Тёмный
No video :(

ဒုံးအကပြိုင်ပွဲဝင်ဖို့ ဘာတွေလိုနေပါသလဲ 

7Day TV
Подписаться 640 тыс.
Просмотров 6 тыс.
50% 1

အောက်တိုဘာ-၂၇၊ ၂၀၁၉
ကရင်လူမျိုးတို့ရဲ့ ရိုးရာအကတစ်မျိုးဖြစ်တဲ့ ဒုံးအကမှာ ပြိုင်ပွဲဝင် ဒုံးတစ်ဒုံးဖြစ်ပေါ်လာဖို့က အခုနောက်ပိုင်းမှာတော့ ခက်ခဲလာခဲ့ပါပြီ။
ပြိုင်ပွဲဝင် ဒုံးတစ်ဒုံး ဖွဲ့စည်းတည်ထောင်ဖို့က မလွယ်ကူတော့တဲ့ အကြောင်းတွေထဲမှာငွေရေးကြေးရေးအပြင် လူစုရတာပါ ခက်ခဲသွားပြီလို့ ဒုံးအကနည်းပြတစ်ဦးဖြစ်တဲ့ စောအောင်ကျော်ငြိမ်းက ပြောပါတယ်။
စောအောင်ကျော်ငြိမ်းဟာ လာမယ့် ကရင်ပြည်နယ်နေ့ ဒုံးအကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရသေ့ပျံဒုံးအဖွဲ့ရဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပပြုလုပ်မယ့် ဒုံးအကပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၁၁ ဖွဲ့ရှိတယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ဒုံးပြိုင်ပွဲဝင်အရေအတွက် နည်းပါးလာတာဖြစ်ပါတယ်။
ဒုံးအဖွဲ့တစ်ဖွဲ့ထွက်ဖို့အတွက် ဒုံးသူဒုံးသားတွေရဲ့ နေထိုင်စားစရိတ်အပြင် အဝတ်အစား ကျန်းမာရေးစတဲ့ ကုန်ကျစရိတ်တွေဟာ ကျပ် သိန်း ၁၀၀ ကျော် ၂၀၀ ဝန်းကျင်လောက် ကုန်ကျခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က ဒုံးပြိုင်ပွဲဝင် ၁၄ ဒုံးရှိပြီး ဆုကြေးငွေအနေနဲ့ ပထမဆုကတော့ ကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့တာပါ။
ပြိုင်ပွဲဝင် ဒုံးအသင်းတစ်သင်းအတွက် ဆုကြေးငွေ သိန်း ၂၀ ဆိုတာက ကုန်ကျတဲ့စရိတ်နဲ့ မကာမိလောက်ပါဘူး။
ဒုံးနည်းပြနဲ့ ဒိုင်ဖြစ်သူတွေကတော့ ဆုကြေးငွေကို ဒီထက်ပိုပြီးတိုးမြှင့်လိုက်မယ်ဆိုပါက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုံးအသင်းတွေလည်း ပိုများလာမယ်လို့ ပြောကြပါတယ်။
ဥပမာအနေနဲ့ ကရင်ပြည်နယ် ရွှေကုက္ကိုလ်ဒေသမှာ ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုမှာ နယ်ခြားစောင့်တပ်က ဆုကြေးငွေအပြင် စားစရိတ် သွားလာတဲ့စရိတ်တွေပါ အကုန်ထောက်ပံ့ပေးလို့ သွားရောက်ယှဉ်ပြိုင်တဲ့ အသင်းတွေ များခဲ့တာလို့ ဒိုင်အချို့က သုံးသပ်ပါတယ်။
ဒါကြောင့် ပြည်နယ်အစိုးအရအနေနဲ့ ဆုကြေးငွေနဲ့ လိုအပ်တဲ့ထောက်ပံ့မှုတွေကိုလည်း ဒီထက်ပိုပြီးတိုးမြင့်သင့်တယ်လို့ ဒုံးနည်းပြလုပ်သက် ၉ နှစ်ရှိပြီဖြစ်တဲ့ စောအောင်ကျော်ငြိမ်းက အခုလိုဆိုပါတယ်။
ဆုကြေးငွေ ဖြစ်စေချင်တာ အများကြီးတိုးပေးဖို့မလိုပါဘူး။ နည်းနည်းလေးတိုးပေးလိုက်မယ်။ အတိုင်းအတာတစ်ခုလောက်ထိ ဒီကုန်ကျစရိတ်အထိ ခြုံငုံပြီးတော့ ပေးဖို့မလိုပါဘူး။ ထောက်ပံ့မှုအပိုင်း ပြည်နယ်အစိုးရအနေနဲ့ ကူညီထောက်ပံ့တာ ဒီထက်ပိုပြီး ထောက်ပံ့ရင် ဒုံးအသင်းပိုများလာမယ်လို့ ယုံကြည်တယ်။
ပြိုင်ပွဲဝင် ဒုံးအသင်းတွေဟာ ကရင်ပြည်နယ်အစိုးရထံ စာရင်းလာပေးတဲ့နေ့ကစပြီး ပြည်နယ်အစိုးရက ငွေကျပ် ၅ သိန်းအပြင် အစားအသောက်တွေ့ို ထောက်ပံ့ပေးထားတာပါ။
လက်ရှိဒုံးပြိုင်ပွဲဝင် အသင်းတွေဟာ ကျေးရွာဒေသ နယ်မြေဒေသအလိုက် စုဖွဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။
အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုံးတွေရဲ့ ကုန်ကျစရိတ်တွေကိုတော့ကျေးရွာကနေ အ ကုန်ကျခံခဲ့ရတာပါ။
အရင်က ကျေးရွာတစ်ရွာမှာ ဒုံးအသင်းတစ်သင်းရှိတယ်။ နောက်ပိုင်းမှာ စားဝတ်နေရေးကြောင့် သူ့အလုပ်အကိုင်နဲ့ သူ နည်းသွားရတာဖြစ်ပါတယ်။ အဓိက ကုန်ကျစရိတ်။ လူရှာရတာလည်းနည်းတယ်။ အရင်က လယ်ယာလုပ်ငန်းလုပ်တာ စုစည်းရတာလွယ်တယ်။ နောက်ပိုင်းမှာ ပြည်ပထွက်တာတို့
ပြိုင်ပွဲဝင်အသင်းတွေနည်းလာပြီး ဒုံးကတဲ့လူငယ်တွေနဲ့ ဒုံးသင်ပေးမယ့် ဆရာတွေနည်းလာတဲ့အတွက် ကရင်ပြည်နယ်နေ့ ဒုံးပြိုင်ပွဲမှေးမှိန်သွားမှာတော့ စိုးရိမ်မိတယ်လို့စောဝင်းကျော်ကျော်က ဆိုပါတယ်။
အခုက်ရှိမှာတော့ ပြိုင်ပွဲအတွက် ဒုံးအသင်းအဖွဲ့ကိုယ်စီ လေ့ကျင့်နေကြပါပြီ။
ဒုံးတေးသီချင်းနဲ့ အကကို ကိုယ်တိုင်ရေးပြီး အခမဲ့သင်ကြားပြသပေးတဲ့ နည်းပြဖြစ်သူ စောအောင်ကျော်ငြိမ်းဟာ ဆုကြေးငွေနည်းပေမယ့် ဒုံးအကကို ဝါသနာပါပြီး အမျိုးသားယဉ်ကျေးမှုကို ချစ်တဲ့အတွက် သင်ပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။
စောအောင်ကျော်ငြိမ်းဟာ ဒုံးနည်းပြဘဝကို ခံယူဖို့အတွက် သူ့အနေနဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးကြုံနေရတယ်လို့ ဆိုပါတယ်။
ဘားအံမြို့ ရသေ့ပျံဇာတိဖြစ်တဲ့ စောအောင်ကျော်ငြိမ်းဟာ ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့ပြီး လာမယ့် ပြိုင်ပွဲအတွက်ဆုတံဆိပ်ကိုလည်း ထပ်မံမျှော်လင့်နေတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်နေ့ ဒုံးပြိုင်ပွဲဟာ ဒေသတွင်းက ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပြိုင်ပွဲတစ်ခုလည်းဖြစ်သလို ဒုံးအက ကတဲ့အခါမှာလည်း အရမ်းပင်ပန်းလွန်းတယ်လို့ စောအောင်ကျော်ငြိမ်းက ပြောပါတယ် ။
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး
Subscribe to our channel at bit.ly/2CVSP6d
Check out our website: www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
@sawkyawkyawwinpai2374
@sawkyawkyawwinpai2374 4 года назад
ဂုဏ်ယူတယ် အားပးနေမယ် တို့ကရင် ရိုးရာ အက ♡♡♡♡♡
Далее
😱ЖИВОЙ Чехол на Айфон🤪
00:38
Просмотров 252 тыс.
Throwing Swords From My Blue Cybertruck
00:32
Просмотров 10 млн
😱ЖИВОЙ Чехол на Айфон🤪
00:38
Просмотров 252 тыс.