ခြံစည်းရိုးဟင်းနဲ့ ကြက်ဥကြော်ချက်
မိုးဦးကျပြီဆိုတော့ ခြံထဲအရွက်တွေ ဝေနေရောပေါ့ အဲတော့အကုန်အကျသက်သာတဲ့ ဟင်းတခွက် ဖန်တီးမယ်ရှင့်
ခြံထဲရှိတဲ့အရွက်နဲ့ ဆူးပုတ်လေးရွက်ကို ခူးပြီး မြိုင်ပေးထားတဲ့ ခြံစည်းရိုးဟင်းနဲ့ ကြက်ဥကို ပြုတ်ပြီးချက်ရင် တခုခုလိုနေသလိုလိုဖြစ်နေတော့ ပိုစားကောင်းအောင် ပြုတ်ထားတဲ့ကြက်ဥကိုကြော် ခရမ်းချဉ်သီးလေး လိပ်နေအောင်လှိမ့်ပြီး ဆီမပြန်တပြန်လေးချက်စားတော့ရှယ်ကောင်းနေရောပဲ ချက်ဖူးသမျှဟင်းထဲမှာ လက်ရာအကောင်းဆုံးနဲ့ တအိမ်လုံးကြိုက်တဲ့ ဟင်းလို့ပြောလို့ရတယ်ရှင်🥰 အရွက်ဟင်းလဲရပြီ ကြက်ဥဟင်းလဲရပြီဆိုတော့ အချဉ်အစပ်တမျိုးမျိုးပါမှ စားတတ်တဲ့ မြိုင့်တို့မိသားစုအတွက် မန်ကျည်းရွက်ငပိထောင်းလေးနဲ့ ရှယ်လွှေးပြီရှင်😋😋😋
4 окт 2024