Тёмный

ပကဖ ဖမ်းထားတဲ့ တန့်ဆည် သပိတ်ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြ၊ 

Mandalay Free Press - MFP
Подписаться 167 тыс.
Просмотров 1,4 тыс.
50% 1

သပိတ်ခေါင်းဆောင် ဖမ်းခံရတာ နှစ်နှစ်ကြာပြီး သတင်းအမှောင်ချ ခံထားရဟုဆို၊
ဘုန်းစိုး/MFP ၊ ဇူလိုင်-၁၂
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က သပိတ်ခေါင်းဆောင်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေး ဝန်ကြီးဌာန (MOHAI) လက်အောက်ခံ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒေသခံတွေက မနေ့က ဇူလိုင်(၁၁)ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
တန့်ဆည်မြို့နယ် သပိတ်ခေါင်းဆောင်၊ မြို့နယ် ပကဖ တာ၀န်ခံဟောင်း ကိုတောက်ထွန်းလင်းကို ၂၀၂၂ ဧပြီလမှာ NUG လက်အောက်ခံ ရွှေဘိုခရိုင် အမှတ်(၁) စစ်ဒေသရုံးရဲ့ အမိန့်နဲ့ ခရိုင် ပကဖ က ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ အကျိုးကြောင်း မသိရဘဲ သတင်းအမှောင်ချ ခံထားရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သပိတ်ခေါင်းဆောင်းကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေ စုစည်းပြီး တောင်းဆိုဆန္ဒပြတာလို့ ဆိုပါတယ်။
"ဖမ်းသွားတာ နှစ်နှစ်ကျော်တဲ့အထိ ဘာသတင်းမှ မထုတ်ပြန်ဘဲ နှိပ်စက်တယ် ဆိုတာပဲ ကြားရတယ်၊ ပြီးတော့ NUG အနေနဲ့ မြေပြင် အခြေနေမှန် သိစေချင်တယ်လို့" တောင်းဆိုဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုတောက်ထွန်းလင်းနဲ့ ပတ်သက်ပြီး မိသားစုက သတင်းစာ ရှင်းလင်းပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့သလို ပကဖ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ကနေ NUG အစိုးရအထိ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ထူးခြားတဲ့ အကြောင်းပြန်ချက် မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
"ကျွန်တော်တို့က စစ်အာဏာရှင်ကို မကြိုတ်လို့ NUG အစိုးရကို အားပေး ထောက်ပို့ လုပ်တယ်။ ဒါပေမယ့် အခုလို ကျွန်တော်တို့ မြို့နယ် ခေါင်းဆောင်ကို ဖမ်းပြီး အကျိုးအကြောင်းကိုတောင် မပြန်တော့ တကယ်ပဲ မြေပြင် အခြေအနေ အမှန်ကို မသိကြတာလား၊ ကျွန်တော်တို့ ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ပဲ တောင်းဆို ချင်ပါတယ်"လို့ တောင်းဆိုဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေဘိုခရိုင် ပကဖ က ဖမ်းဆီးသွားတဲ့ တန့်ဆည်နယ် သပိတ်ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲမှာ လူ(၁၀၀)ကျော် ပါ၀င်ခဲ့ပြီး “ငါတို့နယ်ရဲ့ သပိတ်ခေါင်းဆောင်၊ ငါတို့ပြည်သူ့ခေါင်းဆောင် ပြန်လွှတ်ပေး၊ ငါတို့ခေါင်းဆောင် ငါတို့ပြန်ပေး၊ အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်ဖြစ်နေပြီလား၊ NUG ပိုင်တဲ့ တရားရေးဟာ မတရားရင် တို့လက်မခံဘူး” စတဲ့ စာသား၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 15   
Далее
Grand Final | IEM RIO 2024 | BO5 | КРNВОЙ ЭФИР
6:35:24
Ko Nyi - ကိုညီ is live!
Просмотров 215