အားလုံးပဲမင်္ဂလာပါ
NaNavlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်🤗
8လပိုင်းမှာဆိုရင်japan နိုင်ငံရဲ့ (花火)(Fireworks)🎆လို့ခေါ်တဲ့ မီးပန်းပွဲရာသီကိုရောက်ပီဖြစ်တဲ့အတွက် japan နိုင်ငံရဲ့ နေရာအသီးသီးမှာ (花火大会)(hanabi daikai)လို့ခေါ်တဲ့ မီးပန်းပွဲတော်တွေတော်တော်များများကို ကျင်းပနေပါတယ်။
ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ပွဲတော်၃ခုထဲမှာ၁ခုအပါအဝင်ဖြစ်တဲ့Osaka မြို့ရဲ့(天神祭り)(Tenjin Festival)လို့ခေါ်တဲ့ ပွဲတော်လေးမှာ (花火)မီးပန်း🎆သွားကြည့်ထားတဲ့ Vlog လေးကို အားလုံးလဲကြည့်ရှု့နိုင်အောင် မျှဝေပေးသွားချင်ပါတယ်ရှင်❤️
ဒီပွဲကို နွေရာသီပွဲတော်လို့လဲခေါ်ကြပါတယ်။
နှစ်စဉ်လူ၁.၃သန်းလာရောက်လည်ပတ်လေ့ရှိတဲ့ ပွဲတော်လဲဖြစ်တယ်လို့သိရပါတယ်။
မီးပန်းလို့ပြောရင် ကမ္ဘာမှာဂျပန်ကပထမဖြစ်ပီး
ဂျပန်နိုင်ငံရဲ့ မီးပန်းတွေကအရမ်းလှတယ်ဆိုပီးလဲ သိထားရပါတယ်။
ဂျပန်လူမျိုးတွေသာမက နိုင်ငံခြားသားများလဲအတူပါဝင်ဆင်နွဲ့နေကြတာတွေ့ခဲ့ရပါတယ်
ကိုရိုနာ Covid-19ကြောင့်မလို့ ပွဲတွေကိုလဲပိတ်ထားရတာ ခုဆို ၃နှစ်ကျော်ခဲ့ပါပြီ ဒီနှစ်ကတော့ ဂျပန်တစ်နိုင်ငံလုံးရဲ့ ၄နှစ်မြောက် မီးပန်းပွဲတော်ကို ကျင်းပနိုင်တာပဲဖြစ်ပါတယ်။
NaNaအတွက်လဲ ဂျပန်ရောက်ပီး🎆မီးရှူးမီးပန်းကြည့်ရတာFirst timeဖြစ်တဲ့အတွက်အရမ်းပျော်ခဲ့ရပါတယ်။
ပွဲက၄နှစ်ကြာမှ ကျင်းပတဲ့ပွဲလဲဖြစ်တယ်大阪မြို့ရဲ့အကြီးဆုံးပွဲလဲဖြစ်တော့ လူတော့အရမ်းစည်ကားပါတယ်။
ဆိုတော့ ပြောပြနေတာထက် ဗီဒီယိုလေးထဲ သေချာကြည့်ကြည့်မယ်ဆို ပိုပီး အသေးစိတ်မြင်ရမယ်လို့ မျှော်လင့်မိပါတယ်။
ခု ဗီဒီယိုလေးကိုကြည့်ပီး အားလုံးလဲ စိတ်ချမ်းမြေ့ပျော်ရွှင်နိုင်မယ်လို့မျှော်လင့်မိပါတယ်။
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် NaNaVlog Channel လေးကို Subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်
အားလုံးပဲ နောက်video တွေကျမှ ပြန်ဆုံကြပါမယ်နော်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰
16 сен 2024