ဒေးဒရဲမှာ ဖမ်းထားတဲ့ ဆန္ဒပြသူ ၃ဦးကို ပြန်လွှတ်ပေး
မတ်-၈၊ ၂၀၂၁
ဒီနေ့ ဒေးဒရဲက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ သုံးဦးရှိပြီး ပြည်သူတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် လွတ်မြောက်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့ပြီး ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ညှိနှိုင်းခဲ့ပေမယ့်လည်း ဖမ်းဆီးခဲ့တာပါ။
ဒီလိုဖမ်းဆီးခဲ့တဲ့အတွက် ဆန္ဒပြပွဲကို လူစုခွဲခဲ့ပြီး ဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ ပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
အဲဒီ့နောက်တော့ ဖမ်းခံရသူသုံးဦးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
ဒေးဒရဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို နေ့စဉ်ပြုလုပ်နေပြီး ဒီနေ့ဆို ၂၉ရက်ရှိပါပြီ။
Subscribe to our channel at bit.ly/2CVSP6d
Check out our website: www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv
5 окт 2024