Тёмный

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီး စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး 

D Day News
Подписаться 46 тыс.
Просмотров 2,2 тыс.
50% 1

D Day News
ဇူလိုင်လ ၂၀
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄ ရက် ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီခန့်က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာဘက်ကို အကြမ်းဖက် စစ် တပ် မိတ္ထီလာ တပ်မ ၉၉ မှ အင်အား ၁၅၀ ခန့်ဖြင့် လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးဝင် ရောက် လာခဲ့ ကြောင်း၊ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်သားများ စခန်းချနေသည့် နေရာအား တောင်သာမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ရှောင်တခင် အနီး ကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး G3 အမျိုးအစား သေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်သာပလဖ၊ မိတ္တီလာ ပကဖ၊ နေပြည်တော် ၈၀၁ တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဇူလိုင်လ ၁၆ ရက် နေ့နှင့် ၁၇ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်သားများက ဇရက်ကြီးရွာကို မီးရှို့ နေစဉ် တောင်သာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်း (MDDS) ၊ မြင်းခြံခရိုင်ရင်း ၃ ၊ တပ် ရင်း ၄ ၊ တပ်ရင်း ၈ နှင့် မလိုင်ပကဖတို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ မြေပြင်မှ ပြောက် ကျားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် ယင်းအကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး မျက်သေဆုံးပြီး မူး ယစ်ဆေးဝါးများသုံးစွဲထားသဖြင့် အကြောက်အလန့်မရှိသော စစ်သားများ ဇွတ်အတင်း တိုးဝင် လာသဖြင့် အသင့်ထောင်ထားသော မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက် နေ့လည်ပိုင်းတွင် ဇရပ်ကြီးရွာမှ သေ ဆုံး၊ ဒဏ်ရာရ အလောင်းများကို ထမ်းစင်များဖြင့် ထမ်းသယ်ပြီး ဆုတ်ခွာသွားကြောင်း၊ ထိုသို့ စစ် ကြောင်း ဆုတ်ခွာသွားစဉ် မြင်းခြံခရိုင် တပ်ရင်း ၄ ၊ ခရိုင်ဒရုန်းTeam တို့မှ ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဇရပ်ကြီးရွာအတွင်း၌ ၄ ရက် ဆက်တိုက် အနီးကပ် တိုက်ပွဲ ၃ ကြိမ်၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၄ ကြိမ်ကို တောင်သာမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ ပကဖ၊ တောင်သာ ပလဖ ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၈ ၊ တရင်း ၉ ၊ မလှိုင် ပကဖ အဖွဲ့ နှင့် နွားထိုးကြီး ပကဖ အဖွဲ့တို့ ပူးပေါင်းပြီး လက်တွဲညီညီ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ G3 အမျိုးအစားသေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Wesite Link -
Telegram Link - t.me/ddaynewsm...
Twitter Link - / ddaynews124968
နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို / ddaynews
RU-vid Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmar #တောင်သာမြို့နယ် #အကြမ်းဖက်စစ်တပ် #PDF #ddaynews

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
@mgmgkoko5903
@mgmgkoko5903 2 месяца назад
👍💪💪
@Zinlatt-h1q
@Zinlatt-h1q 2 месяца назад
စစ်သားမဟုတ်ဘဲ စစ်သားလုပ်ပြီး အာဏာရှင်စနစ်ကိုတော်လှန်တဲ့ PDF လေးတွေ လေးစားလျှက်ပါ။❤❤❤
@AyeThin-c9v
@AyeThin-c9v 2 месяца назад
မဂ်လာညနေခင်းလေးပါ D Day ရေမျှဝေတာ ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 👋👋👋💙💙ပြည်သူအချစ်တော်လေးများအားလုံးနေကောင်းကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ အစစအရာရာအဆင်ပြေပါစေလို့ရာပန်းတိုင်ကိုဘေးဘရာကင်းစွာရှောက်လမ်းနိုင်ကြပါစေ 🙏🙏🙏🤘🤘⭐⭐💞💞တရားတဲ့ သူသာ နိုင်ကြေးဟေ့ 💯💯💯♥♥♥🇨🇳🇨🇳🇨🇳
@mgmgkoko5903
@mgmgkoko5903 2 месяца назад
သေစမ်းစစ်ခွေးကျွန်အကြမ်းဖက်တွေ
Далее
Nyanyian Infantri 97
1:00
Просмотров 868
fire fire 🔥
2:14
Просмотров 275
Ong Bak | Fight Club Scene
15:05
Просмотров 75 млн
မြဝတီ လမ်းဟောင်း!!!
5:11
When Royal Guards Fight Back!
8:08
Просмотров 6 млн