Тёмный

နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring 

People's Spring
Подписаться 193 тыс.
Просмотров 10 тыс.
50% 1

" ဟစ်ဇ်ဘိုလာ ဒုံးကျည်ကြောင့် အစ္စရေးမှာ အရပ်သားတွေ ပထမဆုံးအကြိမ် သေဆုံး၊ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်အားလုံးကို တက်ရောက်နိုင်ခဲ့တဲ့ နီပေါလူငယ် ၊ကမ္ဘာတလွှား တင်းမာမှုတွေ မြင့်တက်နေချိန် အာဆီယံက ပိုစည်းလုံးဖို့ မလေးရှား ဝန်ကြီးချုပ်ပြော"
အောက်တိုဘာ - ၁၀ ၊၂၀၂၄ ညပိုင်း နိုင်ငံတကာ သတင်း
ဒီနေ့အောက်တိုဘာလ ၁၀ ရက်မှာ ဖြစ်ပွားတဲ့ နိုင်ငံတကာ သတင်းဖြစ်ရပ်တွေထဲက အချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
ဟစ်ဇ်ဘိုလာ ဒုံးကျည်ကြောင့် အစ္စရေးမှာ အရပ်သားတွေ ပထမဆုံးအကြိမ် သေဆုံး
လက်ရှိ အရှိန်မြင့်တက်နေတဲ့ အစ္စရေး-ဟစ်ဇ်ဘိုလာ တင်းမာမှုတွေအတွင်း ဟစ်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး အရပ်သားတွေ ပထမဆုံးအကြိမ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးမြောက်ပိုင်းကို ဒုံးကျည် ၁၅၀ ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နယ်စပ်မြို့ ကာရက်ရှမိုနာမှာ အသက် ၄၀ ကျော်အရွယ် လင်မယားနှစ်ဦး သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူ တချို့ ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
လင်မယားနှစ်ဦးဟာ ခွေးနဲ့အတူ တောလမ်းတစ်နေရာမှာ လမ်းထွက်လျှောက်နေတဲ့အချိန် ဒုံးကျည်ထိမှန် ခံခဲ့ရတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကစပြီး အစ္စရေးစစ်တပ်နဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာတဲ့ ကာလအတွင်း ဒါဟာ ဟစ်ဇ်ဘိုလာတွေ လက်ချက်နဲ့ အစ္စရေးဖက်မှာ ပထမဆုံး အသေအပျောက်တွေ ရှိလာတာပါ။
တစ်ဖက်မှာတော့ အစ္စရေးရဲ့ ပြင်းထန်တဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာတွေသာ မကဘဲ လက်ဘနွန် အရပ်သားတွေပါ ရာနဲ့ချီ သေဆုံးနေခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေက အစ္စရေးနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ လမ်းဖွင့်ပေးထားမယ်လို့ ပြောကြားခဲ့ပေမယ့် အခုလို လူအသေအပျောက် ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေက ပိုပြီး ရှုပ်ထွေးလာဖွယ် ရှိနေပါတယ်။
= = =
ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်အားလုံးကို တက်ရောက်နိုင်ခဲ့တဲ့ နီပေါလူငယ်
နီပေါနိုင်ငံသား ဆယ်ကျော်သက် လူငယ်တစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေကို အောင်အောင်မြင်မြင် တက်ရောက်ဖူးတဲ့ အသက်အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။
အသက် ၁၈ နှစ်သာ ရှိသေးတဲ့ နီမာ ရင်ဂျာဟာ အောက်တိုဘာ ၉ ရက်နေ့တုန်းက တိဘက် ကုန်းပြင်မြင့်မှာ တည်ရှိပြီး ၈၀၂၇ မီတာမြင့်တဲ့ ရှီရှာပန်မာ တောင်ထိပ်မှာ ခြေအစုံ ရပ်နိုင်ခဲ့ပါတယ်။ ရှီရာပန်မာဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် သတ်မှတ် ခံထားရတဲ့ တောင်ထိပ် ၁၄ ခုထဲမှာ ရင်ဂျာရဲ့ ခြေဖဝါးအောက် ရောက်လာတဲ့ နောက်ဆုံးတစ်ခုလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၈၀၀၀ ကျော်မြင့်တဲ့ တောင်ထိပ်ပေါင်း ၁၄ ခုရှိပြီး အားလုံးကို ရင်ဂျာက အောင်အောင်မြင်မြင် တက်ခဲ့ဖူးပါပြီ။ အဲဒီလို အံ့မခန်း အောင်မြင်မှုကို စွမ်းဆောင်ပြခဲ့ဖူးတဲ့ သူတွေထဲမှာတော့ သူဟာ အသက်အငယ်ဆုံး ဖြစ်ပါတယ်။
ရင်ဂျာဟာ အသက် ၁၄ နှစ် အရွယ်မှာ အမြင့်ဆုံး တောင်ထိပ်တွေကို တက်တဲ့ စွန့်စားခန်း စတင်ခဲ့ပြီး တောင်ထိပ် ၁၄ ခုစလုံးကို ရက်ပေါင်း ၇၄၀ အတွင်းမှာ အောင်အောင်မြင်မြင် တက်ပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၀ တန်းဖြေပြီးကာစ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တုန်းက နီပေါမှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အဋ္ဌမ အမြင့်ဆုံးဖြစ်တဲ့ မန်နာဆလူ တောင်ထိပ်ကို စတက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သူ့ရဲ့ တောင်တက် ခရီးစဉ် အားလုံးမှာ ဝါရင့် တောင်တက်သမား ပါဆန် နူရာဘူက အဖော်အဖြစ် ကူညီ လိုက်ပါပေးခဲ့ပါတယ်။ ရင်ဂျာရော၊ နူရာဘူပါ နီပေါရဲ့ တောင်တက် အထူးကျွမ်းကျင်တဲ့ တောင်ပေါ်နေ ရှာပါ မျိုးနွယ်စုဝင်တွေ ဖြစ်ကြပါတယ်။
တောင်တက်တယ် ဆိုတာဟာ အပင်ပန်း ခံနိုင်ရုံ သက်သက် မဟုတ်ကြောင်း၊ လူသားတွေရဲ့ ခွန်အား၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ စိတ်ဇောထက်သန်မှုတွေကို ဆန်းစစ်ခြင်းလည်း ဖြစ်တယ်လို့ ရင်ဂျာက ပြောပါတယ်။
ရင်ဂျာဟာ တောင်တက်ခြင်းနဲ့ ပတ်သက်ရင် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မိသားစု တစ်ခုကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။ ရင်ဂျာရဲ့ မိသားစုဟာ အခုအခါမှာတော့ နီပေါရဲ့ အကြီးမားဆုံး တောင်တက်လမ်းပြ ကုမ္ပဏီ Seven Summit Treksကို ထူထောင်ထားကြောင်းလည်း သိရပါတယ်။
= = =
ကမ္ဘာတလွှား တင်းမာမှုတွေ မြင့်တက်နေချိန် အာဆီယံက ပိုစည်းလုံးဖို့ မလေးရှား ဝန်ကြီးချုပ်ပြော
ကမ္ဘာအနှံ့ တင်းမာမှုတွေ၊ ပဋိပက္ခတွေ မြင့်တက်နေတဲ့ အခြေအနေမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အနေနဲ့ ပိုပြီး စည်းစည်းလုံးလုံး ရှိကြဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တိုက်တွန်းခဲ့ပါတယ်။
မလေးရှားက အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်နေတဲ့ အာဆီယံရဲ့ ထိပ်သီး ညီလာခံ တက်ရောက်ဖို့ လာအိုနိုင်ငံ၊ ဗီယန်ကျန်း မြို့တော်ကို ရောက်ရှိနေတဲ့ အန်ဝါက အခုလို တိုက်တွန်းစကား ပြောဆိုခဲ့တာပါ။
မလေးရှားဟာ ၂၀၂၅ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းယူမှာလည်း ဖြစ်ပါတယ်။
ညှိနှိုင်းဆွေးနွေးမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အခြေခံကောင်းတွေနဲ့ ဆက်ဆံရေးကောင်းတွေကို ဖန်တီး တည်ဆောက်ရာမှာ အရမ်း အရေးကြီးတယ် ဆိုတာကို ဘယ်တော့မှ မမေ့ဖို့ လိုတယ်လို့ အန်ဝါက ပြောပါတယ်။
လက်ရှိ အခြေအနေအရ ကမ္ဘာကြီးမှာ ကြုံတွေ့နေတဲ့ တင်းမာမှုတွေ ဆက်တိုက် မြင့်တက်လာနေကြောင်း၊ အဲဒီ အခြေအနေမှာ အာဆီယံရဲ့ အတွင်းပိုင်းက ပြိုကွဲမှုတွေ၊ အက်ကြောင်းတွေ ရှိလာရင် အဖွဲ့ဝင် နိုင်ငံအားလုံးဟာ အလွယ်တကူ အမြတ်ထုတ်တာတွေ ခံရနိုင်ခြေ ရှိနေကြောင်း သူက သတိပေးသွားပါတယ်။
အန်ဝါရဲ့ ဦးဆောင်မှုအောက်မှာ မလေးရှားဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဏာသိမ်း စစ်တပ်အပေါ် ပိုမို ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ပြု ရပ်တည်နေခဲ့ပါတယ်။
= = =
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring

Опубликовано:

 

10 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 27   
@FhfhhrHfhfjf
@FhfhhrHfhfjf День назад
ကျေးဇူးတင်းပါတယ် ဂျာမုန်းရေ
@KingLove-g1c
@KingLove-g1c 23 часа назад
မင်္ဂလာပါ ပြေးလေး ကျန်းမာချမ်းသာပါစေ။
@kokhin501
@kokhin501 День назад
မင်္ဂလာပါ ချစ်ညီမ ဂျာ ( အရုပ်လေး ) 💖💖💖💖💖💖💖💖💖
@UkyawMg-mo9ub
@UkyawMg-mo9ub 18 часов назад
အာဆီယံဆိုတာတရုပ်သြဇာခံလား
@yeeyeekyaw5484
@yeeyeekyaw5484 День назад
❤❤❤❤❤
@UwisatKhana-i8l
@UwisatKhana-i8l 18 часов назад
မင်္ဂလာပါ မဂျာမုန်း
@kunglay-d6r
@kunglay-d6r День назад
မဂ်လာပါ ❤❤❤❤❤🎉🎉
@hlanaing8636
@hlanaing8636 22 часа назад
မင်္ဂလာပါဂျာလေး🎉🎉
@sterlingdenial
@sterlingdenial День назад
🎉🎉🎉🎉🎉🎉🎉❤ အားပေးလျက်ပါ🎉🎉
@ASPOtada669
@ASPOtada669 День назад
မင်္ဂလာပါ။
@dawwinkyi-n8j
@dawwinkyi-n8j День назад
မဂ်လာညချမ်းပါညီမလေး
@5v-wz1io
@5v-wz1io День назад
မဂ်လာပါမမ❤❤❤❤❤❤🎉🎉❤😮😮
@omarlay-tm2zg
@omarlay-tm2zg День назад
မဂ်လာပါ❤❤❤❤❤
@sansansoe8563
@sansansoe8563 13 часов назад
မင်္ဂလာပါ
@aungzaw9466
@aungzaw9466 20 часов назад
💛💚💙💜❤
@soewin7108
@soewin7108 День назад
Thank
@forevermobile734
@forevermobile734 День назад
ပြည်သူလိုအပ်သောတရားမျှတသောဒီမိုကရေစီရပါစေ မြန်မာတွေ ...😢
@thantzinoo9009
@thantzinoo9009 День назад
မဂ်လာပါ လူထုနွေဦး💪💪
@KokoKomaung-p7s
@KokoKomaung-p7s День назад
@hlasoe-n5t
@hlasoe-n5t День назад
❤လူထုနွေးဦး သတင်းဌာန မဂ်လာ ပါ
@user.asxxkksz
@user.asxxkksz День назад
စီးပွားရေးပတ်သက်လိုယုံကြည်စိတ်ချအတဲ့နေရာမှာပြောမယ်
@nyogyi8128
@nyogyi8128 21 час назад
ww3စပြီ
@KyawNyunt-s5o
@KyawNyunt-s5o День назад
hello
@linlin-xs4ff
@linlin-xs4ff День назад
❤❤❤❤❤
@user.asxxkksz
@user.asxxkksz День назад
ကျနော်မှာလိုအပ်ချက်တခုရှိတယ်ကူညီနိုင်ရင်ကူညီနိုင်တဲ့လူအဖြေရမယ်
@user.asxxkksz
@user.asxxkksz День назад
အတ္တကြီးတဲ့လူတွေကိုစီးပွားရေးပတ်သက်ပြီမပြောတော့ဘူလိုဆုံဖြတ်ထာတယ်
Далее