Тёмный
No video :(

ဒီပဲယင်းမြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထကကျောင်းတို့ရှိ စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး 

D Day News
Подписаться 43 тыс.
Просмотров 673
50% 1

D Day News
ဇူလိုင်လ ၁၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထက ကျောင်းတို့တွင် တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) ထံမှ သိရ သည်။
ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်က အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့ပေါ် ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထကကျောင်းတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ၈၀ မမ ၊ ၆၀ မမ ၊ ၄၀ မမ ၊ RPG လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများမှာ ဘန်ကာ ထဲ က မထွက်၊ သေနတ်ဖြင့် တစ်ချက်မှ ပြန်လည် ပစ်ခတ်ခြင်းမရှိသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“တစ်ချက်မှ ပြန်မပစ်သလို လှုပ်ကို မလှုပ်တာ။ အနီးကပစ်တာ တစ်ဦး ရှေ့မှာတင် သေသွားတယ်၊ အဲဒီကျသွားတဲ့ သူရဲ့ လက်နက်ကောက်ဖို့ လုပ်တဲ့အချိန်မှာ နှစ်ဦးတက်လာလို့ ဆက်ပစ်နေတော့ သူတို့လည်း ထိပြီး ဝင်ပြေးရော၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်လာပြီး ၁ နာရီလောက်ကြာမှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြတာ၊ အချက်ရေတော်တော်များများ ကြားရတယ်” ဟု Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) မှတာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)၊ Depeyin Local Mobile Team (DLMT) နှင့် ရေကျော်ပိတုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Wesite Link -
Telegram Link - t.me/ddaynewsm...
Twitter Link - / ddaynews124968
နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို / ddaynews
RU-vid Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmar #ဒီပဲယင်းမြို့ #အကြမ်းဖက်စစ်တပ် #PDF #ddaynews

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
Далее
The Future of Indian Democracy
1:08:19
Просмотров 12 тыс.