Тёмный

ချက်ရတာ အရမ်းလွယ်ကူတဲ့ ရန်ကုန် မုန့်ဟင်းခါးချက်နည်း| How to cook Yangon-style Mohinga easily 

Easy Recipes by Ma Ei
Подписаться 1,8 тыс.
Просмотров 423
50% 1

🤗 ဟင်းချက်နည်းတွေက တစ်ယောက် နဲ့တစ်ယောက် နေရာဒေသ အပေါ်လိုက်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။ မိမိ အဆင်ပြေတဲ့ ချက်နည်းအတိုင်း ချက်နိုင်ပါတယ်ရှင့်။ 🤗
မှတ်ချက်
-----------------------
- အခုတစ်ခေါက်
- ချက်နည်းမှာတော့ ငှက်ပျောပင် မထည့်ထားပါဘူး။ ဈေးထဲမှာ ရှာလို့ ဝယ်မရခဲ့တာကြောင့်ပါ။
- ငှက်ပျောပင် ရှိရင် ထည့်နိုင်ပါတယ်။ ငှက်ပျောပင်အစာ ကြာစွယ်ကိုလည်း အသုံးပြုနိုင်ပါတယ်။
- ငါးကြင်းဆားငါးရံ့ငါးခူ မိမိကြိုက်နှစ်သက်ရာကအသုံးပြုလို့ရပါတယ်။
- ဆီသတ်တဲ့အခါတစ်ခုချင်းစီမွှေးအောင် ဆီသတ်ပြီးတော့မှတစ်ခုချင်းစီထည့်တာက မုန့်ဟင်းခါးရဲ့အနံ့အရသာပိုပြီးတော့ကောင်းပါတယ် ။ဆီသတ်ချိန်လည်းမြန်ပါတယ်။
- မုန့်ဟင်းခါးဟင်းရည်မှုန့်ထည့်တဲ့အခါ များသွားရင်ချွဲပျစ်ပျစ်ကြီးဖြစ်တတ်ပါတယ် ။မများဖို့အတွက်သတိထားပေးပါ။
- အရသာပိုလေးဖို့အတွက် ငါးပိစိမ်းစားအနည်းငယ်ထည့်လို့ရပါတယ်။
- ပဲအကျက်မှုန့်နဲ့ မုန့်ဟင်းခါးဟင်းရည်အမှုန့် မထည့်လည်း ရပါတယ်။ သူတို့ ထည့်ရင်တော့ ပဲနံ့အရသာမွှေးပြီးတော့ ပိုစားလို့ကောင်းပါတယ်။ မထည့်ဘဲလည်း စားလို့အဆင်ပြေပါတယ်။ မိမိကြိုက်နှစ်သက်သလို ချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ (5ယောက်စာ)
--------------------------
ငါးကြင်း(၃၀)သား
ကြက်သွန်ဥသေး(၂၀၀)ဂရမ်
မုန့်ဖက်ခြောက်(၁)ထုပ်
စပါးလင်(၃)ပင်
ကြက်သွန်အဖြူ ဥကြီး (၁)လုံး
ကြက်သွန်အနီဥကြီး (၁)လုံး
ချင်(၁)လက်မခန့်
ငရုတ်သီးရောင်တင်မှုန့်ထမင်းစားဇွန်း (၁)ဇွန်း
ငံပြာရည်ဇွန်းကြီး (၃)ဇွန်း
ပဲအချက်မုန့်ထမင်းစားဇွန်း(၂)ဇွန်း
မုန့်ဟင်းခါအမှုတ်ထမင်းစားဇွန်း (၃)ဇွန်း
ဆီ (၅)ကျပ်သား
ဆနွင်းမှုန့် ၊ ဆား၊ ကြက်သားမှုန့် အနည်းငယ်
🤗 အားလုံးပဲစားကောင်းကြပါစေ။
🌻🌻 ချက်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းချက်နည်း များကို မျှဝေပေးသွားမှာမို့ ဗီယိုလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် Like, Share and Subscribe လုပ်ပြီးအားပေးသွားကြပါအုန်းရှင့်။ 🌻🌻
⚠️⛔️ ဤ channel မှ videoများအား တခြား social mediaပေါ် တွင်ခွင့်မတောင်းဘဲတင်ခြင်း လုံး၀(လုံး၀) မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ⛔️⚠️
---
BGM 🎶🎵
Music I use: [www.bensound.com](www.bensound.com/)
License code: AV1QJTTWPKAXEX2O

Опубликовано:

 

9 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
@thihathein6243
@thihathein6243 Месяц назад
စားချင်လာပြီ
Далее