Тёмный

ပရိတ်ကြီး ၁၁ သုတ် တရားတော် 

Dhamma Channel
Подписаться 11 тыс.
Просмотров 43
50% 1

ပရိတ်တော်(၁၁)သုတ်ကို စိစစ်ခွဲခြားကြည့်လျင် ဘုရားဟောစစ်(၈)သုတ်၊ ဘုရားဟောပါဠိနှင့် ဆရာတော်ကြီးများရေးသားထားသည်ကို ရောစပ်ထားသည့်(၂)သုတ်နှင့်၊ မြတ်စွာဘုရား၏ ဟောကြားချက်များကိုမှီငြမ်းပြုပြီး၊ ဆရာတော်ကြီးများရေးသားသည့်(၁)သုတ်၊ စုစုပေါင်း(၁၁)သုတ်ဟူ၍ ဖြစ်ပေါ်လာပါသည်၊၊
“ပရိတ်အသေး”ဟူ၍ စာပေဝေါဟာရမရှိသော်လည်း “ပရိတ်”ပုဒ်၏နောက်မှ“ကြီး”စာလုံးဖြည့်စွက်လျှက်“ပရိတ်ကြီး”ဟူ၍လည်း ခေါ်ကြပါသေးသည်၊၊
ကြီးကြီးကျယ်ကျယ်ပြောဆို ရေးသားရသည်ကို မြန်မာတို့ သဘောခွေ့လေဟန် ထင်မှတ်ရပါသည်၊၊
“သီရိလင်္ကာလူမျိုး”တို့သည် သာမန်ပရိတ်ပွဲများတွင်ရွတ်ဖတ်သည့်ပရိတ်ကို နာမည်အထူးမခေါ်သော်လည်း၊ ထူးခြားသည့်အခမ်းအနား၊ အိမ်တက်စသည်များတွင်ရွတ်ဖတ်သည့်ပရိတ်ကိုမူ “မဟာပရိတ်” ဟူ၍ ခေါ်ကြပါသည်၊၊ ပရိတ်တရားတော်များကို အသေးစိတ်လေ့လာကြည့်လျင် ရတနာသုံးပါးတို့၏ဂုဏ်ကျေးဇူးကို တိုင်တည်၍၊ ဘေးကင်းစေရန်ဆုတောင်းကြပုံ၊ သစ္စာပြုလျက် အကျိုးကိုတောင်းတပုံနှင့်၊ လောကတစ်ခွင်လုံးတွင်ရှိကြသည့်သတ္တဝါများကို ဘေးကင်းစေကြောင်း၊ မေတ္တာပို့သည့်ပါဠိစာပိုဒ်များဖြစ်ကြောင်းကို တွေ့ရပါသည်၊၊
ပရိတ်တရားများကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းသည် အမှန်တကယ်ဘေးကင်းစေပြီး၊ အကျိုးတရားကို ဖြစ်ပေါ်စေပါသည်၊၊ မမြင်ရသည့်သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ၊ စုန်းကဝေစသည်များ၏အန္တရာယ်ပေးမှုကို အကာအကွယ်ပေးနိုင်ကြောင်း ခိုင်မာသည့်သာဓကများစွာ ရှိပါသည်၊၊
မြတ်စွာဘုရားရှင်သည် လူနတ်တို့၏မျက်မှောက်ဘဝ ဘေးကင်းရေးနှင့်၊ အကျိုးတိုးပွားဖြစ်ပေါ်စေရန် ရည်သန်တော်မူလျက် ပရိတ်အဖြစ်ရွတ်ဖတ်နိုင်သည့် သုတ်များကိုသီးခြားလမ်းညွန်ထားခြင်း ဖြစ်ပါသည်၊၊

Опубликовано:

 

1 ноя 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
ТРОЛЛИНГ СКАМЕРА СТАНДОФФ 2
00:59
အာဋာနာဋိယ သုတ်
4:44
Просмотров 4,7 тыс.
8 August 2022
1:01:21
Просмотров 7 млн