မင်္ဂလာပါ Jab ကနေ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျာ။
ဒီနေ့တင်ဆက်ပေးချင်တာကတော့ ရွှေညီအစ်ကိုတွေ သိပ်မသိကြသေးတဲ့ ဒုတိယကမ္ဘာစစ် အကြောင်းဘဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အကြောင်းကို ပြောရမယ်ဆိုရင်တော့ ပထမကမ္ဘာစစ် အပြီးကတည်းက အချိန်ကို စပြောပေးရမှာဖြစ်ပါတယ်။
ပထမကမ္ဘာစစ်အပြီးမှာတော့ ဗဟိုနိုင်ငံခေါ်တဲ့ Central Powers နိုင်ငံတွေ စစ်ရှုံးသွားခဲ့တဲ့ အတွက်ကြောင့် စစ်ရှုံး သြစတြေးလျ ဟန်ဂေရီနဲ့အော်တိုမန် အင်ပါယာ စတဲ့နိုင်ငံတွေဟာဆိုရင် နိုင်ငံပျောက်သလောက်ကို ဖြစ်သွားခဲ့တယ်ဗျ။
ဒါ့အပြင်ဗာဆိုင်း စာချုပ်အရ ဂျာမန်ဟာ သူ့ရဲ့ ကိုလိုနီနယ်အများအပြားကို လက်လွတ်ဆုံးရှုံးသွားပါတယ်။
အဲ့ဒီမှာအကျိုးရှိသွားတာကတော့ ပိုလန်ဘဲဖြစ်ပါတယ်။
ပိုလန်ဟာ ပင်လယ်ဘက်ကို ထွက်ပေါက်ရသွားခဲ့သလို ဒီလိုအခြေအနေကြောင့်ပဲ ဂျာမနီကို နှစ်ခြမ်းခွဲလိုက်တဲ့ အနေအထားဖြစ်သွားခဲ့ပါတယ်။
4 окт 2024