Тёмный

ထွက်ပြေး စစ်သားတွေဆီက လက်နက်တွေ TNLA သိမ်းမိ... မတ္တရာမှာ PDF က စခန်းတွေ ထပ်သိမ်း... 

BurmaNewsNetwork
Подписаться 21 тыс.
Просмотров 1,3 тыс.
50% 1

ထွက်ပြေး စစ်သားတွေဆီက လက်နက်တွေ TNLA သိမ်းမိ... မတ္တရာမှာ PDF က စခန်းတွေ ထပ်သိမ်း... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၁၃- ၇- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၁၈) ရက်မြောက်နေ့မှာ နောင်ချို ဒုံးတပ်ရင်း ၆၀၆ ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းပြီး လက်နက်မျိုးစုံ ၁၀ ကျော် ထပ်မံသိမ်းမိတယ်လို့ PSLF/TNLA ပြောခွင့်ရက BNN ကိုပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သားတွေနဲ့ ဂုတ်တွင်းစခန်းမှာ မနေ့မနက် ၅ နာရီခန့်က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအလောင်းတွေနဲ့အတူ ၆၀ မမ မော်တာ၊ RPG လောင်ချာအပါဝင ်လက်နက် ၁၅ လက်သိမ်းမိတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပြပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဂုတ်တွင်းစခန်းကို စစ်ကောင်စီတပ်က Jet Fighter ၊ Mi35၊ Y12 တို့နဲ့ ဗုံးအလုံးရေ ၁၀၀ နီးပါး ကြဲချခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
တချိန်တည်းမှာပဲ နောင်ချိုမြို့နယ် နောင်အောရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ မိုးမိတ်မြို့အတွင်း ခလရ-၂၂၃ နဲ့ TNLA + PLA + PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီရဲ့ (၅)မိုင်တပ်စခန်းကနေ 60 မမ (၁) လက်၊ RPG7 (၂)လက်နဲ့ လက်နက်(၇)လက် သိမ်းဆည်းရမိတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်...
MNDAA (မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) ကိုးကန့်တပ်နဲ့ မဟာမိတ်တွေ အင်အားအများအပြားနဲ့ လားရှိုးမြို့အနီးအထိ မနေ့ကရောက်လာတဲ့အတွက် စစ်ကောင်စီတပ်က မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်နေ...
မတ္တရာမြို့နယ်ရှိ မြောက်တံငါ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး Alpha ဘိလပ်မြေစက်ရုံက ကာကင်းစခန်းကုန်းတွေကို ရှင်းလင်းနိုင်ခဲ့တယ်၊ လက်နက်မျိုးစုံ ၁၀ ကျော်နဲ့ ခဲယမ်းများစွာသိမ်းမိတယ်လို့ PDF-MDY က သတင်းထုတ်ပြန်...
ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ...
၂၀၂၄ ခုနှစ်ရဲ့ ပထမ (၆) လတာအတွင်း တိုက်ပွဲပေါင်း ၂၀၀၀ နီးပါးဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၂၀၀၀ နီးပါးသေဆုံး၊ ၁၀၀၀ ကျော်ဒဏ်ရာရတယ်လို့ KNU ကရင့်အမျိုးသားအစည်းအရုံး ဗဟိုက သတင်းထုတ်ပြန်...
သံတွဲနဲ့ ငပလီရှိ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့ကို AA အာရိက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် ငပလီကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးအရေးကို အများက စိတ်ဝင်စားနေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )
======
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network

Опубликовано:

 

17 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
@ဂဠုန်းမင်းမြတ်
ပြည်သူချစ်သော တော်လှန်းရေး ရဲဘော်အပေါင်င်းတို့... တံတားဉီး လေတပ်စခန်းကာ အခုတလော အရမ်းနာမ်မည်ကြီးလွန်းနေတယ် အဲဒါကို အလှကြည့်ထိုင် ကန်တော့ကြမှာလား သို့မဟုတ် ချေမှုန်းကြမှာလား... ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်
Далее
Cole Palmer Revenge vs Man City 🥶
00:20
Просмотров 2,2 млн
Million jamoasi - Amerikaga sayohat
12:37
Просмотров 497 тыс.
Incredible Moments Caught on Camera
30:40
Просмотров 4,5 млн
Webinar: AI Powered Tools for People Who Are Blind
1:04:07
Cole Palmer Revenge vs Man City 🥶
00:20
Просмотров 2,2 млн