Тёмный
No video :(

စကစတပ်ဖွဲ့ဝင်များ ရိုက်ကူးထားသည့် ပြည်သူပိုင်နေအိမ်များအား ဖျက်ဆီးနေသည့် ရုပ်သံအား PDF ထုတ်ပြန် 

Tachileik News Agency
Подписаться 258 тыс.
Просмотров 437 тыс.
50% 1

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ရိုက်ကူးထားသည့် ပြည်သူပိုင်နေအိမ်များအား ဖျက်ဆီးနေသည့် ရုပ်သံမှတ်တမ်းအား PDF ထုတ်ပြန်
www.youtube.co...
* * * * *
မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်နေအိမ်များအား ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအား Southern YSO PDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါရုပ်သံဖိုင်အား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားတစ်ဦး၏ လက်ကိုင်ဖုန်းထဲမှ ရရှိခဲ့ခြင်းဖြစ်ပြီး ရုပ်သံဖိုင်တွင် ပြည်သူများ၏ နေအိမ်များအား အကြောင်းမဲ့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို တွေ့မြင်ရသည်။
“သူတို့ Video ရိုက်တဲ့ မှတ်တမ်းကတော့ မေလ (၁၃) ရက်နေ့ကပေါ့ ၊ မေလ (၁၇)ရက်နေ့မှာ ကျနော်တို့နယ်ကို စစ်ကြောင်းထိုးတော့ ကျနော်တို့နဲ့ တိုက်ပွဲထိတွေ့မှုဖြစ်ပွားတယ်ပေါ့ ၊ အဲ့မှာ လက်နက်တွေနဲ့ ဖုန်းတွေရတယ်လေ။ အဲ့ဖုန်းတွေထဲက တွေ့တာပါ”ဟု Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
အဆိုပါ ပြည်သူပိုင်နေအိမ်များအား ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၇ နှင့် ၂၅၈ တပ်မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၊ ရေစကြိုမြို့နယ်အတွင်း ပြည်သူပိုင်နေအိမ်များကို စိတ်တိုင်းကျ မွှေနှောက် ဖျက်ဆီးပြီးနောက် Southern YSO PDF စခန်းကို အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်းစဉ် ပြန်လည်စောင့်ကြိုတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့၏ မေလ (၂၁) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
“ဖုန်းတွေသိမ်းဆည်းရမိတာ Password တွေနဲ့ဆိုတော့ စစ်လို့မရခဲ့ဘူး၊ ရတဲ့ ဖုန်းကနေပဲ အကြောင်းအရာ တင်ပြထားပါတယ်” ဟု Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးချိန် (၃)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ၏ နေအိမ် (၈၈,၃၇၃) လုံး ဆုံးရှုံးခဲ့ရကြောင်း Data For Myanmar ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။
Video: Southern YSO PDF
▬▬▬Tachileik News Agency▬▬▬
Email: mail@tachileik.net
Website: www.tachileik.net
viber: vb.me/tachilei...
Twitter : / tna_myanmar
Telegram: t.me/Tachileik...
Instagram: / tachileiknewsagency
RU-vid: / tachileiknewsagency
Facebook: / tachileiknewsagency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1,1 тыс.   
Далее
5 Times TikTokers Messed With The Wrong Cartels
23:46
La Tierra Robó El Anillo De Saturno #planetballs
00:14
Ong Bak | Final Fight Scene
11:16
Просмотров 3,2 млн
Myanmar: The Rebel Army | ARTE.tv Documentary
36:34
Просмотров 1,1 млн
Kyaw Myo Min (6.9.2024)
21:43
Просмотров 344 тыс.