မြန်မာနိင်ငံမှာ အကုန်အလွတ်ကျက်ရတယ်၊ English ကို သူငယ်တန်းကနေ ဘွဲ့ရအထိ သင်ယူရတယ်၊ ဒါမေပမယ့် တစ်ယေက်မှ မတတ်ဘူး၊(ဆရာ/ဆရာမ ကိုယ်တိုင် ကို မတတ်ကြတာပါ။ ဟုတ်မဟုတ်ကို ကိုယ့်ပတ်ဝန်းကျင်က ကျောင်းဆရာ/ဆရာမတွေကို လေ့လာကြည့်ရင် သိနိုင်ပါလိမ့်မယ်၊ ။ English Language ကောင်းတဲ့ ဆရာ/ဆရာမ ကျွန်တော် မတွေ့မိသေးဘူး(ကျွန်တော်ဆိုလိုတာက ကျောင်းတွင်းပညာရေးပဲ သင်ဖူးခဲ့တဲ့ ပုဂ္ဂိုလ်တွေအများစုကို ပြောတာနော်) တကယ့် စိတ်ဝင်စားတဲ့သူတွေ အချို့ကသာ ပြင်ပမှာ လေ့လာမှုအားကောင်းလို့ အနည်းငယ်တတ်သွားကြတာ Professional အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဆို လက်ချိုးရေတွက်လို့ ရတယ်၊ ကျောင်းတွင်းက ဘွဲ့ရလို့ အလုပ်ကလေး တစ်ခု လျှောက်တဲ့အခါ Cover Letter တစ်မျက်နှာစာတောင် မရေးတတ်ကြပါဘူး၊ English လိုတောင် မပြောနဲ့ မြန်မာလိုတောင် ကိုယ်ရဲ့ Idea ကို မချပြတတ်ဘူး၊ ဒီလိုပညာရေးကို ကိုယ်တွေရဲ့ သားသမီးတွေကို ဘွဲ့ရအထိ အချိန်ပေးပြီး မသင်ယူစေလိုဘူး၊ တစ်ဘက်မှာလည်း နိုင်ငံခြား သွားသင်ဖို့ဆိုတာ Financial ကောင်းဖို့လိုတယ်၊ ပညာရေး မကောင်းတော့ ကျန်တဲ့ အရာရာအားလုံး ဟိုးဝေးကြီးမျာ ကျန်ခဲ့ပြီ (ပါးစပ်ကသာ မြန်မာ မြန်မာ လို့အော်နေကြတာ၊ လက်တွေ့မှာ ဘာမှ အသုံးမကျဘူး ၊ "မြန်မာအားကစား ကမ္ဘာကို လွှမ်းရမည်"တဲ့ အရှက်မရှိ ဆိုနေကြသေးတယ်။ by the way I have a big plan that my daughter is going to study in Thailand the next two year if possible.