JAB ပရိတ်သတ်များ…ခင်ဗျာ။အခု ကျွန်တော်တို့ဖွင့်ပြမဲ့ တီလုံးကို စက္ကန့်အနည်းငယ်လောက် နားထောင်ကြည့်လိုက်ပါ ခင်ဗျာ။ပရိတ်သတ်တို့ဘယ်သူ့ကို သွားမြင်မိလဲ ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ…ဒီကနေ့မှာတော့ ပရိတ်သတ်တွေ တော်တော်များများတောင်းဆိုနေကြတဲ့ ကွန်ဖူးပညာရှင် သရုပ်ဆောင် Jet Li ရဲ့အကြောင်းကို ရှာဖွေမိသမျှ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ Jet Li ရဲ့ဘဝအကြောင်းကို ကျွန်တော်တို့ သွားကြည့်ကြရအောင်။ပရိတ်သတ်များခင်ဗျာ သူ့နာမည်ကတော့ Li Lian Jie ဖြစ်ပါတယ်။1963ခုနှစ် April လ 26 ရက်နေမှာ မွေးဖွားခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။အခုဆိုရင်တော့ သူ့အသက်ဟာ 57 နှစ်တောင်ရှိနေခဲ့ပါပြီ။သူ့အသက်2နှစ်အရွယ်မှာပဲ သူ့ဖခင်ဆုံးပါးသွားခဲ့တာကြောင့်မလို့ ငယ်စဉ်က အလွန်ဆင်ရဲစွာ နေထိုင်ခဲ့ရသူပါ။
26 окт 2024