ညီတော်မင်းနန်း New Music C8
တေးရေး ဦးစိန်ကတုံး
တေးဆို သုမောင်
• ညီတော်မင်းနန် သုမောင် ...
သုမောင် လက်ရွေးစင်သီချင်းများ Album
ဦးစိန်ကတုံး ၏ ညီတော်မင်းနန်ချွတ်ခန်း
တမင် မျှော်လို့ ပြောပြပါကွယ် ထင်ပေါ်တဲ့ အချော အရသာလဲ အတည်နော် မငြင်းဆန် ပြည်ပေါ်သတင်းလျှံ ရှင်တော်ဂေါတမရယ်က ဝဇီနော်လင်းပြန် ညီတော်မင်းနန် …..
နတ်တမျှပမာညီ အင်္ဂါနက္ခတ်စန်းတွေနဲ့ အော် ဘဒ္ဒကလျာဏီ မမြင်ပါ တစ်ရက်မကြာ လွမ်းရတာကြောင့် မင်္ဂလာလက်ထပ်ဆွမ်းကိုမှ မယားပြလို၍ ဘုရားကြွပါဟု အပါးကလျှောက်ပြန် ဘုရားဇိနံ နိဗ္ဗာန် မဂ်ဖိုလ်ရက်တိုတိုနဲ့ လှမ်းရန် ပြည်ပေါ် ညီတော် သပိတ်ကိုထမ်းပါလို့ တောလမ်းအပြန် သစ်ငုတ်တို ခြောက်စအပေါ်က မျောက်မနဲ့ပမာညီ ကလျာဏီနဲ့ဘယ်သူလှ ပြောတာက သဘောဟာမကျ ဂေါတမဇိနံ အောင်မယ်မင်း ဆိုရက်လေတဲ့ကံ ကျုပ်မင်းညီနန် အနှိပ်စက်ကိုခံ သပိတ်ဖက်လို့ ငိုပြန် တရားသီချင်းမှန် စကားအရင်းခံ တရားလင်းဟန် ပြုံးပြန် ကတုံးကြံ ကြောက်စရာ့ရန် မျောက်မသဏ္ဍာန် …..
(ပန်းဝတ်မှုန် စုံမြိုင်ယံ သိကြားအစေခံ ၀ေဇယန်ကောင်းကင်ခရီး သုံးလူ့ဘမြတ်စွာ နတ်ကညာ ပြတဲ့နည်း အော် ညီတော်ကညည်း နတ်သမီးဆက်သွင်းဟန် ရိပ်ရာနှင်းပြန် အဝိဇ္ဇာပစ္စယံ တပြန် ရရန် ဥုံ အနိစ္စ ဒုက္ခ ရုပ်လှဆင်ခြင်ရန်)၂ …..
(ကြည့်ပြန် ရှုပြန် တောစုံမြိုင်ယံ)၂ ဆူညံလျှင် လူသံမကြားလို၍ မယားအတွေ့မခံချင်ပြန် ဝတ်ကြောင်ကို လွတ်အောင်ရုန်းမယ် ကတုံးစိတ်ကကြံ …..
တကယ်ရှု ဆင်ခြင်ပြန် မယ်နုမြင်လျှင်အန် မိန်းမသားသွင်ပြင်ဟန် ယိမ်းသမကလေးတွေ မြင်လျှင်အန် …..
သဘောကျစေဘို့ ဂေါတမ မင်းညီနန် သိမ်မဆုံးအောင် စိန်ကတုံးက နိက္ခမ ပါရမီဉာဏ် ….. ။
7 сен 2024