ငယ်ငယ်ကတည်းက အရမ်းကြိုက်ခဲ့ရတဲ့ တို့ဟူးနောင်းလေးနဲ့ အနီးစပ်ဆုံး ပုံစံတူအောင် လုပ်စားဖြစ်တာလေး မျှဝေပေးချင်ပါတယ်ရှင်။ တို့ဟူးနောင်း အစစ်တော့မဟုတ်ပေမယ့် အိမ်မှာရှိတာတွေနဲ့ လူတိုင်းအလွယ်တကူ လုပ်စားနိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်။
တကယ်တို့ဟူးနောင်းလုပ်နည်းကတော့ ပဲနို့ကို ခဲစေတဲ့ အမှုန့်တစ်မျိုးထည့်ပြီး လုပ်ရတာပေါ့နော်။ ကျောက်မှုန့်လို့လည်း ပြောကြတယ်။ ကျမကတော့ အဲ့အမှုန့်လည်း ဘယ်လိုဝယ်ရမှန်းမသိဘူး။ အဲ့ဒါကြောင့် အလွယ်ဝယ်လို့ရတဲ့ ကျောက်ကျောမှုန့်လေးနဲ့ပဲ လုပ်စားဖြစ်တာပါ။ တကယ်စနစ်တကျလုပ်တဲ့ တို့ဟူးနောင့်လုပ်နည်းကို ပုံစံဖျက်ချင်တာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ်စားချင်တာလေးကို အလွယ်ဝယ်လို့ရတာလေးနဲ့ အနီးစပ်ဆုံးတူအောင်လုပ်စားပြီး အဆင်ပြေလို့ ပြန်မျှဝေပေးတဲ့သဘောဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ အမှားအယွင်း တစုံတခုများ ရှိခဲ့တယ်ဆိုရင်လည်း ခွင့်လွှတ်ပေးပါလို့ ကြိုတင်ပြီး မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်။
တို့ဟူးနောင်း၊ တို့ဟူးလောင်း ရန်ကုန်မှာဆိုရင်တော့ ပဲပေါင်းလို့ ခေါ်တာပါတယ်။ တို့ဟူးနောင်းလည်း အရမ်းစားချင်တယ်။ ပဲနို့ကို ခဲစေတဲ့အမှုန့်လည်း အလွယ်မရှိဘူးဆိုရင်တော့ ဒီနည်းလေးနဲ့ လုပ်စားကြည့်ပါရှင်။
ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်
Subscribe လေး နှိပ်ပြီး အားပေးခဲ့ပါအုံးနော်
👇👇👇👇👇
/ @phyuhomecooking
----------------------------------------------------
လွယ်ကူရိုးရှင်း အိမ်ချက်ဟင်းလျာများ
ကြက်မွကြော် အလွယ်လုပ်နည်း
• ကြက်သားမွကြော် အလွယ်လု...
ငါးသေတ္တာဗူးနဲ့ မုန့်ဟင်းခါးချက်စားရအောင်
• မုန့်ဟင်းခါး အိမ်ချက် ...
ပုသိမ်ဟာလဝါ မာမာလေးထိုးနည်း
• ပုသိမ် ဟာလဝါ မာမာလေးထိ...
ဆေးဖက်ဝင် ရှောက်ယိုထိုးနည်း
• ဆေးဖက်ဝင် ရှောက်ယိုထို...
ကတ်ကြေးကိုက် အလွယ်ကြော်နည်း
• ကတ်ကြေးကိုက်ပုံစံတူ ညှ...
အရမ်းစားကောင်းတဲ့ ကြက်ဥမွှေကြော်
• ကြက်ဥမွှေကြော် အိအိထွေ...
အသီးအရွက်တွေ ကြာရှည်ခံအောင်
• Frozen Vegetablesတွေ အ...
----------------------------------------------------
Music From:
--------------------
Audio Library
----------------------------------------------------
🙏🙏🙏
Phyu Home Cooking Channel လေးကို
လာရောက်လည်ပတ်သူအားလုံး
ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ...
🙏🙏🙏
#တို့ဟူးနောင်း #တို့ဟူးနှောင်း #တို့ဟူးလောင်း #ပဲပေါင်း #ပဲနို့ခဲ #soymilk #pudding #တိုဖူးနောင်း #dessert #soyabean #soy #soybean #soymilkpudding
#myanmarfood #burmesefood #food #cooking #homecooking
#recipe #cuisine #phyuhomecooking #easycooking #cook #homemadefood #curry #recipes #dishes #chef #ပဲပူတင်း
2 окт 2024