ဒီသီချင်းလေးကိုနင်နဲ့ငါအတူဆိုပြီးစိတ်ကူးယဉ်ကြည့်ခဲ့တယ်မနေ့အိမ်မက်ထဲမှာနင်ပါတယ်နင်ငါ့လက်လေးကိုကိုင်ထားတယ်ဒါဟာအိမ်မက်တခုသာပါငါနင့်စိတ်ကိုနားမလည်နိုင်ဘူးငါနားလည်ခဲ့တာတော့အစထဲကနင်ငါ့ကိုတကယ်မချစ်ခဲ့တာတော့သေချာစွာခံစားခဲ့သိရှိလိုက်ရတယ်ဒါပေမယ့်ဒီသီချင်းနားထောင်တိုင်းနင့်ကိုပြေးမြင်တယ်ခုလိုနင်လဲခက်ခဲနေတဲ့အချိန်မှာငါအနားရှိနေပေးချင်တာဒါပေမယ့်နင်ကငါ့ကိုနာကျင်စေတယ်အဲ့တော့ငါလက်လွှတ်ခဲ့တယ်နင်အဆင်ပြေနေပါ့မလားလို့လဲစိတ်ပူနေမိတယ်ငါယုံပါတယ်နင်ကသန်မာတဲ့လူဆိုတာအမှားတွေကိုရှောင်စေချင်တယ်လူကောင်းတွေနဲ့ပဲတွေ့စေချင်တယ်အစစအရာရာအဆင်ပြေနေစေချင်တယ်ငါ့ကိုလဲတိုက်ဆိုင်မှုများရှိခဲ့ရင်နင့်ရဲ့တနေ့တာမှာသတိရစေချင်တယ်ငါနင့်ကိုမမုန်းပါဘူးမုန်းလို့လဲမရပါဘူးစိတ်တော့နာတယ်အဲ့အတွက်လဲမေ့နိုင်အောင်မေ့ပစ်တော့မှာဒါပေမယ့်ရေစက်ပါလို့နောက်တခါပြန်တွေ့နိုင်ခဲ့ရင်တော့အလှဆုံးစိတ်ရှင်းစွာနဲ့ပြုံးပြနိုင်ဖို့ကြိုးစားထားမယ် ငါလဲဒီကာလတွေထဲအကောင်းဆုံးရှင်သန်နေထိုင်ရတော့မယ်နင်နဲ့တွဲလိုက်မိတာလဲငါ့အတွက်ယောကျာ်းတွေအကြောင်းပိုသိပြီးပိုရင့်ကျက်လာခဲ့တယ်ကျေးဇူးတင်ပါတယ် ဘယ်နေရာရောက်"ဘယ်သူနဲ့ရှိနေပါစေပျော်နေပါစေဟာ Goodluck my first lover...