Тёмный
No video :(

ဒီပဲယင်းမြို့မရဲစခန်းထဲမှ ထွက်လာသည့် စစ်ခ၊ ပခများကို တိုခိုက်မှု ၂ ဦးသေဆုံး 

D Day News
Подписаться 43 тыс.
Просмотров 1,5 тыс.
50% 1

D Day News
ဇူလိုင်လ ၁၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မရဲစခန်းထဲမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ဝန်ထမ်းတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ဒီပဲယင်းမြို့မရဲစခန်းအတွင်းမှ ကင်းပုန်း ဝပ်ရန် ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ဒေသနေပျူများ ပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ထွေအုပ် ဝန်ထမ်း တစ်ဦးအပါအဝင် ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“သူတို့က မြို့မရဲစခန်းထဲကနေ ကင်းပုန်းဝပ်တဲ့နေရာသွားဖို့၊ ကျနော်တို့က မြို့မရဲစခန်းထိပ်ကနေ ကင်းပုန်းဝပ်ပြီးစောင့်ပစ်တာ၊ စခန်းနဲ့ဆိုရင် နီးနီးလေးပဲ၊ ထွက်လာတာက ၃ ယောက်ပဲ ထွက်လာ တာ၊ တကယ်တမ်းဆိုရင် သူတို့က ကင်းယူမယ့်နေရာကိုသွားဖို့က လူ ၂၀ လောက်ထွက်ဖို့ပဲ၊ သူတို့ ထွက်ထွက်လာချင်းမှာ ဆီးပြီးပစ်တာဆိုတော့ ပစ်ကွင်းထဲကို ဝင်လာတာက ရှေ့ဆုံးက ၃ ယောက် ပေါ့၊ ထွေအုပ်ဝန်ထမ်းတစ်ဦးအပါအဝင် ၃ ယောက်ပေါ့၊ အဲဒီ ၃ ယောက်ကို ပစ်ပြီး သူတို့ကာဘိုင် သေနတ် ၂ လက်ကို ပြေးကောက်ယူနိုင်ခဲ့တာ။ ရဲစခန်းနဲ့နီးနီးလေးဆိုတော့ အတော်ပစ်ယူလိုက်ရ တယ် ” ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် ကာဘိုင်သေနတ် ၂ လက်ကို သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင့်ရေး အဖွဲ့မှ ဦးစီး၍ ဒီပဲယင်းပကဖ တိုက်နယ် ၁/၂/၃၊ ရေဦးမြို့နယ် ပ.က.ဖ (Galaxy Force) ၊ ရေဦးမြို့ နယ် ပကဖ (ဖီးနစ် တပ်ခွဲ) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (ADPRA)၊ ရန်ကြီးအောင်LDF တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Wesite Link -
Telegram Link - t.me/ddaynewsm...
Twitter Link - / ddaynews124968
နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို / ddaynews
RU-vid Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmar #ဒီပဲယင်းမြို့ #အကြမ်းဖက်စစ်တပ် #ရဲစခန်း #PDF #ddaynews

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 12   
Далее
Самое неинтересное видео
00:32
Просмотров 371 тыс.
Cristiano Ronaldo Surpassed Me! #shorts
00:17
Просмотров 12 млн
December 30, 2023 KNLA KNDO
4:53
Просмотров 730 тыс.
Самое неинтересное видео
00:32
Просмотров 371 тыс.