စစ်တပ် အာဏာသိမ်းပြီးနောက် ရွေးချယ်ခန့်အပ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအကြောင်းပြကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ နေရာယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ယာယီသမ္မတ ရာထူးအား ယနေ့ လွှပြောင်းရယူလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
ဦးမြင့်ဆွေမှာ ကျန်းမာရေး မကောင်းသဖြင့် ယာယီသမ္မတ တာဝန်ဝတ္တရားများ လစ်ဟင်းနေသည့် အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများလိုအပ်သလိုဆောင်ရွက်နိုင်ရန် နစကဥက္ကဋ္ဌထံ တာဝန်များလွှအပ်ကြောင်း ယာယီသမ္မတရုံးက စာပိုလာသည့်အတွက် ယနေ့ မနက် ၁၁ နာရီခွဲအချိန်တွင် လက်မှတ်ရေးထိုး လက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
15 окт 2024