမျှခွန်အားနဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ အဘွား ဒေါ်ကျင်လှအကြောင်းပဲဖြစ်ပါတယ်။
အသက် ၈၀ ကျော်အရွယ် အဘွား ဒေါ်ကျင်းလှဟာ သူမအသက် ၂၈ နှစ်လောက်ကတည်းက ခင်ပွန်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ ကလေးနှစ်ယောက် လူလားမြောက်ဖို့အတွက် ဆေးရုံသန့်ရှင်ရေးဝန်ထမ်းအလုပ်သာမက တွေ့သမျှ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်ပြီး မိသားစုကို ရှာဖွေကျွေးမွေးခဲ့ပါတယ်။
သားသမီးတွေ ကိုယ့်အိုးကိုယ့်အိမ်ထူထောင်နိုင်ပြီးနောက် အဘွားဒေါ်ကျင်လှထံက စွန့်ခွာသွားခဲ့ကြပါတယ်။ အထီးကျန်ဘဝကို တကိုယ်တည်းဖြတ်သန်းခဲ့ပြီး ယနေ့ အသက်အရွယ်ကြီးရင့်သည့်တိုင် ကိုယ့်ဝမ်းကိုယ်ကြောင်းနေရဆဲဖြစ်ပါတယ်။ နေအိမ်တွေမှာ အဝတ်လျှော်ပေး၊ ဂရုဏာသက်လို့ပေးလိုက်တဲ့ တပတ်နွမ်း ဖိနပ်လေးတွေကို သူနေထိုင်ရာရွာကလေးမှာ တဆင့်ပြန်လည်ရောင်းချရင်း ဖြတ်သန်းနေရရှာပါတယ်။
ကိုယ်တိုင်က မဝရေစာစားပြီး ရှင်သန်နေထိုင်ရရှာပေမယ့် နေအိမ်ကဘုရားစင်မှာတော့ ပန်း၊ ရေချမ်း မပြတ်တမ်း ကပ်လှူပူဇော်ပါတယ်။
“အဘွားမစားရရင်နေပါစေ ဘုရားပန်းတော့ မညှိုးစေရဘူး”
သူမဟာ ငယ်စဉ်ကနေ ဒီနေ့ထိ ခင်ပွန်းရဲ့ စွန့်ပစ်ခံ၊ သားသမီးရဲ့ စွန့်ပစ်ခြင်းတို့ကို ကြုံခဲ့ရပေမယ့် ညှိုးနွမ်းအားငယ်ခြင်း အလျဉ်းမရှိဘူးလို့ဆိုပါတယ်။
“စိတ်ဓာတ်ကတော့ မကျပါဘူး။ ဒီလိုပဲ အားတင်းရတာပေါ့”
အဘွား ဒေါ်ကျင်လှအတွက် ကံကောင်းတာတခုက အိမ်းနီးပါးချင်း ပတ်ဝန်းကျင်က တတ်နိုင်သလောက် ကူညီဖေးမနေကြတဲ့အချက်ပဲဖြစ်ပါတယ်။
သူမဟာ ရန်ကုန်မြို့တဖက်ကမ်း ဆိပ်ကြီးခနောင်တို့မြို့နယ် လှိုင်းဖုန်းကျေးရွာလေးမှာ နေထိုင်လျက်ရှိပြီး ဗေဒါပျံအံကိုခဲဆိုသလို ဘဝကိုအရှုံးမပေးဘဲ အားတင်းနေထိုင်လျက်ရှိပါတယ်။

Опубликовано:

 

6 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 25   
@sahtoo-jf1ni
@sahtoo-jf1ni 3 месяца назад
အဖွားရဲ့ဘုရားစင်ကအသက်ပဲနော် သာဓုသာဓုသာဓုပါ
@AFA-vf6vx
@AFA-vf6vx 2 месяца назад
အစ်မကြီး ကအသားအရည် ကောင်း တာ စိတ်ဓါတ် ကောင်း စိတ်သန့်ရှင်း လို့ပေါ့နော် .....ပိုမို မြင့်မြတ် တိုးတက် နေပါစေကြောင်း ရိုသေ လေးမြတ် ရှိခိုး ဦးချ ကန်တော့ လိုက်ပါတယ် ခင်ဗျား.....
@HayMan-r6m
@HayMan-r6m 2 месяца назад
ကျမ​ပြောချင်တာက​လေ တိုင်းပြည်​လေးသာ​အေးချမ်း​နေပါ​စေ ဆင်းရဲလည်း​အေးချမ်းစွာဆင်းရဲလို့ရပါတယ်။
@AshinAshin-lv5xy
@AshinAshin-lv5xy 2 месяца назад
အဖွားက ချစ်စရာကောင်းတယ် အသံတွေက မာနေတုန်း ဖွားချစ်ကျန်းမာပါစေ
@mamalay5336
@mamalay5336 2 месяца назад
အဘွားဘေးရန်ကင်းပါစေရှင် အဘွားကုသိုလ်ကောင်းမှုကိုလည်းသာဓုခေါ်ပါ၏
@WinWin-u2h
@WinWin-u2h 3 месяца назад
အဖွားသက်ရှည်ကျန်းမာ အဆင်ပြေပါစေ❤
@mamalay5336
@mamalay5336 2 месяца назад
အဘွားရေ သာဓု သာဓု သာဓုပါရှင်
@KyinHla-cx2hc
@KyinHla-cx2hc 2 месяца назад
ကျန်ခဲ့တဲ့သားဒီပို့စ်ကိုမြင်ပြီးရှက်တတ်ပါစေအသိတရားဝင်ပြီးမိဘကျေးဇူးဆပ်နှိုင်ပါစေဝဋ်မလည်ပါစေနှင့်
@uthankyaw1081
@uthankyaw1081 2 месяца назад
၂၀၁၅ - ၂၀၂၀ အစိုးရလက်ထက်က ဒီလို အဖွားအသက်အရွယ်​တွေ (၈၀)နဲ့အထက်​တွေကို နိုင်ငံ​တော်အစိုးရက တစ်လကို ပုံမှန် ၃၀၀၀၀ကျပ် ​ထောက်ပံ့​ပေးထားတာ​တွေ့ခဲ့ရပါတယ် အခု​ကော ​ထောက်ပံ့​ကြေးရကြ​သေးလား? မသိ​တော့ပါဘူး ရကြပါ​စေလို့ဘဲ ဆု​တောင်း​ပေး​နေမိပါတယ်❤❤❤❤❤🎉🎉🎉🎉🎉😮😮😮😮😮။
@HdjdHdjd-f3o
@HdjdHdjd-f3o 2 месяца назад
အမကြီးကိုဂါတဝပြုပါတယ်😢😢😢
@UhanThin
@UhanThin 2 месяца назад
ပရစိတ်ကိုကြိုက်ပါတယ်
@KMobile-w1l
@KMobile-w1l 2 месяца назад
လေးစားပါတယ်အဖွား
@shreyachong
@shreyachong 2 месяца назад
အဖွားလိပ်စာလေးရေးပေးပါလှူချင်လို့ပါကိုယ်တိုင်သွားရောက်လှူမှာဖြစ်ပါသည်လိပ်စာလေးရေးပေးပါ
@newswatch.1M
@newswatch.1M 2 месяца назад
သူမဟာ ရန်ကုန်မြို့တဖက်ကမ်း ဆိပ်ကြီးခနောင်တို့မြို့နယ် လှိုင်းဖုန်းကျေးရွာလေးမှာ နေထိုင်လျက်ရှိပြီး ဗေဒါပျံအံကိုခဲဆိုသလို ဘဝကိုအရှုံးမပေးဘဲ အားတင်းနေထိုင်လျက်ရှိပါတယ်။
@UhanThin
@UhanThin 2 месяца назад
ကျွန်တော် လဲပတဟိတလုပ်နေပါယ်
@wunnasoe9652
@wunnasoe9652 2 месяца назад
အမေနဲ့တူလိုက်တာ
@UhanThin
@UhanThin 2 месяца назад
အင်တာဗျူတာ တော့ကြိုက်ပါတယ်နေတာကအနိပ့်အမြင့်ဖြစ်နေတယ်
@ZinminZinmin-dc7hy
@ZinminZinmin-dc7hy 2 месяца назад
🙏🙏🙏🙏🙏
@KoMin-wd8ej
@KoMin-wd8ej 2 месяца назад
♥️🙏🙏🙏👍
@moekyi4137
@moekyi4137 2 месяца назад
❤❤❤❤
@APhyuYaung-g8m
@APhyuYaung-g8m 2 месяца назад
🙏🙏🙏🎉🎉🌍👑🌟🌟💜💜😢
@zinmar-c6s
@zinmar-c6s 2 месяца назад
ဘဝတိုင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းမှကင်းဝေးကြပါစေ
@moekyi4137
@moekyi4137 2 месяца назад
အဘွားကိုကြည်ညိုပါတယ်အဘွားမျက်နှာလဲကြည်နေတာပဲ
@htwehtwe-st1ys
@htwehtwe-st1ys 2 месяца назад
အဖွားကျန်းမာချမ်းသာပါစေအသံဗလးကို့ကည်နေတာပပါပဲ
Далее
I Did This With Coffee! 🤯☕️ #shorts
00:22
Просмотров 162 тыс.
ရန်ပွဲ ဖြစ်ကုန်ပြီ
11:20
ပေါင် ၅၀ ဝိတ်ချခရီး
10:05
I Did This With Coffee! 🤯☕️ #shorts
00:22
Просмотров 162 тыс.