Тёмный
No video :(

ပခုက္ကမြို့လေယာဉ်ကွင်းအတွင်း တပ်စွဲထားသော စစ်သားများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက် ခိုက် 

D Day News
Подписаться 43 тыс.
Просмотров 595
50% 1

D Day News
ဇူလိုင်လ ၁၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့လေယာဉ်ကွင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို RC Plane များဖြင့် Rocket များဖြင့် Young Force - UG တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက် နေ့တွင် ပခုက္ကူမြို့လေယာဉ်ကွင်းအတွင်း ဝင်ရောက်တပ်စွဲထားသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်း၊ Rocket လက်နက်ကြီးများဖြင့် အလုံးရေ ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ဖြစ်ခဲ့ရာ စစ်သား၊ ပျူ ၅ ဦး သေဆုံးပြီး ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပျူစောထီးများနေထိုင်ရာ နေအိမ် ၁၀ လုံး ခန့် လည်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“အဓိကတော့ ပျူမိသားတွေက ရေကြီးနေလို့ ဒီအထဲမှာလာပြီး ယာယီနေထိုင်တဲ့သဘောပဲ၊ထန်း လျက်တဲတွေဆောက်ပြီးနေကြတာပေါ့၊ အဲဒီမှာလုံခြုံရေးယူပေးနေတာက စစ်ခွေး ၂၀ လောက်ရှိ တယ်။ နေအိမ်တွေမီးလောင်သွားတာရှိပေမယ့် အတိအကျတော့မသိရဘူး။ ကျနော်တို့ ရှေ့တန်း တပ်ဖွဲ့ရဲဘော်တွေအတွက် လက်နက်၊ ရိက္ခာကမ်ပိန်းလေးတွေလုပ်နေပါတယ်။ အဲဒါကို ဝိုင်းဝန်း ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Young Force - UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၆ တ-ပ်ရင်း၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ ၊ Cobra One၊ Tatt PKU၊ Thurain TR ၊ Shwe Nyar Myae၊ Young Force - UG နှင့် မဟာမိတ်တပ်ဖွဲ့ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Wesite Link -
Telegram Link - t.me/ddaynewsm...
Twitter Link - / ddaynews124968
နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို / ddaynews
RU-vid Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmar #ပခုက္ကူမြို့ #အကြမ်းဖက်စစ်တပ် #PDF #ddaynews

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
Далее
Fake watermelon by Secret Vlog
00:16
Просмотров 2,7 млн
Monkey King Vs Titan Fight Scene - Black Myth Wukong
12:17
Fake watermelon by Secret Vlog
00:16
Просмотров 2,7 млн