တစ်ခါတစ်ခါ ဟင်းတွေလည်း မစားချင်... အပြောင်းလဲလေးဖြစ်တာလေးလည်း စားချင်တယ်ဆိုရင်တော့... အိမ်မှာ အမြဲအဆင်သင့်ရှိတတ်တဲ့ ထမင်းကို သုပ်စားလိုက်တာပေါ့... ထမင်းသုပ်လေး တစ်ဇွန်းစားလိုက်... ကြက်သွန်ဖြူလေးကိုက် ရေနွေးကြမ်းပူပူလေးကို မှုတ်သောက်လိုက်နဲ့အရသာရှိမှ ရှိပဲနော်.. ထမင်းသုပ်ကိုမှ မတူညီတဲ့ ထမင်းသုပ်(၄)မျိုးဖြစ်တဲ့ "ငပိရည်ကြိုထမင်းသုပ်၊ မန္တလေးထမင်းသုပ်၊ ပြည်ထမင်းသုပ် နဲ့ မိုးကုတ်ထမင်းသုပ်" ရှယ်ထမင်းသုပ်နည်း(၄)မျိုးကို Yummy ကနေ သုပ်ပြပေးပါမယ်.. လွယ်လည်းလွယ်၊ မြန်လည်းမြန်၊ အရသာလည်းရှိလို့ လုပ်စားကြည့်ကြပါဦး..
www.we.com.mm/detail/2860
8 апр 2018