ကဲ ဒီနေ့ကတော့ စျေးသွားမဝယ်ပဲ အိမ်မှာရှိတဲ့အရွက်တွေနဲ့ အရွက်စုံဟင်းရည်လေးရယ်၊ ရှယ်ငါးပိချက်ရယ်၊ ဘဲဥအချဉ်ချက်လေးနဲ့ဆိုတော့ အစပ်အဟပ်အရမ်းတည့်ပြီး အားပေးကြမ်းကြတာ ထမင်းတောင် မလောက်ဘူးရယ်။
မြိုင်တို့က ခြံထဲမှာ သီးပင်စားပင်အစုံစိုက်ထားတော့ သူ့ရာသီနဲ့သူခူးစားရုံပဲ။ သားကြီးငါးကြီးအမြဲစားကြတာ မဟုတ်ဘူး။ အသားကတော့ ခေါင်းရွက်သည်တွေလာရောင်းတယ်။
အိမ်နီးနားချင်းတွေကလည်းကိုယ်လိုပဲဆိုတော့ စျေးသွားကြတာရှားတယ်။ ခြံထဲမှာရှိတာနဲ့ ဟင်းချက်ကြတာများတယ်ရှင့်။ မြိုင်သာ ချက်ရတာဝါသနာပါတော့ အမျိုးမျိုးကို ချက်ချင်နေတာ။
မြိုင့် video လေးတွေအားပေးလို့ ကျေးဇူးပါရှင်။
6 сен 2024