မာဏဝ၏ မဟာဂီတ ပေါင်းချုပ်ကြီးမှ • ယသော်ဓရာ ခေါ် တောထွက်ခန်း • ယိုးဒယားသီချင်း အမှတ် ၁
• စိန်အောင်လွင်
yasoʻdharā, nanʻʺtoṅʻññhā, sāʺrāhulā, rvhemyakʻnhāññhuiʺ le’oṅʻsā, pacʻsvāʺrhoṅʻkhvā, ’oṅʻkhyākappa inanʻʺ, caṃmranʻʺtoʻ rā, loṅʻʺleʹloṅʻʺbuddhā, mratʻuyyāñʻsā, makrāthvakʻkāsvāʺ, leʺpāʺrayʻ, sū’uisūnā, sūse mraṅʻpranʻlyhaṅʻ cvaicitʻsaṃve, lūtuiṅʻʺ rapʻmre, krārhaññʻ nevaṃʹpai. . nanʻʺthaimhāpaṅʻ, ’ui leʹ pyoʻmarvhaṅʻ, moṅʻchanʻkuinuiʺ, sūtuiṅʻpaṅʻ. kaṇḍaka natʻmaṅʻʺ kakruiʺchaṅʻ. . yasoʻmekhaṅʻ, rvhecaṅʻ’irayʻ, krāyaṅʻsitayʻripʻmimayʻ. .sanʻʺkhoṅʻ layʻ, sanʻʺkhoṅʻlayʻ, thvakʻtoʻmūnanʻʺkakhvātayʻ, moṅʻbhunʻʺpyokʻ tayʻ, choṅʻ’aṃʹbvemraṅʻʹlayʻ. .siddhatʻ bhunʻʺkrvayʻ, loṅʻʺleʹ loṅʻʺmratʻnvayʻ, svayʻsvayʻthapʻpvāʺ natʻmyāʺcvā. mīʺvākuiṅʻthvanʻʺle saññʻʹtā, tejāvephrā, khemākamʻʺya, nibbānʻnanʻʺkuimranʻʺmaññʻʹkraṃ. ’atanʻtanʻ, ’atanʻtanʻ, mārʻnatʻlā, chaṅʻʺr*tāʺpranʻ, bhurāʺphracʻranʻ ’akraṃ’oṅʻluchai. . ṅvesaisoṅʻpraṅʻ ’uilenoʻmākhvaṅʻ, kūʺkā khyakʻkhyaṅʻʺrokʻpranʻlyhaṅʻ, chaṃtoʻpayʻrhaṅʻʺlesaññʻʹ’aṅʻ, thakʻkhvaṅʻbrahmā makrāchakʻlā, cakʻcuṃraṅʻʺmhā vapʻcaṅʻʺkā, padummā, padummā, rvhekrā saṅkanʻʺkui kapʻrhā, dukkaracariyā, khrokʻnhacʻkyaṅʻʹsaññʻʹtā, kyoṅʻʺ toʻlele rvhevihā. .
ယသော်ဓရာ၊ နန်းတောင်ညှာ၊ သားရာဟုလာ၊ ရွှေမျက်နှာညှိုး လေအောင်သာ၊ ပစ်သွားရှောင်ခွါ၊ အောင်ချာကပ္ပ ိနန်း၊ စံမြန်းတော် ရာ၊ လောင်းလေ့လောင်းဗုဒ္ဓါ၊ မြတ်ဥယျာဉ်သာ၊ မကြာထွက်ကာသွား၊ လေးပါးရယ်၊ သူအိုသူနာ၊ သူသေ မြင်ပြန်လျှင် စွဲစိတ်သံဝေ၊ လူတိုင်း ရပ်မြေ၊ ကြာရှည် နေဝံ့ပဲ။ ။ နန်းထဲမှာပင်၊ အို လေ့ ပျော်မရွှင်၊ မောင်ဆန်ကိုနိုး၊ သူတိုင်ပင်။ ကဏ္ဍက နတ်မင်း ကကြိုးဆင်။ ။ ယသော်မေခင်၊ ရွှေစင်အိရယ်၊ ကြာယင်သိတယ်ရိပ်မိမယ်။ ။သန်းခေါင် လယ်၊ သန်းခေါင်လယ်၊ ထွက်တော်မူနန်းကခွါတယ်၊ မောင်ဘုန်းပျောက် တယ်၊ ဆောင်အံ့ဗွေမြင့်လယ်။ ။သိဒ္ဓတ် ဘုန်းကြွယ်၊ လောင်းလေ့ လောင်းမြတ်နွယ်၊ သွယ်သွယ်ထပ်ပွား နတ်များစွာ။ မီးဝါကိုင်ထွန်းလေ သည့်တာ၊ တေဇာဝေဖြာ၊ ခေမာကမ်းယ၊ နိဗ္ဗာန်နန်းကိုမြန်းမည့်ကြံ။ အတန်တန်၊ အတန်တန်၊ မာရ်နတ်လာ၊ ဆင်း၍တားပြန်၊ ဘုရားဖြစ်ရန် အကြံအောင်လုဆဲ။ ။ ငွေသဲသောင်ပြင် အိုလေနော်မာခွင်၊ ကူးကာ ချက်ချင်းရောက်ပြန်လျှင်၊ ဆံတော်ပယ်ရှင်းလေသည့်အင်၊ ထက်ခွင်ဗြဟ္မာ မကြာဆက်လာ၊ စက်စုံရင်းမှာ ဝပ်စင်းကာ၊ ပဒုမ္မာ၊ ပဒုမ္မာ၊ ရွှေကြာ သင်္ကန်းကို ကပ်ရှာ၊ ဒုက္ကရစရိယာ၊ ခြောက်နှစ်ကျင့်သည့်တာ၊ ကျောင်း တော်လေလေ ရွှေဝိဟာ။ ။
14 сен 2023