မကွေးတိုင်း၊ ပေါက်မြို့နယ် ရေပြာရွာရဲစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ညနေက ဝင်ရောက်တိုက်ခိုက်ရာ စခန်းမှူးအပါဝင် ရဲ ၅ ဦး သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ပေါက်မြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ်မြောက်ပိုင်းရှိ လင်းကတောနယ်မြေရဲစခန်းကို မြိုင် PDF၊ ရေစကြို PDF နှင့် ဆားလင်းကြီး PDF တို့ ပူးပေါင်း၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ၌ ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့သည်။ ထိုစဉ်က ဖမ်းဆီးရမိသည့် ရဲမိသားစုဝင် ၁၃ ဦးကို PDF များက ပြန်လွှတ်ပေးခဲ့သည်။
သတင်း၊ တင်ဆက် - မောင်ရွှေဝါ၊ သူရမောင်
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် www.userroll.com/site/registe... နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
23 фев 2022