Тёмный

စစ်ကောင်စီတပ်မှာ တိုက်ခိုက်ရေး လူအင်အား အစစ်အမှန် ဘယ်လောက်ရှိနေလဲ- BBC News မြန်မာ 

BBC News မြန်မာ
Подписаться 1,8 млн
Просмотров 2,3 млн
50% 1

အခုရက်ပိုင်းတွေမှာ စစ်ကောင်စီဘက်က နယ်စပ် ကုန်သွယ်ရေးမြို့ မြဝတီ နားမှာ လေကြောင်းကနေ ဗုံးကြဲတိုက်တာတွေ၊ မြေပြင်ကနေလည်း လက်နက်ကြီး မျိုးစုံနဲ့ ပစ်တာတွေ လုပ်ပြီး ၊ ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ လက်ခတ်တောင် တိုက်ပွဲ ပြင်းထန်နေခဲ့ပါတယ်။ အဲဒီလို သာလွန် လက်နက်ကြီး ပစ်ကူတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ပေမယ့်လည်း ကရင်ပူးပေါင်းအဖွဲ့တွေက လက်ခတ်တောင်ကို ဆက်ထိန်းထားနိုင်ပါတယ်။ ဘာ့ကြောင့်ပါလဲ။
ဒီ အချိန်မှာပဲ တပ်ရင်းတစ်ရင်းမှာ ဖွဲ့စည်းပုံ အင်အား အယောက် ၈၅၀ ကျော် ရှိရမယ် ဆိုပြီး ရည်မှန်းထားတာထက် အများကြီး လျော့နည်းလို့ အင်အား ၁၃၀ စွန်းစွန်း ပဲ ရှိနေပြီး၊ စစ်ထွက် အယောက် ၇၀၊ နောက်ချန် ၆၂ ယောက် ဆိုတဲ့ အရေအတွက်တွေကို ပြသနေတဲ့ စာရွက်စာတမ်းမျိုးကိုလည်း တွေ့ရပါတယ်။
ဒီတော့ လက်ရှိ စစ်ကောင်စီရဲ့ တပ်အင်အား ဘယ်လောက် ရှိနေပါသလဲ ... စစ်ကောင်စီရဲ့ အရန်အင်အားတွေ၊ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ အားလုံးစုပေါင်းလိုက်ရင်ရော လက်ရှိ ပြည်တွင်း လက်နက်ကိုင် တော်လှန်ရေးကို ထိန်းချုပ်နိုင်စွမ်းရှိလား ... ပျူစောထီး၊ စစ်မှုထမ်းဟောင်း၊ နယ်ခြားစောင့်တပ် အပါအဝင် နောက်ချန်တပ် လုံခြုံရေး အတွက် စစ်သား ဇနီးမယားတွေကိုပါ လက်နက်တပ်ဆင် ပေးနေရတဲ့ အဖြစ်တွေနဲ့ ပြည်သူ့ စစ်မဟာဗျူဟာ အမျိုးမျိုး အလုပ်ဖြစ်ရဲ့လား အပေါ် ဆန်းစစ်ရင်းမှာပဲ ...
တစ်ဘက်မှာလည်း ... လူမျိုးစု လက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ အင်အားကရော ဘယ်လောက် ရှိနေလဲ ... စစ်ကောင်စီကို စစ်ရေးနည်း သုံးပြီး တကယ်တမ်း ဖယ်ရှားနိုင်ရဲ့လား ... မြန်မာနိုင်ငံရဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခရဲ့ စစ်ရေး ချိန်ခွင်လျှာဟာ တော်လှန်ရေး အင်အားစုတွေဘက် တကယ်ပဲ အလေးသာနေသလား ဆိုတာတွေ အပေါ် မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်သွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ ကမ္ဘတဝန်းက လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး ၊ အဖြေရှာနိုင်ရေးအတွက် အမေရိကန် ဗဟို အစိုးရက ထူထောင်ထားရှိတဲ့ အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု USIP မှာ ဧည့်သုတေသီ တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာ့ စစ်ရေး နိုင်ငံရေး အကဲခတ် ကိုရဲမျိုးဟိန်းနဲ့၊ တကျော့ပြန် စစ်အာဏာသိမ်းပြီးနောက် စစ်တပ် ကို စွန့်ခွာပြီး CDM လုပ်လာတဲ့ အစောဆုံး အရာရှိတွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး လင်းထက်အောင်တို့ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Опубликовано:

 

7 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 779   
Далее
Friends
00:32
Просмотров 824 тыс.
БЕЛКА РОЖАЕТ?#cat
00:22
Просмотров 277 тыс.
Kyaw Soe Oo (7.9.2024)
24:31
Просмотров 247 тыс.