မြန်မာ့လက်ရွေးစင်ကစားသမားဖြစ်သူ မောင်မောင်လွင်ဟာ လမ်ဖွန်ဝါရီယာအသင်းနဲ့အတူ အောင်မြင်မှုရခဲ့သလို ထိုင်းပရိသတ်တွေရဲ့ အလေးထားအားပေးခြင်းခံခဲ့ရသူပါ။ ထိုင်းလိဂ်-၂ မှာ ချန်ပီယံဖြစ်ခဲ့သလို လိဂ်-၁ ရောက်တဲ့အချိန်မှာလည်း အဓိကပွဲထွက်ကစားခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ အသင်းအချို့လည်း ကမ်းလှမ်းမှုကို လက်ခံရရှိထားပေမယ့် ထိုင်းလိဂ်မှာပဲဆက်ကစားချင်နေတဲ့ မောင်မောင်လွင်နဲ့တွေ့ဆုံခဲ့မှုကို Myanmaplatform ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။
#MyanmaPlatform #Sports
20 май 2023