အရဟတာဒိ န၀ဂုဏေဟိ- အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမ္ပန္နာဂတံ- ပြည့်စုံတော်မူသော၊ နာထံ- လူ,နတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော၊ ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာ ဘုရားကို၊ ဥဒ္ဒိဿ- ရည်မှတ်၍၊ စေတီယဿ- ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊၀ဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ- အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော၊ ဣမံ ပိဏ္ဍပါတ ခါဒနိယ ဘောဇနိယံ- ဤဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ် အရသာအဖြာဖြာကို၊ သက္ကစ္စံ- ရိုရိုသေသေ၊ ဒေမိ- နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊ ပူဇေမိ- နိဗ္ဗာန်ရည်မျှော် ပူဇော်ပါ၏ အရှင်ဘုရား၊
မေ- တပည့်တော်(မ)၏၊ ဣဒံပုညံ- ဤကောင်းမှုသည်၊ အာသ၀က္ခယံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို၊ အာဝဟံ- ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်၊ ဟောတု- ဖြစ်ပါ စေသတည်း။
15 сен 2024