စွန့်ပစ်၍မထားကျူး - Myanmar Hymn Song
No, never alone
သရဖီတင်
@Credit to Original Creators & Owners
Photo From ..
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
www.pexels.com...
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သီချင်းစာသား .....................................................................
စွန့်ပစ်၍မထားကျူး
သရဖီတင်
၁။ လျှပ်စစ်ပြက်ခြင်းကို မြင်ရပြီ၊
မိုးချုန်းသံလည်းကြား၏၊
ကျွန်ုပ်၏ဝိညာဉ်ကိုအောင်ရန်၊
အပြစ်လှိုင်းလိုခတ်သည်။
ခုခံ၍တိုက်ခိုက်အောင်မြင်ရန်၊
ယေရှုမိန့်သံကြား၏၊
တစ်ယောက်တည်းသင့်ကိုဘယ်ခါမျှ၊
ငါသည်စွန့်ပစ်၍မထား။
ထပ်ဆိုရန် -
သင့်တစ်ယောက်တည်းသာ
စွန့်ပစ်၍မထား၊
ကတိတော်ရှိသည်ကား
ငါသည်စွန့်ပစ်၍မထား။
၂။ လောကစုံစမ်းနှောင့်ယှက်ခြင်းများ၊
မုန်တိုင်းလိုတိုက်လျက်လာ၊
ကယ်ချွတ်ပိုင်ရှင်သည်အနားမှာ၊
ရပ်သောကြောင့်ချမ်းသာရ။
လောကမိတ်ဆွေများစွန့်သောခါ၊
ဘေးမှကိုယ်တော်ကွယ်ကာ၊
တစ်ယောက်တည်းသင့်ကိုဘယ်ခါမျှ၊
ငါသည်စွန့်ပစ်၍မထား။
၃။ စုံစမ်းနှောက်ယှက်ရာချိုင့်ထဲမှ၊
စိုးရိမ်ခြင်းလမ်းလျှောက်သွား၊
လက်ဝါးကပ်တိုင်တော်လေးသောခါ၊
ကိုယ်တော်ရှင်သည်မစ။
ကျွန်ုပ်ခြေကိုမကူညီလျှင်၊
တိုင်တော်ပစ်ချထားချင်။
တစ်ယောက်တည်းသင့်ကိုဘယ်ခါမျှ၊
ငါသည်စွန့်ပစ်၍မထား။
၄။ တောင်ပေါ်မှာ ကိုယ်တော်သေခံပြီ၊
နံဘေးကိုထိုးဖောက်သည်။
ကိုယ်တော်သည် အကျွန်ုပ်တွက်တာ၊
သွေးတော်မြတ်ကိုသွန်းရှာ။
ကောင်းကင်ပလ္လင်ပေါ်မှာထိုင်၍၊
ကျွန်ုပ်ကိုစောင့်လျက်နေ၊
တစ်ယောက်တည်းသင့်ကိုဘယ်ခါမျှ၊
ငါသည်စွန့်ပစ်၍မထား။
.........................................................................................................................................
@Credit to Original Creators & Owners
NO COPYRIGHT INFRINGEMENT INTENDED
"Copyright Disclaimer Under Section 107 of the Copyright Act 1976, allowance is made for "fair use" for purposes such as criticism, comment, news reporting, teaching, scholarship, and research. Fair use is a use permitted by copyright statute that might otherwise be infringing. Non-profit, educational or personal use tips the balance in favor of fair use"
.........................................................................................................................................
3 окт 2024