Тёмный

ပန်းပန်လျက်ပါ ( ကြည်ကြည်ဌေး ) 

ko aung naing oo
Подписаться 3,9 тыс.
Просмотров 118 тыс.
50% 1

❝ ကြည်ကြည်ဌေး ❞
ကြည်ကြည်ဌေးအကြောင်း ပြောရမယ်ဆိုလျှင် " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံမှ စရလိမ့်မယ် ။ ငယ်နာမည် - မကျင် ၊ ဇာတ်နာမည် - အောက်ချင်းမ ။ ပြဇာတ်မင်းသမီးနာမည် - မာလာရီ ဆိုတဲ့အမည်တွေက ရုပ်ရှင်ပြဇာတ် ဧကရီ ကြည်ကြည်ဌေးဘဝကို “ ကဌေး ” က မွေးပေးလိုက်တာဖြစ်လို့ပါပဲ။
ဒုတိယကမ္ဘာစစ်ဖြစ်လို့ ရုပ်ရှင်ကုမ္ပဏီတိုင်း ရပ်ဆိုင်းလိုက်တာနှင့်တစ်ပြိုင်တည်း ရုပ်ရှင်သမားတွေ အလုပ်လက် မဲ့ဖြစ်ခဲ့ကြရတယ် ။ ဂျပန်ဝင်လာပြီးနေသားတကျ ရှိသလို ဖြစ်တဲ့အခါမှာတော့ ရုပ်ရှင်ကုမ္ပဏီတွေက အသံတိတ် ကားဟောင်းတွေပြလို့ ဝင်ငွေ သိပ်ကောင်းလာကြတယ် ။ကောင်းသမှ ကားသစ်အနေနဲ့ စပြခဲ့ ရတဲ့ဝင်ငွေထက် ပိုတယ် ။
စစ်ဘေးစစ်ဒုက္ခ သောကအထွေထွေကို စိတ်ပြေလက်ပျောက် ကြည့်စရာကအဲသည် ကားဟောင်းတွေပဲရှိတယ် ။ ဇာတ်သဘင် အငြိမ့်ဆိုတဲ့ အဖွဲ့အစည်းတွေက ဇာတ်ခေါင်းကွဲနေကြတဲ့အချိန်မှာ ပြစက် နှင့် ကားထုပ်ရှိလျှင် ရုံဝင်ခရတဲ့ အလုပ်က စားသာနေကြတယ် ။ ဘယ်လောက် ညံ့တဲ့ကား ဖြစ်ဖြစ် ရုံပြည့်အောင်ကြည့်ကြတာပဲ ။
အပျက်အစီးတွေ စုပုံနေတဲ့ မြိုထဲမှာထက် ရွှေတိဂုံခြေရင်းက ဗဟန်းရပ်ကွက် တစ်ခုလုံးဟာ မဟာရန်ကုန်ဖြစ်နေတယ် ။ အဲသည်က ကန်တော်မိတ်ရုံ နှင့် ကန်တော်မင်္ဂလာရုံ နှစ်ရုံဟာ အဲသည်အချိန်ကတော့
သမ္မတ နှင့် ပပဝင်းပေါ့ ။
ရုပ်ရှင်ဇာတ်လိုက် မင်းသမီး မင်းသားတွေမှာ သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက သောက်သောက်လဲအောင် ငွေတွေရနေပေမယ့် သူတို့မှာတော့ ဘာမလုပ်တတ် ညာမလုပ်တတ်နဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေကြရတယ် ။ ဘယ်ရုပ်ရှင်ကုမ္ပဏီကမှ အရေးစိုက်တယ် မကြားဖူးပါဘူး ။
လူတိုင်းအရောင်းအဝယ် ပွဲစားကုန်သည်လုပ်လို့ ဂျပန် ငွေစက္ကူတွေ ပလူပျံနေတဲ့ လက်ကျဲကြီးထဲမှာရုပ်ရှင်မင်းသမီး မင်းသားတွေမှာတော့ အရောင်းအဝယ်လည်း မလုပ်တတ်ကြဘူး ။ မလုပ်ဝံ့ကြဘူး ။
လုပ်လည်း မလုပ်ချင်ကြဘူး ။ ဇာတ်ကားတွေထဲမှာ မိမိတို့မျက်နှာနဲ့ အက်တင်လုပ်နိုင်ကြပေမယ့် လူထုကြားထဲဝင်ပြီးအရှင်လတ်လတ် လှုပ်ရှား ဆက်ဆံရမှာတော့ ရှက်တယ် ။ ကြောက်တယ် ။ ဂုဏ်ငယ်တယ်လို့ ထင်နေကြတယ် ။
လူဆိုတာ အကျဉ်းအကျပ် အခက်အခဲက ထွက်ပေါက် လွတ်ပေါက်ရှာကြရတာ ဓမ္မတာပဲ ။ ကြံကြဖန်ကြတာ ထုံးစံပဲ ။ ကြံတော့လည်းဖြစ်တာပဲ ။ ဒီတော့ ဘာလုပ်ကြသလဲ ။ ဇာတ်စင်ပေါ်တက် လူလုံးပြပြီး မိမိတို့ဆိုတတ်ပြောတတ် အမူအရာလုပ်တတ်သလို သရုပ်ဆောင်ပြပြီး " လူဘိုင်စကုတ် ” ဆန်ဆန်ပြဇာတ်တွေလုပ်လာကြတာပေါ့ ။အဲသည်လို လုပ်လိုက်တော့ ရုပ်ရှင်ကားဟောင်း ကားဆွေးတွေပြနေကြတာထက် အောင်မြင်ပြီး ရုပ်ရှင်ရုံတွေက ပြဇာတ်ရုံဖြစ်လာကြတာပါပဲ ။
အတိုချုံးပြောရရင် ရန်ကုန်အနောက်ပိုင်း ရွှေတောင်တန်းထိပ်က " ကသေး ” ဆိုတဲ့ တရုတ်ရုပ်ရှင်ရုံဟာလည်း " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံဖြစ်လာခဲ့ပါတယ် ။ လူကြိုက်လို့ ဝင်ငွေကောင်းလာတော့ ပြဇာတ်အဖွဲ့တွေ ပြဇာတ်ရုံ တွေ အလျှိုလျှို ပေါ်လာတာပေါ့ ။ ပန်းဆိုးတန်းမှာ ဝင်းဝင်းရုံ ၊ ရေကျော်မှာ ဇော်ရုံ ။
ပြဇာတ်အဖွဲ့ တွေများလာတော့ မင်းသမီးမင်းသားတွေ ရှားလာတယ် ။အကြောင်းက ရုပ်ရှင်မင်းသမီးမင်းသားတိုင်း ပရိသတ်ကြိုက်တဲ့ ပြဇာတ်သရုပ်ဆောင်ကောင်း ဖြစ်နိုင်တာ မဟုတ်ပါဘူး ။ ရုပ်ရှင်မှာ မှားလျှင် ပြန်ရိုက်လို့ရတယ် ။ ပိုလျှင် ဖြတ်လို့ရတယ် ။ သီချင်းကိုလည်း သူများက ဆိုပေးလို့ရတယ် ။ ဖလင်ကို စိတ်ကြိုက် ဖြတ်တောက် ပြုပြင်လို့ သဲလဲစင်ကောင်းလာမှ ပိတ်ကားပေါ်မှာ ပြရတာကြောင့် ပရိသတ်က ကြိုက်နေကြတာ ဖြစ်တယ် ။
ပြဇာတ်ခုံပေါ်ကျတော့ ထွက်တယ်ဆိုကတည်းက ပရိသတ်နဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရပြီ ။ စကားအပြောအဆို သီချင်းရဲ့ စည်းဝါး အသံတည်အသံထား အမူအရာမှားလို့ မဖြစ်တော့ပါဘူး ။ မိမိနဲ့ တွဲဖက် သရုပ်ဆောင်သူနဲ့ အပေးအယူမျှအောင် မျက်နှာပေး မျက်နှာယူတွေကိုလည်း တတ်မှဖြစ်တယ် ။ အဲသည် သဘင်ပညာမျိုးက အလေ့အကျင့် မရှိလျှင် တော်တော် ခဲယဉ်းတာကြောင့် ရုပ်ရှင်မှာ နာမည်ကျော်ပေမယ့်လည်း ပြဇာတ်ပေါ်မှာ နာမည်မရနိုင်ကြပါဘူး ။ ဒါကြောင့် ပြဇာတ် မင်းသမီးကောင်းမင်းသားကောင်း လိုလာကြတာပေါ့ ။
အခုနပြောတဲ့ ကဌေးရုံမှာ ကျွန်တော်က " ချစ်တော့ချစ်တယ် ” ပြဇာတ်ကို တင်ပြီးတဲ့အခါမှာ ပြဇာတ်မင်းသမီး မင်းသားအသစ်တွေ ပေါ်လာအောင် အနုပညာရှင်ရွေးပွဲလုပ်ကြဖို့ အဖွဲ့ ပိုင်ရှင် ရုံပိုင်ရှင်တို့ နှင့် တိုင်ပင်ပြီးသတင်းစာတွေထဲက ကြော်ငြာ ခေါ်ယူလိုက်တယ် ။ လာလိုက်ကြတဲ့ ဝါသနာရှင်ကလေးတွေ အမျိုးသမီးရော အသားရော အရွယ်အစားစား အများကြီးပေါ့ ။ လက်စလက်နရှိတဲ့ ခေတ်ပညာတတ် ကလေးတွေလည်းပါကြတယ် ။ အကဲဖြတ်အဖွဲ့ကသတင်းစာ ဆရာ ၊သတင်းထောက် ၊ စာရေးဆရာ ၊ ဂီတသဘင် ပညာရှင်များပေါ့ ။
သတ်မှတ်ကြော်ငြာထားတဲ့ ပြိုင်ပွဲမလုပ်မီ တစ်ရက်နှစ်ရက် အလိုမှာ ကျွန်တော့်အိမ်ကို ကြည်ကြည်​ဌေး ဖြစ်လာမယ့် မကျင် နှင့် သူ့ ခင်ပွန်း ကိုအောင်သိန်းတို့ ရောက်လာကြပါတယ် ။ ကဌေး ပြိုင်ပွဲနှင့် ပတ်သက်လို့ စုံစမ်းမေးမြန်းရအောင်လာကြတာပါ ။ အဲသည်မှာ သူ့ကို စတွေ့ရခြင်းပါ ။ အသားအရေညိုစိမ့်စိမ့် ၊ ပု​ြပတ်​ြပတ် ပါးပါး လျားလျားမျက်လုံးမျက်ဖန် နှာတန်နှုတ်ခမ်းက မြန်မာဆံဆံ ၊ ရိုးရိုးသားသား သာမညရုပ်မျိုး ၊ အသက်ကတော့ နှစ်ဆယ် ပတ်ဝန်းကျင်လောက်ပဲ ။
သူ ကျင်လည်ခဲ့ရသောအတွေ့အကြုံ အရည်အချင်းတွေကို ပြောပြပါတယ် ။ ဇာတ်ထဲမှာ အောက်ချင်းမ အမည်နှင့် ဇာတ်မင်းသမီး လုပ်ခဲ့ဖူးကြောင်း ၊ ကျော်အုံးလှိုင်အဖွဲ့ ရာဇဝင်ပြဇာတ်မှာ မာလာရီ ဆိုတဲ့ အမည်နှင့် အတော်ထင်ရှား လူကြိုက် များခဲ့ကြောင်း ၊ ယခု ဇာတ်ခေါင်းကွဲ၍ နားနေရကြောင်း ၊ ကဌေးရုံမှာလုပ်မယ့် ပြဇာတ် မင်းသမီး ပြိုင်ပွဲကိုဝင်လျှင် လက်ခံနိုင်စရာရှိမရှိ သိလို၍ လာရောက် မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောပါတယ် ။
သူပြောနေတဲ့အမူအရာ လေသံဟန်ပန်တို့ဟာ သူဝတ်ဆင်လာတဲ့ အဝတ်အစားနှင့် လိုက်ဖက်အောင် ရိုးရိုးသားသားပါပဲ ။ ရဲတင်းပွင့်လင်းပေမယ့် ရိုသေလေးစားခြင်းအပြည့်ဖော်ပြနေတယ် ။ ကြွားဝါဟန်ဆောင်မှုကင်းတယ် ။ သူ့ရဲ့ ထုံးဖွဲ့ဆင်ယင်မှု ၊ခြယ်လှယ်လိမ်းသမှုမှာလည်း မျက်ခုံးမဆွဲ သနပ်ခါးရည်ကျဲကလေးလောက်ပါပဲ ။ တကယ်တော့ ခေတ်အမျိုးသမီး ပညာတတ်ကလေးတွေကြားမှာ သူလို ဇာတ်မင်းသမီးက
ဆက်လက်ဖတ်ရှုလိုပါက အောက်က blog မှာ သွားရောက်နိုင်ပါတယ်ခင်ဗျာ.....
koaungnaingoo.blogspot.com/20...

Опубликовано:

 

22 июн 2020

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 37   
@hlasein9897
@hlasein9897 11 месяцев назад
အမေစုကိုလွမ်းလိုက်တာ၊ကိုယ်ရောစိတ်ပါကျန်းမာပါစေ အမေ၊
@duckko4133
@duckko4133 2 года назад
အမေဒေါ်အောင်ဆန်းစုကြည်က ပန်းပန်လျက်ပါပဲ သူခိုးစစ်အုပ်စုရေ ကမ္ဘာကျော်သူခိုးကြီးများအဖွဲ့😏
@user-bc6wp2rh1w
@user-bc6wp2rh1w 2 года назад
အရမ်းကောင်းတဲ့သီချင်းလေးပါနော် ကြိုက်တယ် အမေကြည်ဆိုတာ
@aunggyi540
@aunggyi540 Год назад
အမေစုကပန်းပန်လက်ပါsu
@kaykay-zm9yo
@kaykay-zm9yo 7 месяцев назад
အရမ်းကြိုက်
@user-sb6oq3ht3i
@user-sb6oq3ht3i Год назад
မရိုးနိူင်တဲ့သီချင်းပါgood
@user-zt7lj9vr7o
@user-zt7lj9vr7o 3 месяца назад
ပန်းပန်လျက်နေကြတဲ့မဗေဒါတွေမြန်မာနိုင်ငံမှာအများကြီးပါအားမငယ်ကြပါနဲ့ချစ်သမီးလေတို့လူမှန်ရင်နေရာမှန်ရှိစမြဲမို့ပါ
@golfmo590
@golfmo590 3 года назад
အ​မေစုရယ်ရင်ထဲအသဲထဲကသတိရတယ်
@user-rf2um4ni4t
@user-rf2um4ni4t Месяц назад
ဘာမှမဆိုင်ပါဘူးသူ့အတ္တမာနအတွက်တစ်ခုအတွက်ဘဲလုပ်ချင်ရာလုပ်ချင်ရာလပ်သွားတာနောက်ဆုံးသူ့အာဂါတနဲ့သူထောင်နန်းစံသွားရတာ😊😊😊😊😊😊😊
@khinownmyint2042
@khinownmyint2042 Месяц назад
အမအတွက်သီဆိုထားသလားလို့။ အမြဲပန်းပန်ပါနော်
@MonMon-ow5rq
@MonMon-ow5rq 6 месяцев назад
လွမ်းတယ်အမေကျန်းမာပါစေ
@myonyunt3233
@myonyunt3233 Месяц назад
လွမ်းတယ်အမေ❤😢
@mobile1028
@mobile1028 2 года назад
တင်ပေးလို့ကျေးဇူးတင်မိပါတယ်အမေတို့ခေတ်ကမင်းသမီးအန်တီဒေါ်ကြည်ကြည်ဌေးအရွယ်နဲ့အရမ်းကွာပေမယ့်သရုပ်ဆောင်-သီချင်းတွေကြိုက်ပါတယ်(27/11/2021)
@myominoo904
@myominoo904 2 года назад
A legendary actress and singer. She was a true consummate actress who lead a sad personal life with an abusive husband. There will never be another like her.
@thawzin3614
@thawzin3614 2 года назад
ပန့ပန်လျက်ပါ
@khinthida4226
@khinthida4226 Год назад
စာသားရောအသံရောရုပ်ရောအရမ်းကြိုက်တယ်
@user-gt6bj3fj6j
@user-gt6bj3fj6j Год назад
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@UKyawKyawWai
@UKyawKyawWai 5 месяцев назад
ဒီသီချင်းကိုလိုင်းပေါ်တင်ပေးကြသူအပေါင်းကိုလေးစားကျေးဇူးတင်ပါတယ်ဗျာ..
@soethein4809
@soethein4809 Год назад
Good luck with 👍 💓 ✨️ and thanks 👍 💓 😊 🙏 😀 ☺️ 👍 💓 😊
@chochooo213
@chochooo213 Год назад
16ရက်5လအားပေးနေတယ်ရုင်
@umyintswe7558
@umyintswe7558 2 месяца назад
ရွှေဟင်္သာရုပ်ရှင်ပွဲဦးထွက်ကားပါ ၂၅ ပတ် ရွှေရတု အထိပြခဲ့ရတယ်
@user-ub5ff6yz9q
@user-ub5ff6yz9q 27 дней назад
ဖိုက်တင်
@mmtmt5735
@mmtmt5735 3 года назад
လွမ်စရာလေမိုးကရွာ
@mmtmt5735
@mmtmt5735 3 года назад
ကျေဇူးပါအန်တီရောက်ရာဘဝကနေသာဓုခေါပါအန်တ​ီဌေးအမျအမျအမျပါအန်တီ
@user-ki1ml1xh8b
@user-ki1ml1xh8b Месяц назад
မြန်မာစာပညာရှင်ကြီးတဦးက ကဗျာတပုဒ်ရေးခဲ့တယ်။ပြီးတော့သီချင်းဖြစ်လာတယ်။နောက်တော့ရုပ်ရှင်ရိုက်တယ်။ကဗျာ သီချင်း ရုပ်ရှင်(3)ခုလုံးနိုင်ငံကျော်တဲ့အဆင့်။ဒီနေ့အထိလဲလူထုရဲ့ရင်ထဲအသဲထဲစွဲနေဆဲ။ပညာရှင်ကြီးရဲ့မြန်မာစာ၊ကဗျာအဖွဲ့ကိုလေးစားဦးညွှတ်ရင်းဂုဏ်ပြုအပ်ပါတယ်။
@sunthit984
@sunthit984 6 месяцев назад
အမေ့ကို သတိရတယ်😢😢
@JulIe-qj2dl
@JulIe-qj2dl 11 месяцев назад
မင်္ဂလာပါ
@user-ub5ff6yz9q
@user-ub5ff6yz9q 5 месяцев назад
ပန်ပန်းလျက်ပါ
@user-tt7ig9bm2x
@user-tt7ig9bm2x 9 месяцев назад
တရုတ်ရဲ့အကြောက်ဆုံး အချက်ပေါ​ြ..
@tintincho2252
@tintincho2252 9 месяцев назад
အနပညာရှင်မရှိတော့တာနှမျှောစရာကောင်းးပါသည်💪💪💪👄👋
@winzaw-pl2ge
@winzaw-pl2ge 8 месяцев назад
Thank you
@user-df5vs2fe3o
@user-df5vs2fe3o 10 месяцев назад
အဲဒီသီ ချင်းကြားရင်ဝမ်းနည်း
@animeotaku4052
@animeotaku4052 6 месяцев назад
❤❤❤
@user-um9gi2ix3m
@user-um9gi2ix3m 2 месяца назад
😅😅😅😅😅😅😅😅😅😅
@user-pz1wd2bg7u
@user-pz1wd2bg7u Месяц назад
ဘဲအုပ်မတစ်ရာနှစ်ရာမဗေဒါကတစ်ပင်ထဲ
Далее