Тёмный

တပ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ဘယ်လိုလူစားလဲ 

NewsWatch Myanmar
Подписаться 184 тыс.
Просмотров 1,3 тыс.
50% 1

မြန်မာနိုင်ငံ လွတ်လက်ရေးရပြီးနောက် တပ်မတောကာကွယ်ရေးဦးစီးချုပ်တာဝန်ကို စတုတ္ထမြောက် ထမ်းဆောင်ခွင့်ရခဲ့သူဟာ သူရဦးတင်ဦးပဲ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီးစန်းဆီမှ ပခုံးလွှဲပြောင်းယူခဲ့ပြီး ၂ နှစ်တိတိ တပ်မတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ မြန်မာ့လွတ်လပ်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်းမှာ ချန်လှပ်လို့မရတဲ့ပုဂ္ဂိုလ်တဦးပဲဖြစ်ပါတယ်။
သူရဦးတင်ဦးကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဘွတ်ကြီးတန်းလမ်းမှာ အဖ ဦးမောင်ကြိုင်၊ အမိ ဒေါ်မြတင်တို့က ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၆ ယောက်ရှိတဲ့အနက် အကြီးဆုံးသားရတနာလည်း ဖြစ်ပါတယ်။
ပုသိမ်မှာ ပညာသင်ယူနေရင်း ၁၉၄၁ ခုနှစ်မှာ မြန်မာပြည်ကို ဖက်ဆစ်ဂျပန်တွေဝင်လာတဲ့အတွက် မိသားစုနဲ့အတူ ပုသိမ်မြို့နဲ့သိပ်မဝေးတဲ့ သရက်ကွင်းရွာမှာ သွားရောက်စစ်ရှောင်ခဲ့ရပါသေးတယ်။ အဲဒီအချိန်မှာပဲ ဖခင်ဖြစ်သူဟာ ဝမ်းရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့အတွက် အစ်ကိုကြီးအဖအရာ မိသားစုတာဝန်ကိုဦးဆောင်ပြီး ပုသိမ်မြို့၊ အိုးဘိုလမ်းကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဂျပန်ခေတ်မှာ ပညာ ဆက်လက်သင်ယူရင်း ပုသိမ်မြို့မ ဗဟိုအမျိုးသားအထက်တန်းကျောင်း (အခု အထက (၂) ပုသိမ်) မှ ဆယ်တန်းအောင်မြင်ခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီးနောက် ၁၉၄၃ ခုနှစ်မှာ စစ်ထဲဝင်ရောက်ခဲ့ပါတယ်။ ဦးတင်ဦး ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့တပ်ကတော့ ရန်ကုန်မြို့က စစ်ဝန်ကြီးရုံး (ဗဟိုကင်းတပ်) အခု ပဒုမ္မာဘောလုံးကွင်းမှာပဲ ဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ်မှာ မင်္ဂလာဒုံ တတိယပတ် ဗိုလ်သင်တန်းကို တက်ရောက်ခွင့်ရပြီး အလုပ်သင်ဗိုလ် ဖြစ်လာခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ မန္တလေးတိုင်း တိုင်းမှူးဖြစ်တဲ့ ဗိုလ်မှူးကြီးဗထူး ဦးစီးတဲ့တပ်မှာ စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ ကန္ဒိစာချုပ်အရ စစ်တပ်က အနားယူရသူတွေထဲမှာ ဦးတင်ဦးမပါဝင်တဲ့အတွက် စစ်ဘက်တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ရာမှာ ၁၉၄၆ ခုနှစ်မှာ ကြည်း-၃၆၅၁၊ ဒုဗိုလ်အဆင့်နဲ့ ပြန်တမ်းဝင်အရာရှိ ဖြစ်လာခဲ့ပါတယ်။ တပ်မတော်မှာ တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ရင်း ၁၉၇၂ ခုနှစ်မှာ ဗိုလ်ချုပ်ရာထူးနဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။
၁၉၇၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ရယူခဲ့ပါတယ်။ စစ်မြေပြင်မှာ ရဲဝံ့ပြတ်သားစွာ ထမ်းဆောင်ခဲ့တဲ့အတွက် သူရဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး နှစ်နှစ်အကြာ ၁၉၇၆ မတ်လ ၆ ရက်နေ့မှာ တာဝန်မှ အနားပေးခံခဲ့ရပါတယ်။
စစ်တပ်ကထွက်ပြီး ၁၀ နှစ်ကျော်အကြာ ၁၉၈၈ အရေးအခင်းကာလ စက်တင်ဘာ ၂၄ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို စတင်ထူထောင်ပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ NLD ဥက္ကဋ္ဌအဖြစ် ၁၉၈၈ ကနေ ၁၉၈၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်း အဖွဲ့ချုပ်ရဲ့ နာယကအဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဦးတင်ဦးဟာ စစ်သားဘဝမှာလည်း ရွံ့ရွံ့ချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့လို့ စွမ်းရည်သတ္တိဆိုင်ရာ သူရဘွဲ့ရရှိခဲ့သလို နိုင်ငံရေးသမားဘဝမှာလည်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးသမားတယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဖြတ်သန်းခဲ့ရာ နိုင်ငံရေးခရီးလမ်းတလျှောက် ၁၉၈၉ ခုနှစ်မှာ တကြိမ်၊ ၂၀၀၇ မှာ တကြိမ် ၂ ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရတာပါ။
လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲမှာ လူငယ်ပီပီ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာတော့ သူချစ်တဲ့နိုင်ငံနဲ့ ပြည်သူကို ကျောခိုင်းထွက်ခွာသွားခဲ့ပါတော့တယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၉၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်လိုမှ မေ့ပျောက်ထားလို့မရတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ် NLD ပါတီရဲ့ နာယကကြီးလည်းဖြစ်ခဲ့တဲ့ သူရဦးတင်ဦးရဲ့ ဘဝတစိတ်တပိုင်းကို မှတ်တမ်းတင်ဖော်ပြလိုက်ရတာပဲ ဖြစ်ပါတယ် ခင်ဗျား။

Опубликовано:

 

5 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
@user-jh2ys2cs4d
@user-jh2ys2cs4d Месяц назад
ဘာစောက်ထင်ကြီးစရာရှိလဲ
Далее
НРАВИТСЯ ЭТОТ ФОРМАТ??
00:37
Просмотров 3,2 млн