သုံးတဲ့ Verb အပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပါ။ He sits in the room. in the room က နေရာပြတဲ့ Adverb phrase of place. ဘာလို့ဆို He sits. ပဲရေးလည်း စာကြောင်းက သူထိုင်တယ် လို့ အဓိပ္ပါယ်ရှိနေပါသေးတယ်။ He is in the room. မှာ in the room အဖြည့်ပုဒ် Complement လို့ သတ်မှတ်ပါတယ်။ He is. ဆိုပြီးပဲ ရေးရင် အဓိပ္ပါယ်မပြည့်စုံတဲ့ အတွက်ပါ။ ပြည့်စုံအောင် in the room ပါမှကို ရပါမယ်။He is က အပေါ်က He sits.လို စာကြောင်းမဖြစ်သွားပါဘူး။ ဒါပေမယ့် SVP ဆိုပြီးမှတ်သားထားပြီး ရေးတဲ့ ပြောတဲ့နေရာ မှန်တယ်ဆိုရင်လည်း ကိုယ့်အယူအဆနဲ့ကို မှတ်သားလည်း မမှားပါဘူး။ (မှတ်ချက် - အဲလိုတွေကောက်တတ်တာထက် ရေးတဲ့နေရာ /ပြောတဲ့နေရာမှာ မှန်ကန်အောင်သုံးတတ်နေရင် ဒီလိုကောက်တာတွေက မလိုပါဘူး။ခုမှစမယ့်သူတွေအတွက် အထောက်အကူပြုရုံပါပဲ။ကိုယ့်ရဲ့အသုံးပြုမှု မှန်နေရင် အဆင်ပြေပါတယ်ဗျ။)