Тёмный

စိန်ပါတီ -ပါတော်မူ မြန်မာ ဂန္တဝင် သီချင်း Burmese Myanmar Old Classic Song Music Record Sein Party 

Antique collectors Haven
Подписаться 3 тыс.
Просмотров 67 тыс.
50% 1

“တိုင်းတပါးမှ ဖြန့်ချီခဲ့သော မြန်မာ့ပါတော်မူ တမ်းချင်း”
လွန်ခဲ့သော နှစ်ပေါင်း ၁၃၅ နှစ်ကျော် ယခုအချိန်တွင် မြန်မာနိုင်ငံတော်သည် ထီးကျိုးစည်ပေါက်ကာ “ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုည သုဉ်းသုံးဝ....” အစချီဆီးဘန်းနီဆရာတော် ဘုရားကြီး၏ သံဝေဂ လေးချိုးကြီးအတိုင်း စည်းလုံးညီညွတ်မှုမရှိရုံမျှမက စည်းကမ်းပါဖေါက်ခဲ့ကြသဖြင့် ထီးနန်းပါပျောက်ခဲ့ရလေသည်။
ထိုသို့ နယ်ချဲ့ဗြိတိသျှတို့အောက်တွင် ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ ဗိုလ်မင်းရောင် စသောမျိုးချစ်သူရဲကောင်းများက ဒုတ်၊ဓါး၊ သေနတ်တို့ဖြင့်တော်လှန်နေချိန်တွင် အချုပ်တန်း ဆရာဖေတို့ကဲ့သို့ အနုပညာရှင်များစွာကလည်း ဂီတလက်နက်၊ ကလောင်လက်နက်စသော ရရာလက်နက်များကို စွဲကိုင်ကာ သူ့ကျွန်အဖြစ်မှ လွတ်မြောက်စေရန် အုတ်တချပ်သဲတပွင့် အဖြစ်ပါဝင် တိုက်ပွဲဝင်ခဲ့ကြ၏။
ပါတော်မူပြီးစ ပေါ်လာသော ဆရာဖေ၏ တေးထပ်တွင် ၎င်းက ပေါက်ကွဲခါ “မြန်မာတွေ စည်းကမ်းဖေါက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး။ မိပစ်လို့ ဘသွေရှောင်သည်၊ ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။” ဟူ၍ ရေးသားခဲ့လေသည်။
၁၈၈၇ မှ အစောဆုံး လွပ်လပ်ရေးတိုက်ပွဲဝင် တေးသီချင်းတစ်ပုဒ်ဖြစ်သည့် “သီဟာပျံနန်းဘုံမြင့်မှာလ...” အစချီ မဒီကိုင် ဦဖူးညို၏ ဂရုဏာသံတွင်လည်း “ဘိလပ်ပိုင် မိန့်တော်ရင်းရယ်နှင့်၊ မြစ်တွင်းမှာ အောင်လံထူ၍၊ လွယ်တကူ ရှင်နှစ်ပါးကိုလ၊ ကြယ်ဥဂ္ဂါ နိမိတ်များငယ်နှင့် တက်သွား၍ ဆောင်တွင်းမှာ၊ လောင်ပြင်းစွာ ပြည်သူအပေါင်း။ ဆောင်ကြဉ်းလာသမျှ သည်ရေကြောင်း။ ။” ဟု အသည်းနာနာဖြင့် ရေးသားခဲ့ပါသည်။
ဓါတ်ပြားခေတ်သို့ ရောက်သည့်အခါတွင်လည်း အဆိုတော်များဖြစ်ကြသည့် ခင်မောင်ရင်၊ ဂီတာစိမ်းမောင်၊ ဥဩဘသောင်၊ စိန်ပါတီ၊ မကြည်အောင်တို့ကဲ့သို့ အနုပညာရှင်များက သခင်၊ သခင်မ ဘွဲ့များခံယူကာ လွပ်လပ်ရေး တိုက်ပွဲဝင် သီချင်းများကို သီဆိုဓါတ်ပြားသွင်းခဲ့ကြသည်။
ထိုအထဲမှ အခြားဓါတ်ပြားသီချင်းများကို ကျော်လွန်၍ တမူထူးခြားစွာ ပေါ်ထွက်လာသော သီချင်းတပုဒ်မှာ ဂီတစာဆို ရွှေတိုင်ညွန့်ရေး၍ အဆိုတော် စိန်ပါတီ၏ “ပါတော်မူ” ဓါတ်ပြားဖြစ်၏။ ဤဓါတ်ပြားအမှတ် RE.698 ကို ၁၉၃၉ ဧပြီလတွင် ကိုလံဘီယာ ကုမ္ပဏီ အိန္ဒိယစက်ရုံမှ ရိုက်နှိပ်ဖြန့်ချီခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုခေတ်က ဓါတ်ပြားများသည် တိုက်ရိုက်အသံသွင်းထားသည့် ဖယောင်းချပ်ကို တိုင်းတပါးတွင် သွားရောက် ကူးယူကာ ရိုက်နှိပ်ပြီးမှ မြန်မာပြည်သို့ ပြန်လည်ပေးပို့ကာ ဖြန့်ချီထုတ်ဝေရောင်းချရပါသည်။ သီချင်းသွင်းရာတွင်လည်း လျှပ်စစ်မပေါ်မှီက အဆိုတော်က အရှေ့ဆုံးမှနေ၍ တီးလုံးသံ အတိုးအကျယ်ပေါ် မူတည်၍ အနီးအဝေး သတ်မှတ်ကာ အော်လံကြီးရှေ့တွင် တိုက်ရိုက် အသံသွင်းခဲ့ကြရသည်။
ထိုသို့ ဖယောင်းပြားပေါ် အသံဖမ်းသည့် အဖွဲ့ကလည်း ပြည်ပမှ သီချင်းမသွင်းမှီ တပတ်အလိုတွင် ရောက်ရှိကာ ဓါတ်ပြားကုမ္ပဏီများနှင့် ရက်ချိန်းယူကာ တထိုင်ထဲ သွင်းခဲ့ကြ၏။ ထိုသို့မကူးယူခင် ရက်ပေါင်းများစွာ အချိန်ယူ၍ အဆိုတော်နှင့် တီးဝိုင်းသမားများကို သီချင်းရေးဆရာမှ အလိုက်နှင့် တေးသွားကို ချပေးရလေသည်။ ဤသို့ဖြင့် ဓါတ်ပြားသွင်းရာတွင် အမှားမပါအောင် ထပ်တလဲလဲလေ့ကျင့် သီဆိုရလေသည်။
ယခု ဂီတထံတျာ အနုပညာ အသံပြခန်းမှ ဖွင့်ပြပေးမည့် “ပါတော်မူ”ဓါတ်ပြားကို အသံသွင်းရာတွင် ပထမဆုံး အပိုဒ် ပထမအကျော့တွင် အဆိုတော် စိန်ပါတီမှ “ရွှေကညစ်နှင့် ရေးကာ စာကိုစီ” ဟုသီဆိုရမည့်အစား “ဧက္ကရာဇ် နဲ့ရေးကာစာကိုစီ” ဟုမှားယွင်းသီဆို မိခဲ့လေသည်။ သို့သော် ရောင်းတမ်း ဓါတ်ပြား အချပ်ပေါင်းများစွာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီးမှ သိရှိရသည့်အတွက် စိန်ပါတီ၏ “ပါတော်မူ” သီချင်းဓါတ်ပြားကို အမှားအတိုင်း ဖြန့်ဝေခဲ့ရ၏။ ထို့ကြောင့် ယခုကဲ့သို့ ပါတော်မူနေ့နှင့် တိုက်ဆိုင်သော အခါသမယတွင် ဂီတထံတျာ အနုပညာအသံပြခန်း နှင့် Antique Collectors Haven” Facebook စာမျက်နှာမှ ပါတော်မူ ဓါတ်ပြားအား ရတနာဂီရိရှိ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်း၏ နောက်ဆုံးစံအိမ်တော် စက်မှုလက်မှုကျောင်းအဖြစ်မှ ပြတိုက်အဖြစ်သို့ ပြန်လည်ပြုပြင်နေစဉ် မှတ်တမ်းတင် ရိုက်ကူးထားသော သမိုင်းဝင် ရှားပါးမှတ်တမ်းများဖြင့် ဝေဝေဆာဆာ တင်ဆက်လိုက်ရပါသည်။
#သီပေါမင်း #စုဖုရားလတ် #ဒိုင်းခင်ခင်
မှတ်ချက်။ Antique Collectors Haven နှင့် ဂီတထံတျာ အနုပညာအသံပြခန်းမှ တင်ဆက်မှုများအား လွပ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့သော် မိမိကိုယ်ပိုင်အဖြစ် တဆင့်ကူးယူခြင်းမပြုပါရန်။

Опубликовано:

 

26 ноя 2020

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 53   
@minmin-sm8oc
@minmin-sm8oc День назад
မြန်မာပြည်မှာ စနေနန်ခိုက်နေတာ ကျေးဇူးပါ
@ukyawhtin8137
@ukyawhtin8137 Год назад
❤ရင်ထဲကမြန်မာပြည် နှလုံးသားထဲကမြန်မာပြည် ချစ်ရတဲ့မြန်မာပြည်မို့ ရန်လိုသူတွေ မရှိရ ❤
@mgmgchit5909
@mgmgchit5909 Месяц назад
❤❤❤❤❤
@hlashweshwe3394
@hlashweshwe3394 2 года назад
ဗီယိုပေါ်မောင်နှံတင်လို့ဆောင်ပြန်ရှင်ဇာတာနွမ်းမြန်းရရှာလေသည်
@chitmaung1403
@chitmaung1403 3 года назад
မြန်မာယဉ်ကျေးမှု့ အနုပညာ အတွက် ကျေးဇူးပါ
@ukyawhtin8137
@ukyawhtin8137 Месяц назад
ပြည်ထောင်စုမြန်မာနိုင်ငံ ကိုယ့်ထီးကိုယ်နန်းကိုယ့်ကငြှန်းကိုယ့်ရှင်ဘုရင်နှင့်နေလာရာမှနယ်ချဲ့ကိုလိုနီတို့၏ကျူးကျော်စစ်သုံးကြိမ် စစ်ဆင်နွှဲပြီမြန်မာပြည်ကိုသိမ်းပိုက်ခဲ့ခံရပြီးမြန်မာပြည်လွတ်လပ်ရေးရဖို့ နှစ်ပေါင်းတစ်ရာကျော်ပြန်လည်တိုက်ခိုက်ပြီး ပြန်ယူခဲ့ရပါသည် အသက်သွေးချွေးတွေအများကြီးရင်းခဲ့ရပါသည် ခင်ဗျာ ကျန်းမာချမ်းသာဘုန်းတန်ခိုးခွန်အားတိုပွားပါစေဘေးရန်ကင်းကြပါစေခင်ဗျာ
@pyonecho5741
@pyonecho5741 9 месяцев назад
ရွှေမှန်ကင်းအဖြစ်က ထင်းဖြစ်ခဲ့တာကြာပြီ 😢
@sacargb1578
@sacargb1578 2 года назад
သီချင်းကောင်းတယ်။
@ukyawhtin8137
@ukyawhtin8137 Год назад
❤ရင်နာတယ်ဧပြီရယ် အခုတော့ ရင်နာ တတ်လာပြီ မမေ့နိုင်ပါပြီ ❤
@ukyawhtin8137
@ukyawhtin8137 Год назад
❤ဆယ်ကမ်ဘာမက မမေ့နိုင်ပါ ❤
@user-fy2mw6gs2m
@user-fy2mw6gs2m 6 дней назад
အခုတယုတ်ကမြန်မာပြည်ကိုသိမ်းထားလိုက်ပြီ ဘယ်ဘုရင်ကိုမှ မလွမ်းကြနဲ့တော့ အခု ပပကြီးကိုပဲလွမ်းကြ ဟဟဟားးဟားး
@chunchangyang2116
@chunchangyang2116 2 года назад
ကံစိုးလိုက္တဲ့သီပေါဘုရင္
@uzawmyint7483
@uzawmyint7483 Год назад
ကျေးဇူးပါဗျာ။
@utinthein7003
@utinthein7003 Год назад
ကျေးဇူးတင်ပါသည်
@uthanzaw7114
@uthanzaw7114 2 года назад
တစ်ကယ်ကြေကွဲဝမ်းနည်းရပါသည်
@user-oz6qh1rp6e
@user-oz6qh1rp6e Год назад
@sawhtoo5431
@sawhtoo5431 5 месяцев назад
👍👍👍
@user-bf6ob5ei5u
@user-bf6ob5ei5u 6 месяцев назад
ခေတ်ဟောင်းများလို့ရေးလိုက်ပါ
@user-co3jf2kn3v
@user-co3jf2kn3v 10 месяцев назад
😢😢
@ukyawhtin8137
@ukyawhtin8137 Год назад
help nation building task fulfil basic need of food shelter clothing saves home lives save soverignty. save unity make peace ❤save our independence❤
@khantzayar4480
@khantzayar4480 2 года назад
သီချင်းစာသားတွေပေးလို့ရလားဗျ
@htainlinn7086
@htainlinn7086 Год назад
😢😢😢😢😢😢😢😢
@kophyo3219
@kophyo3219 3 года назад
😪😪😪😪
@hlayin3145
@hlayin3145 4 месяца назад
ဒီခွေးအဂွလိပ်တွေကို ရွံမုန်းခဲ့ တယ်။အိမ်မှာလည်းအဖေက ဒီပါတော်မူ ဓာတ်ပြားကိုဝယ်ထားတယ်။နှစ်130ကျော်သူတို့ငါတို့နိုင်ငံကိုကျွန်လုပ်ထားခဲ့လို့ လေ
@user-fy2mw6gs2m
@user-fy2mw6gs2m 6 дней назад
အဂ်လိပ်ကဆိုးတယ်ဆိုတာ တယုတ်ကိုမမှီသေးပါဘူး
@ZarNiShein-tt7dt
@ZarNiShein-tt7dt 2 месяца назад
ငါတို့ဘုရင်နှင့်မိဘုရားအားတစ်ခါလွှမ်းလိုတမ်းတတိုက် အင်္ဂလိပ်တို့လည်း နာကျင်ခံစားရပါစေသား
@Yoon_Gracie
@Yoon_Gracie 25 дней назад
နှစ်တစ်ရာကျော်နေပြီကို ပြီးတော့ သက်ဦးဆံပိုင်ဘုရင်စနစ်ဆိုးကြီး မြန်မာမှာစောစောစီးစီးအဆုံးသတ်သွားတာမကောင်းဘူးလား? ဘုရင်စနစ်ဆို စည်းမျဉ်းခံဘုရင်စနစ်ပဲ 'ကြည့်ကောင်းတယ်'
@uayeko2946
@uayeko2946 Год назад
ရှေးခေတ်အောင်းမေ့ဘွ ်ယ်တွေတင်ပေးစေချင်တယ်
@1wailinoo
@1wailinoo Год назад
စာတန်းထိုးလေးနဲ့တင်ပေးပါလားဗျ
@user-nu7um3gk1h
@user-nu7um3gk1h Год назад
သတ္တိမရှိတဲ့ဘုရင်ကြောင့် ခုထိတိုင်းပြည်ဒုက္ခရောက်နေတာ အခြောက် စောက်ပေါဘုရင်
@user-tl5li1nu4g
@user-tl5li1nu4g 9 месяцев назад
ခုဖြစ်နေတာ မင်းအောင်လှိုင်ကြောင့်လေ
@kggyi2852
@kggyi2852 Год назад
သီချင်းကကောင်းတယ် သီပေါလိုကောင် က တော့ မကောင်းခဲ့ဘူး😢
@Yoon_Gracie
@Yoon_Gracie 25 дней назад
ဘာလို့လဲ ပြောပြ နားထောင်ချင်တယ်
@hein-htet-sann
@hein-htet-sann 6 месяцев назад
အဲ့လိုသီချင်းမျိုးတွေကိိို ကြိုက်လို့ ဘယ်လိုရှာရတာလဲဗျ
@ZarNiShein-tt7dt
@ZarNiShein-tt7dt 2 месяца назад
‌ခွေးမျိုးတွေက ငါတို့ရဲ့မြင့်မြတ်လှတဲ့ ဘုရင်နှင့်မိဘုရားကို ဖမ်းသွားတယ် တစ်နေ့သူတို့ဝဋ်ပြန်လည်ကြပါစေ
@uwin6090
@uwin6090 Год назад
အဲဒီတုန်းကလည်း စုဖျက်လို့ပြည်ပျက်တာ ခုလည်း စုဖျက်လို့ပြည်ပျက်တော့မှာ
@Leoncung
@Leoncung Год назад
ဦးနှောက်မသုံးပဲ အစာအိမ်သုံးလို့ မစင်ထွက်လာတာ ချီစားက ချီနံတာမဆန်ပါဘူး ခွေးသူတောင်းစာရဲ့
@uwin6090
@uwin6090 Год назад
@@Leoncung စောက်ပိန်းကစောက်ပိန်းဘဲ ဘယ်တော့မှအမှန်မမြင်နိုင်ဘူး ဉာဏ်ရည်မှမမှီတာကို မွတ်ဘောစုပ်ခွေးတွေ
@user-tl5li1nu4g
@user-tl5li1nu4g 9 месяцев назад
ပထွေးလုပ်လို့အသေကြပ်အနေကြပ်ဘ၀ကိုခုထိ မဆိုင်တာဆွဲထည့် တုန်း အစစအရာရာကျပ်တည်းလာတာဘယ်သူ့လက်ချက်လည်း ကိုယ့်ကိုကိုယ်ပြန်မေးအုန်းဟုက်လားမဟုက်လား ခွေးဟောင်သလိုပေါက်ပန်းလေးဆယ်မပြောနေနဲ့
@user-pv8rb1pd9o
@user-pv8rb1pd9o 9 месяцев назад
@@uwin6090 စောက်ရူး Fuck
@uwin6090
@uwin6090 9 месяцев назад
@@user-pv8rb1pd9o စောက်ပေါ ငကြောင် fox you man
@Htwe41
@Htwe41 10 месяцев назад
ဒီသီချင်းကိုရှာတာခုမှပဲတွေ့တော့တယ်ကျေးဇူးပါခင်ဗျ
@KoKo-fd2bz
@KoKo-fd2bz Год назад
ဘယ်နှစ်နားထောင်နာထောင်ရင်ထဲမှာနာကြင်ခန်စားရပါတယ်
@kyawzanoo2589
@kyawzanoo2589 2 года назад
ရခိုင့်နောက်ဆုံးဘုရင်နှင့်မိဖုရားကိုမှန်းမျှော်မိပါသည်
Далее
Burmese Musician U Ank Gyi & American Musicians 1961
12:26
МАРИЯ ГОЛУБКИНА О БАБУШКЕ #shorts
00:43
တို့ဗမာသီချင်း
6:36
Просмотров 155 тыс.