Тёмный

ပြန်စည်ကားနေတဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီး Vlog (Part - 1) 

Inside Myanmar By YMK
Подписаться 23 тыс.
Просмотров 65 тыс.
50% 1

ကျိုက်ထီးရိုးဘုရားကို ဒီရက်ပိုင်းမှာ ဘုရားဖူးခရီးသည်တွေ တော်တော်များများ ပြန်ဝင်လာပါတယ်။ ကိုဗစ်နောက်ပိုင်းမှာ ဧည့်သည်အများဆုံး ပြန်ဝင်တဲ့ အချိနိလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက Inside Myanmar by YMK က ကျိုက်ထီးရိုးဘုရားသွားဖူးခဲ့တဲ့အကြောင်းကို အခုလိုပဲ ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်နော်...
ကားလက်မှတ်နဲ့ လမ်းကြောင်း
..................................................
...................................................
ကားလက်မှတ်ကို ရွှေနဂါးကနေ ဖြတ်ပါတယ်။ ရန်ကုန်ကနေ ဘုရားတောင်ခြေ ကင်မွန်းစခန်းအထိ အသွားအပြန် တစ်ယောက်ကို ၂၅၀၀၀ ကျပ်ပါ။ အောင်ဆနိးကွင်းကနေ မနက် ၅နာရီ စထွက်ပြီး တာမွေ ကျောက်မြောင်း၊ လှည်းတန်း မြေနီကုန်း ၈မိုင် ပြည်လမ်းအတိုင်းဧည့်သည်တွေ ကြိုပေးပါတယ်။ အမြန်လမ်းပေါ်ကနေ မောင်းပါတယ်။ ၀မိုငျမှာ မှတိပုံတင်တစ်ခါစစ်ပါတယ်။ ကားပေါ်က ဆင်းစရာမလိုပါ။ ကားပေါ်က လမ်းညွှန်က ယူပြီး ဂိတ်မှာစစ်တာပါ။ ၃၉မိုင်ရောက်တော့ ဘောနက်ကြီးဘက်ကွေ့ပြီးရင်တော့ တစ်ခါစစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ့်မှတ်ပုံတင်ကိုယ် ကိုင်ဆောင်ပြီး လမ်းလျှောက်ဆင်းပေးရပါတယ်။ မြန်ပါတယ်။ စစ်ဆေးရေးဂိတ်တွေနား လက်ကိုင်ဖုန်းအသုံးမပြုဖို့ လိုပါတယ်။ လူကြီးနဲ့ သက်ကြီးရွယ်အိုတွေ ဆင်းဖို့မလိုပါဘူး။
ဘုရားကြီး လမ်းဆုံက မိုးသောက်ကြယ်မှာ မနက်စာစားဖို့ ရပ်ပါတယ် နာရီဝက်ပါ။
ညောင်ခါးရှည် စစ်ဆေးရေးဂိတ် အရင်လို အကြာကြီး မပိတ်တော့ပါ။ မြန်ပါတယ်။ မနက်၁၀ နာရီ တောင်ခြေ ယာဥ်ရပ်နားစခန်းကို ရောက်ပါတယ်။
တောင်တက်ခရီး
...................................
....................................
ခြေလျင်တက်သူတွေရှိပေမယ့် နည်းနေပါသေးတယ်။ တောင်တက်ကားနဲ့ တက်မယ်ဆိုရင် ဂိတ်မှာ စာရင်းပေးပြီး သူတို့ပြန်ပေးတဲ့ ကားနံပါတ်ရှာပြီး တက်ရပါတယ်။ လူတစ်ဦးကို ၄၀၀၀ ကျပ်ပါ။ ကေဘယ်လ်စီးချင်ရင် ရသေ့တောင်ကျရင် ဆင်းပါ။ ကားတွေက ကေဘယ်လ်ရှေ့မှယ ရပ်ပေးပါတယ်။ မစီးချင်ရင် ဒီကားနဲ့ပဲ ဆက်လိုက်သွားပါ။ ကေဘယ်လ်က လူတစ်ယောက်ကို ၁၀၀၀၀ ကျပ်ပါ။ အသွားအပြန်စီးရင်တော့ ၁၅၀၀၀ ကျပ်ပါ။ ကေဘယ်လ်က ၁၅မိနစ်လောက်ပဲ စီးရပါတယ်။ တောင်ပေါ်ရောက်ပါပြီ။
တည်းခိုစရာ
......,........................
................................
နေ့ချင်းပြန်ဆို တည်းခိုဖို့ စိတ်ပူစရာမလိုပေမယ့် ညအိပ်မယ်ဆိုရင် တည်းခိုဖို့က စီစဥ်ရတော့မှာပါ။
ကြားရက်ဆိုရင်တော့ တည်းစရာ တည်းခိုဆောင် ဟိုတယ်က လွယ်လွယ်ရနိုင်ပေမယ့် ပိတ်ရက်ဆိုရင် လူများလို့ ခက်ခဲနိုင်ပါတယ်။ တည်းမယ့်ဟိုတယ် ကြိုတင်ဘိုကင်ယူသွားပါ။ ရင်ပြင်ပေါ် ပေ၄၀ တိုးချဲ့ဆောင်တွေရှိပါတယ်။ လူတစ်ဦးကို ၇၀၀၀ ကျပ်လို့ပြောပါတယ်။ စားသောက်ဆိုင်တန်းတွေဘက်ဆိုရင်တော့ သူတို့ ပြောတဲ့စျေးပါပဲ။ ကိုယ်တွေက Mountain Top Hotel မှာ တည်းပါတယ်။ ရင်ပြင်နဲ့ နည်းနည်းလှမ်းပေမယ့် တိတ်ဆိတ်အေးချမ်းပြီး Hotel ကနေ View လှလို့ တည်းဖြစ်ပါတယ်။ နှစ်ယောက်ခန်းတစ်ခန်း တစ်ညကို ၈၀၀၀၀ ကျပ်ပါ။ ရိုးရိုးလေးမှာက ငါးသောင်းတန်ကစရှိတယ်လို့ သိရတယ်။
နှစ်စဥ်လာနေကျဘုရားဖူးတချို့ကတော့ ရင်ပြင်ပေါ်မှာ ဖျာ စောင် ခေါင်းဦးငှားပြီး အိပ်ကျပါတယ်။ ဖျာတစ်ချပ် တစ်ထောင် ခေါငျးဦးစောငျ ၅၀၀ ကျပ် စသဖြင့် ငှားပါတယ်။
ဘယ်မှာစားမလဲ စျေးဘယ်လောက်လဲ
............................................................
............................................................
ကျိုက်ထီးရိုးက ဧည့်များလာတာနဲ့အမျှ စျေးတွေကလည်း ဘာစားစား မေးစားရတော့တာပါပဲ။ ထမင်းဆိုင်တွေများပြီး အနည်းဆုံး ဟင်းတစ်ပွဲနဲ့ ၆၀၀၀ ကျပ်က စပါတယ်။ စားနဲ့ ဟင်းပေါ်မူတည်ပြီး ၆၀၀၀ ကနေ ၈၀၀၀ ထိ ရှိပါတယ်။ မစားခင်ပြောထားတဲ့စျေးနဲ့ စားပြီး သူတို့ ပြန်တွက်တဲ့စျေးလည်းကွာနေတတ်လို့ သေချာမေးပြီး စျေးတွက်ရင်လည်း ကိုယ်ပါ သေချာစစ်ပါ။
ညဘက်အဆာပြေစားဖို့ မုန့်ဟင်းခါး၊ ခေါက်မုန့်၊ ဆီထမင်း ငါးကြော် ကောက်ညင်းပေါင်းသည်တွေအစုံရှိပါတယ်။ တောင်ပေါ်ဆိုတော့ ပုံမှန်ထက် စျေးကတော့ များပါတယ်။
ဘယ်တွေသွားလို့ရလဲ
,......................................
.......................................
ကျီးကန်းပါးစပ်၊ မုဆိုးတောင်တွေက ထမင်းစားပြီး ရှေ့ဆက်သွားရင် ရောက်ပါတယ်။ ကျီးကန်းပါစပ်က လူငယ်တွေက သိပ်မသိသာပေမယ့် အတက်အဆင်းမတ်လို့ လူကြီးတွေဆိုရင် သတိထားသွားရပါမယ်။ လမ်းမှာ စျေးဆိုင်လေးတွေရှိပါတယ်။
ရေတံခွန်သွားမယ်ဆိုရင် ရင်ပြင်ပေါ်မတက်ခင် ခြသေ်ကြီး နှစ်ယောက်နားမှာ ရေတံခွန်သွားမယ့်ကား ရှိပါတယ်။ လူပြည့်အောင်တော့ စောင့်ရပါတယ်။ အသွားအပြန်တစ်ယောက်ကို ၅၅၀၀ ကျပ်ပါ။ လူမစောင့်ချင်တာပဲ ဖြစ်ဖြစ် ကားမရှိရင်ပဲ ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ သွားလို့ရပါတယ်။ ဆိုင်ကယ်တစ်စီးကို အသွား၇၀၀၀ ကျပ် အပြန် ၇၀၀၀ ကျပ်ပါ။ လူ၂ဦး တင်ပါတယ်။ မြန်ပါတယ်။ မိနစ်၂၀လောက်ပဲစီးရင် ရောက်ပါတယ်။
ရေတံခွန်မှာ ရေချိုးဖို့စဥ်းစားထားပေမယ့် အဲ့ရောက်ရင်တော့ အေးစိမ့်နေပြီး ရေကလည်း ရေခဲရေတမျှမလို့ ဒီကာလမှာတော့ ရေချိူးဖို့ မဖြစ်နိုင်တော့ပါ။ ဓာတ်ပုံရိုက်ရင်တော့ တော်တော်လှပါတယ်။ ဘောကွင်း ရေကူးဘောင်းဘီငှားပါတယ်။
အဆာပြေစားဖို့ စားသောက်ဆိုင်ရှိပါတယ်။
အပြန်ကို ရွှေနဂါးက နေ့လယ်၁၂ နာရီ ကားပြန်ထွက်ပါတယ်။ အနည်းဆုံးတောင်ပေါ်က ၁၀ နာဲရီခှဲ ပြန်ထွက်နိုင်အောင်လုပ်ပါ။ မဟုတ်ရင် နေ့လယ်စာလွတ်နိုင်ပါတယ်။ တောင်အောက်ရောက်မှ လက်ဆောင် အမှတ်တရပစ္စည်း ဝယ်ပါ။
ရွှေနဂါးက အပြန်ကျိုက်ထိုမြို့က ဘုရား၂ဆူ ဝင်ပေးပါတယ်။ အကြီးဆုံး ထိုင်တော်မူဘုရားကြီးနဲ့ ကျိုက်ဘောလောမှဲ့ရှင်ဘုရားပါ။
ရနိကုန်ကို ညနေ ၆နာရီဝင်ပါတယ်။
ကျိုက်ထီးရိုးဘုရားဖူး Review ကတော့ ဒီလောက်ပါပဲ...ဘုရားဖူးမသွားခင် အဆင်ပြေဖို့ ရေးထားပေးတာပါ။ ဘုရားဖူးသွားမယ့်သူတွေကို ပြန်ရှဲပေးပြီး ပြောပြလို့ရပါတယ်။ အခြေအနေက အမြဲပြောင်းလဲနေတာဖြစ်လို့ ဘုရားဖူးသွားမယ့် လမ်းကြောင်းနဲ့ ဒေသအခြေအနေကိုတော့ စုံစမ်းပြီးမှ သွားရင် အန္တရာယ်ကင်းပြီး စိတ်ချမ်းသာစွာဘုရားဖူးရမှာပါ။
အားလုံးကို ကျေးဇူးပါ....
#Kyikehteeyopagoda
#myanmar
#travelvlogger
#ကျိုက်ထီးရိုး

Опубликовано:

 

15 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 62   
@khinmyint2241
@khinmyint2241 5 месяцев назад
တောင်တက်ကားလမ်းမပေါက်ခင်ကမကြာခဏရောက်ခဲ့ပါတယ်အခြေအနေကအားလုံးပြောင်းလဲနေပြီမမှတ်မိအောင်ဖြစ်နေပြီ ခုလိုတင်ပေးလို့ကျေးဇူးတင်ပါတယ်
@OozinIa
@OozinIa 6 месяцев назад
ဘုရားဖူးပို့မဟုတ် ဘုရားလည်းတွေပါ
@insidemyanmarbyymk
@insidemyanmarbyymk 6 месяцев назад
ဒုတိယပိုင်း Part 2မှာ ပါပါတယ်နော်
@minhla7515
@minhla7515 4 месяца назад
အားပေးနေပါတယ်🎉🎉
@linnsettthu898
@linnsettthu898 5 месяцев назад
ကိုယ်တိုင်သွားလိုက်ရသလိုက်ပါပဲ ။ ကျေးဇူးပါ အမ...
@user-dt5ng3xt2q
@user-dt5ng3xt2q 4 месяца назад
သွားချင်လိုက်တာဗျာ ရောက်အောင်သွားမယ် ❤
@luckey-z2v
@luckey-z2v 7 месяцев назад
ဘာမှမပြော ချင်ပါ ကိုယ့်ကုသိုလ် ကံနဲ့ ကိုယ် ဘဲ ဘုရား ကို တော့ လေးစား ကြည်ညို ပါသည်
@hlamoe5821
@hlamoe5821 7 месяцев назад
ပျော်စရာကြီး နော် မနက်စာ သောင်းကိုးထောင်ငါးရာ ဂလု ဂလု ကျေးဇူးတင်ပါတယ်
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
မနက်စာ စျေးများတယ်😅
@eizin4599
@eizin4599 7 месяцев назад
ကျေးဇူးပါ❤❤❤❤❤
@eizin4599
@eizin4599 7 месяцев назад
သွားချင်လို့ပါ
@nayayelin-nk4hc
@nayayelin-nk4hc 7 месяцев назад
ပြည်တွင်းစစ်ကြောင့် ရတဲ့ စိတ်ဒဏ်ရာ စိတ်သောကတွေ ပြေစေဖို့ ပြည်သူလူထု အနေနဲ့ ဘုရားဖူး ခရီးစဉ်တွေ အပါအဝင် အပျော်ခရီးတွေ သွားကြဖို့ တိုက်တွန်းပါတယ်၊ ဒီလိုသွားတာဟာ စစ်ကောင်စီကို အားပေးတာမဟုတ်သလို တော်လှန်ရေးကိုဆန့်ကျင်ကန့်ကွက်နေကြတာလည်း မဟုတ်ပါဘူး၊ တနိုင်ငံလုံးက ပြည်သူလူထုကို အချိန်ပြည့် စိတ်သောက ဒုက္ခတွေ ပေးချင်တဲ့ တော် လှန်ရေးအမည်ခံသူတွေဟာ တကယ်တော အမှန်တကယ် တော်လှန်ရေးသမားတွေ မဟုတ်ကြသလို ဆေးပညာ စိတ်ပညာ ကို နားမလည်ကြပါဘူး၊ တကယ့် တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်စစ်စစ်တွေလည်း တောထဲမှာ ရှေ့တန်းမှာ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာနေကြပါတယ်၊ စိတ်ပညာသဘောအရ အဲ့ဒါဟာ အမှန်တကယ်လိုကို လိုအပ်ပါတယ်၊ မဟုတ်ရင် မြန်မာတနိုင်ငံလုံး စိတ်ဝေဒနာရှင်တွေအပြည့် ဖြစ်နေလိမ့်မယ်
@user-xy4nk1cb7v
@user-xy4nk1cb7v 7 месяцев назад
တော်လှန်ရေးဆိုတာဘာလဲ??
@snowlay3061
@snowlay3061 7 месяцев назад
😮
@nyeinwin3425
@nyeinwin3425 7 месяцев назад
Thanks for sharing good
@eizin4599
@eizin4599 7 месяцев назад
ကျေးဇူးအများကြီးတင်ပါတယ်😍😍😍😍😍😍😍
@dawtinyee6978
@dawtinyee6978 7 месяцев назад
Nice
@YeLayMg-us5oy
@YeLayMg-us5oy 7 месяцев назад
လူငယ် ဘဝတုန်းက ထမင်းဆိုင်တွေမှာဘဲ တည်းကြရတာ ဟော်တယ်မရှိသေးဘူး ထမင်းဆိုင်တွေက ကြူထရန်လေးတွေနဲ့ အခန်းအကြယ်အဝန်းလိုက်ပေးရတာ 11,12,1လပိုင်းတွေကပိုက်ဆံပေးတည်းရတယ် အဲ့လပိုင်တွေမဟုတ်လို့ ဘုရားဖူးနည်းတဲ့ ကျံလတွေဆိုထမင်းစားရင် အလကားတည်းလို့ရတယ် မိဘတွေနဲ့သွားတဲ့ နှစ်တွေသူငယ်ချင်တွေနဲ့သွားတဲ့နှစ်တွေ ရင်ရင်ပြုံး၊လူထုမေတာ အဲ့ဒီဆိုင်တွေမှာဘဲစားဖြစ်တယ် တည်းတယ် အရင်က သူငယ်ချင်းတွေနဲ့ဆို တောလမ်းကလမ်းလျှောက်တတ်တာပို‌ပျော်ဖို့ကောင်းတယ် အဲ့လိုလမ်း‌လျှောက်တတ်ရင်းနဲ့ တခြားမိန်းကလေးအဖွဲ့တွေနဲ့တွေ့ပြီး ရည်းစားတွေလည်း ရခဲ့ကြတာ အဲ့တုန်းကအခုထက် ပိုမိုက်တယ်
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
အဲ့လိုအမှတ်တရတွေ ပြန်ရဖို့က ခက်ခဲသွားပြီ😅
@myochitmin6620
@myochitmin6620 7 месяцев назад
🎉😅 ထမင်းဆိုင်တွေက ထမင်းစားရင်ညအိပ်တည်းခွင့်ပေး..... အီးပါတော့ တောင်စောင်းဘေးကအိမ်သာမှာ...ဖျင်ကိုလေအေးအေးလာတိုက်နေတာခံရ😂
@MyoNyuntAung-ml5nu
@MyoNyuntAung-ml5nu 3 месяца назад
မရောက်ဖြစ်တာ2017တည်းကဆိုတော့7နှစ်ကျော်ပြီအခြေအနေတွေကြောင့်ဘာပဲဖြစ်ဖြစ်သွားနိုင်အောင်ကြိုးစားအုံးမယ်အခုလိုအလွမ်းပြေကြည့်ရလို့ကျေးဇူးပါ👍👍
@WinzawOo-h2t
@WinzawOo-h2t 7 месяцев назад
အသွားအပြန် ၁၅၀၀၀ကလေ နေ့ချင်းပြန်လားဗျာ နောက်ရက်ခွာပီး လက်မှတ်ဖျတ်လိုရမာလားဗျာ❤
@uthansaw4890
@uthansaw4890 7 месяцев назад
အပျင်းဖြေ သွားခဲ့တာ လား
@yanmyoyanmyo
@yanmyoyanmyo 7 месяцев назад
မဂ်လာပါ❤❤❤❤
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
မင်္ဂလာပါနော်
@naiallbarta
@naiallbarta Месяц назад
အခုပျက်မဲ့မီက.ဘယ်အချိန်ပျက်မလဲတဲ့.😂😂
@phyuphwaythant31
@phyuphwaythant31 7 месяцев назад
ပျော်စရာကြီး သွားချင်လိုက်တာ
@WinzawOo-h2t
@WinzawOo-h2t 7 месяцев назад
သားအမိတွေလားဗျာ သမီးလေးဆို tk အကောင့်ပေးပါလား😮
@WinzawOo-h2t
@WinzawOo-h2t 7 месяцев назад
ကျီးကန်ပါးစပ်ပေါ်မာ လူတွေလိုက်တယ် ပိုက်ဆံအကြွေစေ့ပြန်ကောက်တာလားမသိနော်
@ZinKo-wi8oy
@ZinKo-wi8oy 7 месяцев назад
အမတို့တည်းခိုတဲ့ hotel ဈေးနှုန်းပြောပြပေးပါလားအမ
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
Mountain top hotel ပါ တစ်ည ၈၀၀၀၀ ကျပ်ပါ မနက်စာပါတယ်
@myochitmin6620
@myochitmin6620 7 месяцев назад
🎉😅🎉 ဘာတွေဖြစ်နေဖြစ်နေ.... ကိုယ်ကုသိုလ်ရဖို့ ကိုယ်နိဗ္ဗိန်ရောက်ဖို့အရေးကြီးတယ်😇😘🙏🙏🙏
@dawhlakyin8982
@dawhlakyin8982 7 месяцев назад
ဟောတယ်တညဘဲလောက်လဲကြိုးဖုန်းနဲ့မှာရလားဟောတယ်မှာ မင်အိပ်ရင်ထမင်းဆိုင်မှာအိပ်ရလား တည ဘယ်လောက်လဲ
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ရင်ပြင်ပေါ်မှာလည်း အဆောင်တွေရှိပါတယ် လူတစ်ယောက် ၇၀၀၀ ကျပ်လောက်ပါပဲ
@Csc-eg1jo
@Csc-eg1jo 7 месяцев назад
တောင်တက်ကားကလူဘယ်နှစ် စီးရတာလည်းအများဆုံး
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
လူအပြည့်တော့တင်တာတွေ့ရတယ် ပျှမ်းမျှ ၄၅ နဲ့ ၅၀ ဝန်းကျင်ပေါ့
@user-rz3lv7jp4v
@user-rz3lv7jp4v 7 месяцев назад
တစ်တန်းခြောက်ယောက်ခုနှစ်တန်းလေးဆယ့်နှစ်ယောက် ရှေ့ခန်းသုံးယောက် ငါးယောက် စသည်ဖြင့်အကျယ်အဝန်းအရရှိတယ်
@dawhlakyin8982
@dawhlakyin8982 7 месяцев назад
.ဘယ်ရက် သွားတာလဲ တနင်္ဂနွေနေ့လား
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ဟုတ်ပါတယ် လူရှင်းတာကြိုရင် ကြားရက်သွားပါနော်
@MaYuAung
@MaYuAung 5 месяцев назад
ခုသွားလို့အစဥ်ပြေလား
@insidemyanmarbyymk
@insidemyanmarbyymk 5 месяцев назад
အခုချိနိလည်း သွားကြပေမယ့် ရာသီဥတုကတော့ ပူပါတယိ
@dawhlakyin8982
@dawhlakyin8982 7 месяцев назад
အသက်ကြီးသူ ၆၈ နှစ် ကျီးပစပ်သွားရလား လှေကားတက်လို့ရလား
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ဖြစ်နိုင်ရင်တော့ မသွားစေချင်ဘူး အပြန်လှေကားမတ်လိူ့ပါ
@madebywai720
@madebywai720 7 месяцев назад
အဲ့တာ စည်ကားတယ်လို့ပြောတယ်ဆိုတော့ အရင်က မရောက်ဖူးခဲ့လို့များလား
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ပြီးခဲ့တဲ့၃နှစ်အတွင်းမှာ ဒီအချိန်က အစည်ကားဆုံးပါ အရင်က နှစ်တိုင်းကိုရောက်တာပေါ့
@linnsettthu898
@linnsettthu898 5 месяцев назад
အခုရင်ပြင်ပေါ်ကို ဘောင်းဘီရှည့်နဲ့တက်လို့ရပြီလားမိန်းကလေးတွေ အရင်ကဆို ဘောင်းဘီနဲ့မတက်ရလို့ ရင်ပြင်မရောက်ခင် ထမိန်တွေဝတ်လဲကြရနဲ့လေ။
@insidemyanmarbyymk
@insidemyanmarbyymk 5 месяцев назад
ဟုတ်တယ် မောင်လေး အစ်မတို့လည်း ဒီတစ်ခေါက်မှသိတာ အရှည်ဆိုပေမယ့် အပေါက်အပြဲမဟုတ်ဘဲ လုံလုံခြုံခြုံနဲ့ပေါ့
@eizin4599
@eizin4599 7 месяцев назад
အခုလောလောဆယ်မလာ
@dawhlakyin8982
@dawhlakyin8982 7 месяцев назад
ကားခကို ကြိုးအသွားအပြန်ဝယ်ရလား
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ကြိုဝယ်ရပါတယ် အသွားအပြန်၂၅၀၀၀ ပါ
@mgsan-l6k
@mgsan-l6k 7 месяцев назад
မဂ်လာပါ ❤❤❤❤❤❤❤
@eizin4599
@eizin4599 7 месяцев назад
သူများတွေကပြောနေလို့စစ်ဖြစ်နေတယ်ဆို့လို့ပါ
@user-pw1oi5nf2l
@user-pw1oi5nf2l 7 месяцев назад
ကင်မွန်းစခန်းကနေတောင်ပေါ်ကိုတစ်ယောက်ဘယ်လောက်လဲအခုplz
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
၄၀၀၀ ကျပ်ပါ
@aungmyat4985
@aungmyat4985 7 месяцев назад
ရွှေနဂါးကားဂိတ်ဖုန်းနံပါတ်လေးပေးပါလားဗျာ😢
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
09456 456 570 09456 456 580 09456 456 590 ကို ဆက်ကြည့်ပါ
@user-ol1qm9ey7g
@user-ol1qm9ey7g 7 месяцев назад
เราก็คนบ้านติดกันอ้วนไม่ต้องไปคุยกันไกลมาคุยกันตรงนี้
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ยินดีที่ได้รู้จัก
@eizin4599
@eizin4599 7 месяцев назад
ကားကငှာပြီပါပြီကြောင့်ပါကူညီပါနော်
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ဒီရက်ပိုင်းသွားမယ်ဆို ရမယ်ထင်တယ် တော်တော်များများသွားနေကြပါတယ်
@insidemyanmarbyymk
@insidemyanmarbyymk 7 месяцев назад
ကားငှားပြီးတယ်ဆိုရင် ကားဆရာကိုလည်း လမ်းကြောင်း အခြေအနေသေချာမေးပြီးမှ သွားပါလားရှင့်
Далее
МАМА И КОММУНАЛКА
00:59
Просмотров 119 тыс.
ЗАБЛУДИЛИСЬ В ТРАВЕ #shorts
00:25
Просмотров 370 тыс.
МАМА И КОММУНАЛКА
00:59
Просмотров 119 тыс.