Тёмный

ဆွမ်းမွှေးရွက် ကြက်သားကြော် 

Cook for K1
Подписаться 372 тыс.
Просмотров 3,1 тыс.
50% 1

ကြက်ကြော်ကြိုက်တဲ့ သူငယ်ချင်းတွေ ကြိုက်မယ့် ထိုင်းစတိုင် ဆွမ်းမွှေးရွက် ကြက်သားကြော် လေးပါ။
အရိုးထုတ်ထားတဲ့ကြက်ပေါင်သား ၃၀၀ ဂရမ် (၂၀ ကျပ်သားဝန်းကျင်) ကို အတုံးသေးသေး လေးတုံးထားပေးပါ။ ကြက်ရင်ပုံသားနဲ့ လိုက်ဖက်မှုမရှိဘဲ ကြက်ပေါင်သားနဲ့သာ လိုက်ဖက်မှုရှိပါတယ်။ ကြက်ကြော်ရဲ့ အဓိက အရသာနှပ်တာပါ။ အရသာနှပ်ရန်အတွက် သကြား ဇွန်းတဝက် (စားပွဲတင်ဇွန်း)။ ပဲငံပြာရည်အကြည်။ နှမ်းဆီမွှေး။ ခရုဆီကို (စားပွဲတင်ဇွန်း - ၁ ဇွန်း) ထည့်ပါမယ်။ ငရုတ်ကောင်းမှုန့်အမဲ နဲ့ ခြစ်ထား သို့ ထောင်းထားတဲ့ ကြက်သွန်ဖြူ ၇ မွှာလောက်ထည့်ပေးပါ။ အားလုံးနှံ့စပ်အောင်မွှေပြီးရင် အနည်းဆုံး ၁ နာရီ သို့ ညလုံးပေါင်း ရေခဲသေတ္တာထဲမှာ နှပ်ထားပေးပါ။
ဆွမ်းမွှေးရွက်တွေကို ရေနဲ့ သန့်အောင် ဆေးပေးပါ။ ဖြစ်နိုင်ရင် သန့်တဲ့ သွားပွတ်တံလေးနဲ့ သေချာဆေးပြီးရင် ရေစင်အောင် သုတ်ထားပေးပါ။ ပြီးရင် ဗီဒီယိုထဲမှာ ထုပ်တဲ့အတိုင်းလေး ကြက်သား ထည့်ပြီး ထုတ်ပေးပါ။ (စာနဲ့ရေးပြလို့အဆင်မပြေလို့ပါ) ။ ကြက်သားတွေထည့်တဲ့ အခါ ခပ်ပြည့်ပြည့်လေးဖြစ်မှ ကြော်တဲ့အခါ အသားတွေကျုံ့ တဲ့အခါ အနေတော် ဖြစ်မှာပါ။ ပြီးမှ ဆီပူပူထဲမှာ ထည့်ပြီးကြော်ပေးပါ။ (မီးအလယ်အလတ်နဲ့ ၇ မိနစ်လောက် ကြော်ပေးပါ။
ဆော့စ်လုပ်ဖို့အတွက် ဒယ်အိုးအသေးထဲမှာ ရေအနည်းငယ်ထည့်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ချင်း (ဂျင်း) ၅ ပြားလောက်ထည့်မယ်။ ပဲငံပြာရည် ၁ ဇွန်း (စားပွဲတင်ဇွန်း)။ ပဲငံပြာရည်အနောက် ၁ ဇွန်း (စားပွဲတင်ဇွန်း)။ သကြား ၁ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး ရေဆူပြီး အနည်းငယ်ပျစ်လာရင် ဆော့စ်ရပြီဖြစ်ပါတယ်။ အအေးခံပြီးရင်ဆော့စ်ထဲကို နှမ်းလှော်အနည်း ငယ်ထည့်ပေးပါ။
စားတဲ့အခါ သတိထားရမှာက ဆီတွေက အရွက်ထဲမှာ ရှိတဲ့အတွက် အခန့်မသင့်ရင် အပူလောင်နိုင်ပါတယ်။
သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင် ကြပါစေ…
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Хобби

Опубликовано:

 

24 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 10   
@dawpaukpauk4304
@dawpaukpauk4304 Год назад
ကျေးဇူးပါ 😻😊👍 စားချင်စရာ ဟင်းနည်းအဆန်းလေးတိုးပြန်ပြီ ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
@Cookfork1
@Cookfork1 Год назад
အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏
@gugu4714
@gugu4714 Месяц назад
ကျေးဇူးများစွာပါ။
@Cookfork1
@Cookfork1 Месяц назад
ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏
@zzmzzm9998
@zzmzzm9998 Год назад
Thanks
@Cookfork1
@Cookfork1 Год назад
Thank you 💞😊
@thwetye1181
@thwetye1181 Год назад
ကြည့်ချင်တဲ့ ဟင်းချက်နည်းလေးတင်ပေးတာကျေးဇူးပါ😊
@Cookfork1
@Cookfork1 Год назад
ကျေးဇူးတင်ပါတယ်ခင်ဗျာ
@ayeaye3541
@ayeaye3541 Год назад
ဆွမ်းမွှေးရွက်လေးနဲ့ဆိုတော့ အနံလေးကမွှေးပြီး စားကောင်းမှာနော် လုပ်စားမယ်နော် ကျေးဇူးပါ😊😍🙏
@Cookfork1
@Cookfork1 Год назад
ဟုတ်တယ်‌ဗျ။ အရသာနှပ်ထားတော့ အသားကလည်းအရသာရှိတယ် 😊
Далее
စမိုင်လုပ်နည်း Semai
4:19
Просмотров 3,2 тыс.
Как вам тату?
0:32
Просмотров 1,6 млн
Нашел котенка 😭
0:53
Просмотров 2,6 млн
Don´t WASTE FOOD pt.2 🍕
0:19
Просмотров 53 млн