Тёмный

#ပါဒနိုင်ငံတော်သို့အလည်တစ်ခေါက် 

myanmaradventure traveler
Подписаться 24 тыс.
Просмотров 20 тыс.
50% 1

ခရီးတွေထွက်ချင်ပေမယ့်လည်း အခြေအနေအရ ရပ်ဝေးမသွားနိုင်တဲ့ ခရီးသွားဝါသနာပါတဲ့သူတွေအတွက် ဒီ vlog လေးကို တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ နီးနီးနားနားလည်းဖြစ် ဘုရားလည်းဖူးရင်း၊ ရှေးဟောင်းသမိုင်းလည်း လေ့လာလို့ရတဲ့ သန်လျင်မြို့လေးကို တစ်ခါတခေါက် အလည်သွားရောက်ဖို့ တိုက်တွန်းချင်ပါတယ်။ သန်လျင်ကို ရှေးယခင်က သီဟဒီပကျွန်းလို့ ခေါ်ကြသလို၊ ပါဒတိုင်းပြည်လို့လည်း ခေါ်တွင်ကြပါတယ်။ သန်လျင်မှာ လူမသိ သူမသိ တိမ်မြုပ်နေတဲ့ နှစ်ပေါင်း ထောင်ချီ ရှေးဟောင်းအမွေ အနှစ်တွေလည်း များစွာကျန်ရှိနေပါသေးတယ်။ ဒါကြောင့် ရှေး ပါဒနေပြည်တော်ရဲ့ သမိုင်းကြောင်းတွေကို ပြန်လည်တူးဆွချင်တယ်ဆိုရင်တော့ သန်လျင်ကို အလည်တစ်ခေါက် လှမ်းခဲ့လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Опубликовано:

 

26 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 22   
@kyawoo4801
@kyawoo4801 3 месяца назад
ပါဒဘုရင်ဘောဂသေနမင်းရဲ့သားတော်နဲ့သမီးတော်ကျန်ခဲ့တဲ့အခါ...မောင်တော်နဲ့နှမတော်စစ်ပြုကြရင်းမောင်‌ေတာ်ကနိုင်လို့ကျောက်တန်းမြို့ကိုတည်ပြီးနှမတော်က..ဆိပ်ကြီးခနောင်တိုမှာမြို့တည်နေတယ်လို့ဖတ်ဘူးပါတယ်....အဲ့ဒီသမိုင်းကြောင်းလေးလည်းအဆင်ပြေတဲ့အခါတင်ပြပေးပါအုံး.. အခုလိုသိခွင့်ရတဲ့အတွက်ကျေးဇူးပါ...❤❤❤
@JasmineUniverse-f8t
@JasmineUniverse-f8t 3 месяца назад
ကန်တော့ပါတယ် ဘုရား
@saithway969
@saithway969 3 месяца назад
သန်လျင်က သပ်သပ် ကျောက်တန်းက သပ်သပ် တစ်မြို့ဆီ တချို့တွေက ရောနေကြတယ် ၊ ပါဒမြို့ဟောင်းက ကျောက်တန်းမှာ ရှိတာပါ
@Kozaw-zg5xh
@Kozaw-zg5xh 3 месяца назад
ဟုတ်ပါတယ်ဗျာ၊ကျောက်တန်းမြို့အထွက်က၊ပါဒကြီးစံပြကျေးရွာမှာဖြစ်ပါတယ်ခင်ဗျာ၊သမိုင်းအရဆိုရင်တော့ပါဒမြို့ဟောင်းဖြစ်ပါတယ်၊ကျောက်တန်းမြို့နယ်၊ပါဒကြီးစံပြကျေးရွာဖြစ်ပါတယ်
@myanmaradventuretraveler2752
@myanmaradventuretraveler2752 3 месяца назад
ဟုတ်တယ် brother ပြောတာ မှန်တယ်။ ပါဒကြီးမှာ နန်းတော်ရာ ပြန်ပြီး တူးနေတယ်လို့လဲ သိရတယ်
@kyawoo4801
@kyawoo4801 3 месяца назад
အမှန်ပါပဲ...ပါဒ..ကကျောက်တန်းမြို့ပါ...
@Kozaw-zg5xh
@Kozaw-zg5xh 3 месяца назад
ရွှေမှော်ဝန်း၊ကျောက်တန်းမြို့နယ်၊ပါဒကြီးစံပြကျေးရွာမှာဖြစ်ပါတယ်ခင်ဗျာ
@xzdgbbcddghvhj
@xzdgbbcddghvhj 6 месяцев назад
သန်လျင်မှာနေတဲ့..ကျောက်တန်းသူလေးဖြစ်တဲ့.ချစ်....လေးကတော့.မိမိနဲ့အတူ ဘဝအဆက်ဆက်တွေထဲက.ကြင်ယာတော်အဖြစ်ရှိနေခဲ့ရ.ပေါင်းသင်းနေခဲ့ရတဲ့ မိန်းမသားလေးအဖြစ်နဲ့ပါဘဲ..%
@MaLay-lt3sn
@MaLay-lt3sn 3 месяца назад
Eh eh eh eh eh
@MarMar-ed1qp
@MarMar-ed1qp 3 месяца назад
သန်လျင်မြို့ကဆရာချစ်ဦးညို ရဲ့ ချစ်သောပါဒကရီ စာအုပ်ထဲက ပါဒတိုင်းပြည်လား
@PanEiThazinAung
@PanEiThazinAung 2 месяца назад
ဟုတ်ပါတယ် သန်လျင်မြို့ပြီးရင် ပါဒလေး ပါဒကြီးပါ ပြီးမှ ကျောက်တန်းပါ
@KhaLayLay-j4b
@KhaLayLay-j4b 3 месяца назад
ရှင်မွေးလွန်းရ့ဲအဖိုးရွာသူ​ြရြ့ဲအမည်ပါဦးသန်လျင်ကိုအစွဲပြု၍ခေါ်ကြသန်လျင်ပါ
@TunLwin-d7t
@TunLwin-d7t 5 месяцев назад
သက်သတ်လွတ်ဆိုပြီးဘယ်ကခရမ်းချဥ်သီးငါးပိချက်ကပါရတာတုန်း😅
@myanmaradventuretraveler2752
@myanmaradventuretraveler2752 5 месяцев назад
ဟုတ်ပဗျာ ပါးစပ်ကလည်း ခရမ်းချဉ်သီးဆိုရင် ငပိချက်နဲ့တွဲပြီး ပြောနေကျဆိုတော့ အကျင့်ပါသွားတာ။ တကယ်က ခရမ်းချဉ်သီးအနှစ်ကိုပဲ ချက်ထားတာပါ။
@Kozaw-zg5xh
@Kozaw-zg5xh 3 месяца назад
ပီလခတ်ဟိန်ဒူဘုရားကျောင်းကသက်သက်လွတ်ခရမ်းချဉ်သီးငပိချက်ကငပိမထည့်ပါဘူးခင်ဗျာ၊အခေါ်အဝေါ်အရငပိချက်ပြောတာပါ
@PanEiThazinAung
@PanEiThazinAung 2 месяца назад
မိတနော်က ပန်းချီကျော် ဒီပါနဲ့ ချစ်ကြိုက်ခဲ့တာပါ ပန်းချီကျော်ဒီပါက ဘုရင့်သားတော်ဖြစ်ပေမဲ့ နန်း‌တွင်းရှုပ်ထွေးမှု့တွေကြောင့် သားယောက်ကျားလေးမွေးရင် အသက်ခံရမှာမလို့ ဘုရင့်မနှင်းဧရီနဲ့ လူချင်းလည်းခံထားရတာပါနော် နှင်း‌ဧကရီက နန်းတွင်းကျွန်နဲ့ မြင်းထိန်းစစ်သည်နဲ့ရတဲ့ ရတဲ့ကလေးပါ ဘုရင့်မျိုးရိုးမဟုတ်ပါဘူး သမင်စက်ကဝတ်မင်းနဲ့ နှင်းဧကရီက မောင်နှမပါနော် ဒါမဲ့အရင်းမဟုတ်ဘူး သမင်စက်ကဝတ်မင်းနဲ့ ပန်းချီကျော်ဒီပါနဲ့မှ ဖအေတူ မအေကွဲ နန်းစံမင်းသားတွေပါ မောင်နှမနှစ်ယောက်စစ်ဖြစ်ကြတာမှန်ပါတယ် ပါဒလေးနိုင်ငံနဲ့ ပါဒကြီးနိုင်ငံဆိုပြီးကွဲသွားသလို ရွာကြီးရွာငယ်တွေလည်းကွဲသွားတယ် မောင်နှမနှစ်ယောက်စစစ်ချင်းထိုးတော့ ဘုရင်မနှင်းဧကရီက အကြောင်းရင်းမှန်သိတော့ စစ်မြေပြင်ပေါ်မှာဘဲရင်ကွဲနာကျ ကံတော်ကုန်သွားတာပါနော်
@myanmaradventuretraveler2752
@myanmaradventuretraveler2752 2 месяца назад
@@PanEiThazinAung အခုလို သမိုင်းကြောင်းတွေကို ဝင်ရောက်ဖြည့်စွက်ပေးတဲ့အတွက် ကျတော့်အတွက်လည်း ဗဟုသုတရသလို တကယ့်ကို ကျေးဇူးလည်း တင်ပါတယ်ခဗျာ။
@PanEiThazinAung
@PanEiThazinAung 2 месяца назад
@@myanmaradventuretraveler2752 တစ်ကယ်တော့ ပါဒရာဇဝင်သမိုင်းတွေက ဖော်မဲ့သူမရှိသလို့ ဇာတ်မြုတ်ထားခံတာလားမသဲကွဲဘူး သမိုင်းရာဇဝင်တွေလိုက်တာ ရှာလို့သိပ့်မတွေ့ဘူး သန်လျှင် ပြီရင် ပါဒနိုင်ငံ ပြီးရင် ကျောက်တန်း အဲ့သုံးနေရာမှာ ပါဒနိုင်ငံတစ်ခုဘဲ ပျောက်နေတာ ကျောက်တန်းထဲရောက်တော့ သူမြို့သူ့နေရာလေးနဲ့ ကျောက်တန်းကစည်းစည်းကားကား သန်လျင်လည်း သူဟာနဲ့သူ ဘုရားပွဲတွေ လူသွားလူလာတွေစည်ကားတယ် သတိထားမိမလားတော့မသိ
@khaingkhaingwah96-ex7yg
@khaingkhaingwah96-ex7yg 9 месяцев назад
ရိုက်ထားတာလေးတွေက အရမ်းလှတာပဲ
@khinmemekyaw1513
@khinmemekyaw1513 9 месяцев назад
သက်သတ်လွတ် ထမင်းဟင်းပဲ သွားစားမယ်လေ
@AyeAye-ej4om
@AyeAye-ej4om 9 месяцев назад
အားပေးပါတယ်အခုအစီအစဉ်တွေကိုဆက်တင်ပေးပါ
@myanmaradventuretraveler2752 9 месяцев назад
ဟုတ်ကဲ့ပါခဗျာ အခုလိုအားပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်
Далее
Help Me Celebrate! 😍🙏
00:35
Просмотров 13 млн
CORTE DE CABELO RADICAL
00:59
Просмотров 1,1 млн
Help Me Celebrate! 😍🙏
00:35
Просмотров 13 млн